ဘယ်နှယ့်လုပ်ရပါ့

ဘယ်နှယ့်လုပ်ရပါ့
December 19, 2016 Asian Fame
ဘယ်နှယ့်လုပ်ရပါ့

soe-kyi-phyu

စိုးကြည်ဖြူ

ကျောင်းအုပ်ဆရာကြီး ရုံးခန်း ဆိုတာ ကျောင်းသူ တစ်ယောက် ခဏခဏမသွားကောင်း ဘူး ထင်ပါတယ်ရှင်။ အခုတော့ အပေါင်း အသင်း မကောင်းလို့ ခဏ ခဏ ရောက်ရပါတယ် စာဖတ်သူ။ ကျွန်မက ကျောင်းသူလည်းမဟုတ် ရပေါင်ပါ။ အသက်အရွယ်ကလည်း တစ်ဆယ်   ခြောက်ခါကျော်နေပါပြီ ရှင့်။ ဒါပေမဲ့ ကျွန်မမြေးမလေးနဲ့ အမျိုးတော်မိတဲ့အတွက် သူ့ပြဿနာ ဖြေရှင်းဖို့ မကြာခဏဆိုသလို ရုံးခန်း ကို အလည်ရောက်ရပါတယ် စာဖတ်သူရှင်။ ဒီလိုသာ ရုံးခန်းကို သွားမယ့်သာ သွားရပါတယ်။ မြေး ခေတ်က သူနဲ့မဆိုင်သလိုရှင့်။ ဒီအေ ကြာင်းလည်း တစ်ခွန်းမှ ထည့် မပြောဘူး။ နေမြဲ၊ စားမြဲ၊ သောင်း ကျန်းမြဲပါပဲ။ ကျောင်းက တာဝန်ရှိ သူတွေ လှမ်းပြောမှသာ သိရတဲ့ ဘဝပါရှင်။ ကျောင်းက ဘာကိစ္စလှမ်း ပြောပြော၊ မြေးခေတ်နဲ့ ဘာ အကြောင်းကြားစာ လှမ်းပေးပေး ကျွန်မနဲ့ ဦးစီးမှူးဆီဆို မရောက်ဘူး ရှင့်။ မဆူမယ့်သူရွေးပြီး ဥပမာ- သူ့အမေ၊ သူ့မယ်မယ်တို့ကို လက် သိပ်ထိုးပြီး ပေးတတ်တယ်လေ။ မယ်မယ်က သူ့တူမလေးကို တုန်နေ အောင်ချစ်တာပါ။ ဒါပေမဲ့ အကျိုး သင့်အကြောင်းသင့် ပုံတို ပတ်စလေး တွေ ညအိပ်ရာဝင်ရင် ပြောပြီး ဆုံးမ တတ်တယ်။ ခေတ်   မေမေနဲ့ကတော့ သားအမိနှစ်ယောက် သူငယ်ချင်းလို ပါပဲ။ သားအမိနှစ်ယောက် တအား ချစ်ကြသလို တအားလည်း ရန်ဖြစ်၊ စိတ်ကောက်ကြတယ်။

တစ်နေ့က ကားပေါ်မှာ မြေး ခေတ်က ကျွန်မလက်ခုံက အရေပြား လေးတွေကို ဆွဲပြီးကစားနေတယ်။ ပြီးတော့ ဆောင်းတွင်း လည်းဖြစ် တော့ အရေပြားတွေတွန့်နေတာ သတိထားမိသွားတယ် ထင်ပါရဲ့။ ခေတ်က ကျွန်မကို ဒီလိုမေးပါ တယ်။

“ဘွားဘွားကြီး”

“ပြော သမီး”

“ဘွားဘွားကြီးလက်က ဒီလို ဘာဖြစ်လို့ တွန့်တာလဲ”

“အသက်ကြီးလာလို့ပေါ့ သမီး ရယ်”

