လွမ်းဖွယ့်တက္ကသိုလ်မြေ အထင်ကရ အတိတ်ပုံရိပ်

လွမ်းဖွယ့်တက္ကသိုလ်မြေ အထင်ကရ အတိတ်ပုံရိပ်
December 12, 2016 Asian Fame
လွမ်းဖွယ့်တက္ကသိုလ်မြေ အထင်ကရ အတိတ်ပုံရိပ်

ဘဝအနာဂတ်အတွက်အရေးပါလှတဲ့ ပညာရေးရည်မှန်းချက်ပန်းတိုင်ရှိရာ ဘူမိနက်သန် ပရဝဏ်ဖြစ်ကာ အရောင်အသွေးစုံစွာ အနာဂတ်ပန်းကလေး များ ဖူးပွင့်ဝေဆာရာ ပညာဗိမာန်ကတော့ တက္ကသိုလ်မြေ ပညာရိပ်မြုံပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားကျောင်းသူဘဝနဲ့ အတန်းပညာ ပြီးဆုံး အောင် ပညာသင်ကြားကာ ဘွဲ့ရပညာတတ်ဖြစ်သည်အထိ ဖြတ်သန်းရိပ်ခိုခဲ့ရတဲ့ တက္ကသိုလ် မြေနေ့ရက်များဟာ စွန့်ခွာခဲ့ရသူတို့ အတွက် ပြန်ပြောင်းလွမ်း မောဖွယ်အကောင်းဆုံးနေ့ရက်များပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးဆုံးခန်းတိုင်ထိသင်ယူခဲ့ပြီး တက္ကသိုလ်မြေမှာ ကျောင်းသား ကျောင်းသူဘဝနဲ့ ကိုယ်တွေ့ဖြတ်သန်းခဲ့သမျှ အမှတ်တရအကြောင်းတွေပြောပြတဲ့ အနုပညာရှင်တို့ရဲ့ အလွမ်းမပြေအတိတ်ပုံရိပ်နဲ့ တက္ကသိုလ်မြေရင်ခုန်သံစကားတွေစုစည်း ဖော်ပြလိုက်ပါတယ်။

shwepe

ရွှေပိုးအိမ်

ညီမက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာအဝေးသင် မြန်မာစာနဲ့ကျောင်းပြီးထားတယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ကျောင်းတက်တယ်။ ကန်တင်းသွားတယ်။ ဒီလို ပျော်စရာ အမှတ်တရတွေ အများကြီး ရှိခဲ့တယ်။ ညီမ အစ်မက ကျန်းမာရေး ကြောင့် တက္ကသိုလ် ဒုတိယနှစ်နားထားတယ်။ ညီမနဲ့ အတူတူ အဖော်ရတယ်ဆို ပြီးပြန်တက်တယ်။ အခုချိန်မှာ ကိုယ်တက် ခဲ့ရတဲ့ တက္ကသိုလ် ကျောင်းကြီးကိုလည်း တအား လွမ်းတယ်။ သူငယ်ချင်း တွေနဲ့ အမှတ်တရ ဖြစ်ခဲ့တာကိုလည်း ပြန်တမ်းတမိတယ်။

nan-khin-zay-yar

နန်းခင်ဇေယျာ

နန်းခင်က တောင်ကြီးတက္ကသိုလ်မှာ တက်ခဲ့တာပါ။ အမှတ်တရကတော့ အများကြီးမရှိခဲ့ပါဘူး။ နန်းခင်က အဝေးသင်တက်ခဲ့တာ။ နန်းခင်တို့ဆိုရင် တစ်နှစ်လုံးမှာ တစ်လပဲတက်ခဲ့ရတာ။ ဒါပေမဲ့ ကျောင်းတက် ရတော့မယ်ဆိုရင် ပျော်နေတာ။ သူငယ်ချင်း အသစ် ရမယ်ဆိုပြီး ပျော်ခဲ့တာ၊ အခု ကျောင်းပြီးသွားတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့လည်း ဝေးကွာ ခဲ့ရတယ်။တက္ကသိုလ် ကျောင်းသား ဘဝဆိုတာ အခုအချိန်မှာ ပြန်မရနိုင်တော့ဘူး။ တကယ်ကို တန်ဖိုးမဖြတ်နိုင်ပါဘူး။ တက္ကသိုလ် ကျောင်းသားဘဝက ဟန်ဆောင်မှုကင်းကြတယ်။ အပြစ်ကင်းကြတဲ့ ဘဝလို့ ပြော ရင်ရနိုင်ပါတယ်။ တက္ကသိုလ် ကျောင်းသားဘဝက သူငယ်ချင်းတွေကိုလည်း အခုချိန် ထိသတိရဆဲပါလို့ ပြောချင်ပါတယ်။

