တရုတ်ပြည်Let’s go ခရီးစဉ်မှာ မပါဝင်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း

တရုတ်ပြည်Let’s go ခရီးစဉ်မှာ မပါဝင်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း
December 12, 2016 Asian Fame
တရုတ်ပြည်Let’s go ခရီးစဉ်မှာ မပါဝင်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း

nan-myat-1-copy

 Let’s go အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက ဒီတစ်ခေါက် တရုတ်ပြည်ကို သွားမယ့် Let’s go ခရီးစဉ်မှာတော့ ရိုက်ကူးရေးတွေနဲ့ တိုက်နေတာကြောင့် မပါဝင်ဖြစ်ခဲ့ဘူး လို့ သိရပါတယ်။ “အစက စီစဉ်ထား တဲ့ရက်နဲ့ အခုက နည်းနည်းလေး နောက်ရွှေ့သွားတယ်။

ဒါကြောင့် ဒီဘက်မှာလည်း ရိုက်ကူးရေးက လက်ခံပြီးသားဖြစ်နေတော့ မလိုက်ဖြစ်တာ။ ရက်အပြည့်မဟုတ်ပေမယ့် တစ်ဝက်လောက် ထပ်သွားတော့ ပရိသတ်လည်း ပါလိုက် ပျောက်လိုက်နဲ့ဆို မကောင်းဘူး။ ဒါကြောင့်မလိုက် ဖြစ်တာ” လို့ ပြောတဲ့ နန်းမြတ်ဖြိုး သင်းက ဒီမှာတော့ ‘အိမ်ကြက်’ဆိုတဲ့ ရုပ် ရှင်ဇာတ်ကားကြီးကို ထွန်းထွန်း၊ ညီ ထွဋ် ခေါင်၊ ဆုမြတ်နိုးဦးတို့နဲ့အတူ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက လတ်တလောအောင် မြင်နေတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ‘ရွှေမိုးငွေမိုးသွန်းဖြိုး လို့ရွာ’ဇာတ်ကားက သရုပ်ဆောင်တွေပဲဖြစ်ပြီး ဒီဇာတ်လမ်းက လည်း ရွှေမိုးငွေမိုးရိုက်ရင်းနဲ့ ထပ်မံရိုက်ကူးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ဒါက ရွှေမိုးငွေမိုးရဲ့ အဆက်တော့မဟုတ်ဘူး။ ဒီကားလေးရိုက်ကူး ရင်းနဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးပါ ဆက်တည်ဖြစ်တာပေါ့။ ရွှေမိုးငွေ မိုး အဆက်ကို တော့ မရိုက်ဖြစ်ဖို့ များမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှင့်တဲ့အချိန်နဲ့ တအားဟသွားမှာစိုးလို့ မရိုက်ဖြစ်တော့ဘူး” လို့ နန်းမြတ်ဖြိုးသင်းက ပြောပါ တယ်။ ဒီဘက်နှစ်ပိုင်းအတွင်းမှာတော့ နန်းမြတ်ဖြိုးသင်းကို ဇာတ်လမ်းတွဲ အတော်များများမှာ တွေ့လာ ရပါတယ်။ ဒီလိုဇာတ်လမ်းတွဲတွေ များ စွာရိုက်ကူးလာရတဲ့အပေါ်မှာလည်း နန်းမြတ်ဖြိုးသင်းက..

“နန်းမြတ်ပျော်ပါတယ်။ ရိုက်ကူးတဲ့အခါမှာလည်း မိသားစုလို ခင်မင်ရတဲ့သူတွေနဲ့လည်း ရိုက်ခွင့်ရတာများတယ်။ အဲဒီလိုဆိုတော့ သိပ် ပြီး စိတ်ကျဉ်းကျပ်တာတွေ အခက်အခဲဖြစ်တာတွေမရှိဘဲနဲ့ အားလုံးပျော်ပျော်ပါးပါးနဲ့ ရိုက်ကူးရတဲ့အတွက် ဇာတ်ကားလည်း ရလဒ်ပိုေ ကာင်းတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*