“ခေတ်က မဖြစ်ဘူးနော်” သူ့လက်က အရေပြားကိုဆွဲကြည့်ရင်း မေးတယ်။

“ခေတ်က ငယ်သေးလို့လေ”

သူ့လက် အရေခွံလေးကို ဆွဲဆန့်နေရင်း မြေးခေတ် ဆတ်ခနဲ ရှေ့ကထိုင်နေတဲ့ သူ့အမေကို လက် ကိုင်ကြည့်ရင်း မေးတယ်။

“မေမေ..မေမေ့လက် တွန့် နေပြီလားဟင်”

စိုးရိမ်တကြီး သူ့အမေလက် ကလေး ကိုင်ပြီး လှမ်းမေးရှာတယ်။

“မတွန့်သေးပါဘူး သမီးရယ်”

သူ့အမေက အေးဆေးပါပဲ။ သူ့ အမေ လက်ကလေးဆွဲကိုင်ကြည့် ရင်း အရေပြားမတွန့်တာမြင်မှ သက်ပြင်းချရင်း ဒီလိုပြောတယ်ရှင်။

“တော်ပါသေးရဲ့” ကြည့်စမ်း သိတတ်လိုက်တာရှင်။ အော..ကျွန်မကိုကျတော့ စိတ်မပူဘူးပေါ့ နော်။ သြော်..ကျရာနေရာ နေရတဲ့ အဘွားဘဝ၊ ခံစားရပါတယ်နော့ စာဖတ်သူ။

“ဟယ်လို..”

“ဘယ်သူပါလဲကွယ်”

“ခေတ်သခင် ကျောင်းကပါရှင်”

“ဟော..ဘာပြဿနာဖြစ်ပြန် ပြီလဲ ဆရာမရေ..”

“ခေတ်ခေတ်ရယ်လေ အတန်း ထဲက ကျောင်းသားလေးတစ်ယောက် ကို ကုတ်ဆွဲလိုက်လို့ပါ”

“မြတ်စွာဘုရား”

“အဲဒါ ပါးမှာ နည်းနည်း နက် သွားလို့ပါ အဘွားရေ”

“အဲဒါမှ ဒုက္ခ။ တစ်ဖက် ကလေးမိဘတွေသိရင် အားနာစရာ ကွယ်”

“သူတို့ကလည်း သဘော ကောင်းကြပါတယ် အဘွား။ နောက် ထပ်ကုတ်မှာသာ စိုးရိမ်နေကြတာပါ”

“အဘွား ဘာလုပ်ပေးရမလဲ တီချယ်”

“မနက်ဖြန် ဆယ့်တစ်နာရီ လောက် ကျောင်းအုပ်ကြီးရုံးခန်းထဲ လာပေးနိုင်မလားရှင်”

“လာမယ်လေ..လာရမှာပေါ့ ကွယ်”

“ကျေးဇူးပါရှင့်”

သြော်..ခေတ်သခင်၊ ငါ့မြေး ငါးမြွေထိုးမလေး မွှေသလားမမေး နဲ့တော့ စာဖတ်သူရှင်။ မနက်ဖြန် ဘယ်လိုရင်ဆိုင်ရပါ့မလဲ။ ဟယ် .. ရောက်ရာပေါ့လေ။ တစ်ဖက်ကလေး ကိုလည်း ကျေနပ်အောင် ချော့ရပေ မပေါ့ကွယ်။

‘ ‘ ‘
နောက်တစ်နေ့ ကျောင်းအုပ် ကြီး ရုံးခန်းကို ကျွန်မရောက်သွားပါ တယ်။ ပိန်ပိန်ပါးပါး၊ မျက်နှာတည် တည် နေတတ်တဲ့ ကျောင်းအုပ်ကြီး က ခေတ်သခင်ကျေးဇူးကြောင့် ရုံးခန်းကို မကြာခဏရောက်ရလို့ မျက်မှန်းတန်းမိနေပါပြီ။ အသင့်ထိုင် နေကြတဲ့ ဆရာမလေးနှစ်ယောက် ကို သာ သိပ်မမှတ်မိချင်တာပါ။ တစ်နှစ် တစ်ခါ သင်တဲ့ အတန်းပိုင်ဆရာမနဲ့ အကူလက်ထောက်ဆရာမပေါ့ရှင်။