wine-lay

ဝိုင်းလေး

ညီမက နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ပြင်သစ်ဘာသာတက်ခဲ့တာပါ။ တက္ကသိုလ်တက်တုန်းအမှတ်တရက First Year တက်တုန်းက သူငယ်ချင်းတွေနဲ့ လျှောက်သွားတယ်။ Second Year ကျတော့ ညီမ အိပ်မက်ဆုံရာပြိုင်တော့ အပျော်အပါးမရှိတော့ဘူး။ ကျောင်းစာတစ်ဖက်နဲ့ ပြိုင်ပွဲနဲ့ဆိုတော့ မပျော်ခဲ့ရဘူး။ ကျောင်းတက်တုန်းကတော့ သူငယ်ချင်း (၇) ယောက်ရှိခဲ့တယ်။ မုန့်စားရင် တစ်ယောက်တစ်ပွဲ မစားဘူး။ ဒီအချိန်မှာ တက္ကသိုလ်ဘဝ ပြန်တွေးရင်တော့ အရင်တုန်းက အမှတ်တရတွေ ပြန်ပြောဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝက တအားပျော်ဖို့ ကောင်းပါတယ်။ အခုအချိန်မှာ တက္ကသိုလ်ကို ပြန်တက်ချင်ရင်တောင် ပြန်တက်လို့ မရတော့ဘူးပေါ့။ ရင်ထဲမှာ အမြဲတမ်းရှိတယ်။ ကျောင်းကဆရာမတွေကိုလည်း ဘယ်တော့မှမမေ့ဘူး။ UFL မှာလုပ်တဲ့ပွဲတွေမှာ ဆိုလည်း အမြဲတမ်းပါဝင်ဖြစ်တယ်။

mayphyu

မေဖြူဖြူ

ညီမက UFL မှာ တက္ကသိုလ်တက်ခဲ့ပါတယ်။ ဒုတိယဘွဲ့ကတော့ စင်ကာပူမှာသွားတက်ခဲ့တယ်။ UFL မှာ တက္ကသိုလ်တက်တုန်းက အမှတ်တရဆိုရင် ညီမတို့ကျောင်းက စည်းကမ်းတအားကြီးတယ်။ ဆံပင်အရောင်လည်း မဆိုးရဘူး၊ ကျောင်းဝင်းထဲဝင်ပြီးသွားရင် ပြန်ထွက်လို့မရဘူး။ ညီမကတော့ စည်းကမ်းရှိတဲ့ အတွက် တအားသဘောကျတယ်။ အဲဒီအကျိုးကျေးဇူးတွေကြောင့် ညီမတို့အတွက် အများကြီးအထောက်အကူပြုတယ်။ ကျောင်းမှာဆိုရင် ကိုယ့်မေဂျာအလိုက် မုန့်တွေ လုပ်စားကြတယ်။ ကန်တင်းထိုင်ရင်လည်း ၁ဝ မိနစ်ပဲ ထိုင်လို့ရတယ်။ အဲဒီ ၁ဝ မိနစ်အတွင်းမှာ သူငယ်ချင်းတွေနဲ့ မုန့်အမြန်စားခဲ့ကြတယ်။ အခုအချိန်မှာ တက္ကသိုလ် ကျောင်းသားဘဝကို တအားလွမ်း တယ်။ အခုဆိုပိုတောင်တက်ချင်သေးတယ်။ ကျောင်းကိုတော့ ပြန်သွားချင်တယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့လည်း အရင်လိုကျောင်းမှာ မုန့်တွေတူတူစားချင်တယ်။ တက္ကသိုလ်ကျောင်းသားဘဝလေးက တအားပျော်ရွှင်စရာကောင်းပါတယ်။

ပေါ်ပြူလာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*