“ဆရာရေ မြေးခေတ်ဘာတွေ ဖြစ်ပြန်ပြီလဲ ဆရာ”

“ဟုတ်ကဲ့.. ခေတ်သခင်က တခြားကျောင်းသားလေးကို ကုတ်ဆွဲ တာ အတော်လေးနက်သွားတော့ သူ့ မိဘက နောက်ထပ် မကုတ်အောင် လာပြောပါတယ်။ သူတို့ကလည်း သဘောကောင်းပါတယ်။ နောက် တစ်ခါ ထပ်မဖြစ်စေချင်တာကြောင့် သာ မနေ့က
ကျောင်းမှာလာပြော သွားပါတယ်”

“ဟုတ်ကဲ့”

“ခေတ်က မေးတယ်တဲ့။ အဲဒီ ကလေးကိုလေ”

“ဟုတ်ကဲ့”

“What is my mother name”

ဟိုဘက်ကလေးတွေကလည်း ခေတ်ရဲ့အမေနာမည်ပဲ မေးတယ် ထင်ကြတာပါ။ အမှန်က ခေတ်က စကားပြောချင်ဇောနဲ့ Your နဲ့ My  ကို မှားပြောလိုက်တာပါ။ ဟို ကျောင်းသားလေးကလည်း မြေး ခေတ် မေမေနာမည်ကို မသိကြဘူး။ သူတို့သိတာက သမီးကြီးနဲ့ သမီး ငယ်နာမည်ပဲ သိကြတာ။ ဒီတော့ သမီးနှစ်ယောက်နာမည်ကို အော် ပြောလိုက်တာပေါ့။ ခေတ်က သူ့ အမျိုးတွေကို ကျောင်း မှာလာပြောရ င် ရှက်တတ်သေးတာ။ အခုလည်း တစ်ဖက်ကျောင်းသားလေးကို စပ်စု ချင်ဇောနဲ့ စကားမှားမေးတာ လွဲ ရော။ ဒီတော့ ရှက်ရှက်နဲ့ သူမှား မှန်း မသိဘဲ ဆွဲကုတ်တာပါ။ နောက်မှ မှားမှန်းသိတော့ လွန်သွားပြီ။

ကျွန်မသိသမျှကို ကျောင်းအုပ် ကြီးကို ရှင်းပြရပါတယ်။ မှားမေးပြီး  လွဲတော့ ကုတ်ပြီးမှ သူမှားမှန်းပြန်သိ တဲ့ မြေးမကို စိတ်တိုလိုက် တာ။ တစ်ဖက်မိဘတွေကိုလည်း ခွင့်လွှတ် ပေးဖို့နဲ့ နောက်ထပ်မဖြစ်ဖို့ ကျွန်မ မှာ အာမခံရပါသေးတယ်။ တစ်ဖက် ကလေးရဲ့ ဗလက လည်း ခေတ်ဗလ ရဲ့ တစ်ဝက်ပဲရှိတာပါ။ ဘွားဘွား ကတော့ ခေတ်အတွက် ရုံးခန်း ရောက်ရတာ ရိုးဟိုးဟိုးနေပါပြီ စာဖတ်သူရှင်။

သူက သူ့အစ်ကို ဟောက်စ်ပွိုင့် ရရင်လည်း အားကျတယ်။ သူ့ ဘာသာသူကလည်း မရနိုင်ရှာဘူး။ စာကြိုးစားရမှန်း မသိသေးတာလေ။ တစ်ရက်မှာ အိမ်ကလူတွေ ခေတ် ဟောက်စ်ပွိုင့်ရတယ်ဆိုပြီး ပွစိပွစိ ပြောသံကြားတယ်။ သူက လာမပြဘူး ရှင့်။ ခပ်တည်တည်နဲ့   ချေနေတာ လေ။ ကျွန်မကြားတော့ မနေနိုင်ဘူး။ မြေးခေတ်ဆီ ပြေးမေးရတယ်။ မြေးမက ခပ်တည်တည်ပဲ။ မျက်နှာ တည်တည်နဲ့ မဖြေချင်ဖြေချင် အိုက်တင်နဲ့ မေးငေါ့ပြီး လွယ်အိတ် ကို ပြတယ်။

“အဲဒီထဲမှာ”

“အိုကေ..အိုကေ”

ကြည့်လိုက်တော့ မောင့် ကျောင်းက စာရွက်မျိုးမဟုတ်ဘဲ လက်နှစ်လုံးလောက် စာရွက်လေး မှာ ‘Clever’ ဆိုတာကို အမှန်ခြစ် ထား တယ်။ ဟောက်စ်ပွိုင့်တော့  ဟောက်စ်ပွိုင့်ပါပဲ။ မှတ်ချက်က လိမ္မာတယ်ဆိုပဲ။ ကျွန်မလည်း မအီမလည်နဲ့ သူ့ကိုချီးမွမ်းရတယ်။

“ငါ့မြေးမလေး ဟောက်စ်ပွိုင့် တောင် ရပြီဟေ့။ ကိုကိုကြီးလိုပဲ နော်။ နောက်တစ်ခါ စာကြိုးစား တယ် ဆိုတဲ့ ဟောက်စ်ပွိုင့်လေး လည်း လိုချင်တယ်သမီးရယ် နော်”

ဒီတော့မှ မြေးခေတ်ကျေနပ် သွားတာ။ လူလေးကသာ ဘာမှ မဟုတ်တာ။ မာနက ခပ်ကြီးကြီး။ ရယ်ချင်စရာရှင်။

‘ ‘ ‘

စွန့်ပစ်ပစ္စည်းလေးတွေ အသုံး ချတတ်အောင်၊ ပန်းချီခြယ်တာ၊ ပန်းချီဆွဲတာကို သမီးငယ်ကFacebook မှာ ကြော်ငြာတွေ့တော့ မေမေ အပ်ပေးပါတဲ့။ ဖင်ပေါ့တဲ့ အမေကလည်းFacebook က ကျွန်မမိတ်ဆွေရဲ့ သမီးလေးနဲ့ Friend  ဖြစ်နေတာဆိုတော့ အမြန် အပ်လိုက်ပါ တယ်။ မြတ်သောမောင် သင်တန်းတက်တော့ ခေတ်သခင် လေးလည်း ပါရတာပေါ့လေ။

သင်တန်းနေ့ကျတော့ ကျွန်မ လိုက်ပို့တယ်။ အိမ်လည်းမဝေးတော့ အဆင်ပြေပါတယ်။ ကျွန်မမိတ်ဆွေ လေးကလည်း အချိန်တိုအတွင်း မှာ Friend ဖြစ်ပေမယ့် ခင်မင်ဖို့ သိပ် ကောင်းတယ်။ ကျွန်မလိုပဲ ဟာသ ဥာဏ်ရွှင်တော့ ပေါင်းမိတယ်ပေါ့ ရှင်။ ဒါနဲ့ပဲ ကလေးနှစ်ေ ယာက်ကို သူတို့ခြံထဲထားခဲ့ပြီး ပြန်လာခဲ့ပါ တယ်။ နေ့ခင်း နှစ်နာရီခွဲမှ ပြန်ကြို ရမှာဆိုတော့ အေးဆေးပဲ။ အိမ်မှာ တိတ်ဆိတ်လို့လေ။

 နေ့ခင်း နှစ်နာရီခွဲတော့ ကလေးနှစ်ယောက်ကို ကျွန်မကိုယ် တိုင်သွားကြိုပါတယ်။ သူတို့ကို ကြည့် လိုက်တာနဲ့ သိလိုက်ပါတယ်။ ကလေးတွေ တအားပျော်တယ် ဆို တာကိုလေ။ ရှေ့အင်္ကျီတွေဆေး မပေအောင် ဝတ်စုံလေးတွေဝတ်လို့ ကလေးငါးယောက်လောက် ရှိတယ်။ လူတော့မစုံသေးဘူးတဲ့။ ရောက်တာ နဲ့ ကျွန်မရဲ့ တီချယ်သူငယ်ချင်းက ရယ်မောစရာအဖြစ် ပြောပြပါတယ်။

   “သမီးရေ..အန်တီ့ကလေး တွေက တအားစပ်စုတယ်နော်။ လိမ္မာကြရဲ့လားကွယ်”

 “လိမ္မာပါတယ် အန်တီ”

 ဟုတ်မှဟုတ်ပါ့မလား မြေးတွေ ရေ..။

   “မြတ်သောမောင်လေးက သမီး ခင်ပွန်းကိုတွေ့တော့ မေး တယ်။ အဖေလားတဲ့”

   ကဲ..စပ်စုလေးတွေ အသံ ကြားရပြီ။ ကျွန်မလေ မျက်နှာတွေ ပူလိုက်တာမှ အရမ်းပါပဲ။ သူငယ် ချင်း တီချယ်လေးနဲ့ သူ့ခင်ပွန်းက အသက်တော့ ကွာပုံရပါတယ်။ အမေရိကန်လူမျိုးဆိုတော့ ဖြူဖြူ ဖွေးဖွေး ထောင်ထောင်မောင်းမောင်း ကြီးပါ။မြန်မာပြည်မှာ

I nternational   School   တစ်ခုမှာ ကျောင်းအုပ်ကြီး ထင်ပါတယ်။ မြေး နှစ်ယောက်ကိုမြင် တော့ ချစ်လို့ လာနှုတ်ဆက်တာကို ဒီလိုမေး ချလိုက်တာလေ။ ဒါတောင် မြေးမောင်က ခေတ်လောက် မစပ်စု သေးပါဘူး။

“ခေတ်ကလည်း မေးတယ် အန်တီ”

“ဘုရား..ဘုရား..ဘာမေး လဲ သမီး”

“သမီးခင်ပွန်းကိုကြည့်ပြီး မေး တယ်”

“ဘာ..ဘာတဲ့လဲသမီးရယ်။ ရင်တုန်လိုက်တာ”

“အမေရိကန်နဲ့ မြန်မာ ယူလို့ ရလို့လားတဲ့”

“အောင်မလေးတော့… သမီးရေ အားနာတယ်။ အားနာ လိုက်တာသမီးရယ်။ ဒီစပ်စုလေး တွေအတွက် အားနာလွန်းလို့ပါ”

အားနာစကားသာ သူငယ်ချင်း တီချယ်ကို တွင်တွင်ပြောပြီး မြေး နှစ် ယောက်ကို ကားပေါ်တင်ပြီး ပြန် လာရတယ်။ ကားပေါ်မှာတော့ သူတို့ ကိုဆူရတယ်။

“နောက်တစ်ပတ် ဘွားဘွား စောင့်ကြည့်မယ်နော်။ နောက်တစ် ပတ် ဒီလိုပဲ စကားတွေများ၊ စပ်စု ဦးမယ်ဆိုရင်တော့ ဘွားဘွား သင် တန်းမလွှတ်တော့ဘူး ကြားလား”

“ဟုတ်ကဲ့”

ဘယ့်နှယ်ဟာလေးတွေမှန်း မသိပါဘူး စာဖတ်သူရှင်။

 စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*