အကယ်ဒမီ ရွှေကြယ်ကို အလိုတော်ပြည့် ဘုရားထီးတော်အတွက် လှူဒါန်းတဲ့ နေတိုး

အကယ်ဒမီ ရွှေကြယ်ကို အလိုတော်ပြည့် ဘုရားထီးတော်အတွက် လှူဒါန်းတဲ့ နေတိုး
November 28, 2016 Asian Fame
အကယ်ဒမီ ရွှေကြယ်ကို အလိုတော်ပြည့် ဘုရားထီးတော်အတွက် လှူဒါန်းတဲ့ နေတိုး

dsc_5449-copy

အကယ်ဒမီနေတိုးက ‘မိုးည အိပ်မက်မြူ’ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး ရရှိခဲ့တဲ့ အကယ်ဒမီ ရွှေကြယ်၂ကျပ်သားကို ပုဂံအလိုတော်ပြည့် ဘုရားထီး တော်အတွက် နိုဝင်ဘာလ၂၆ရက်နေ့က လှူဒါန်းခဲ့ပါတယ်။ အကယ်ဒမီ ရွှေကြယ်ကို လှူဒါန်းဖြစ်ပုံကိုတော့ နေတိုးက..

dsc_5359-copy

   “အလိုတော်ပြည့်ဘုရား ရွှေထီးတော်တင်လှူပွဲမှာ အလှူပါဝင်လှူဒါန်း ချင်တဲ့အတွက် လှူဖြစ်သွားတာပါ။ လှူတာကတော့ ပထမဦးဆုံး ကျွန်တော့် အကယ်ဒမီအရုပ်က ရွှေကြယ်၂ကျပ်သားကို မှတ်မှတ်ရရ နဲ့ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း အကုန်လုံး ကုသိုလ်ရအောင်ဆိုပြီး လှူဒါန်းဖြစ်တာပါ။ ဒီလိုမျိုးလှူခွင့်ကြုံတဲ့ အချိန်အခါမှာ လှူလို့ရတာပါ။ ဒုတိ ယအကယ်ဒမီကိုတော့ ရွှေတိဂုံဘုရားမှာ လှူဒါန်းခဲ့တယ်။ အခုလိုမျိုး နှစ်ဆု စလုံးကို ဘုရားရွှေထီးတော်တင်တဲ့အချိန်မှာ လှူဒါန်းဖြစ်တယ်ဆိုတော့ ရင် ထဲမှာ ပီတိဖြစ်ရပါတယ်” လို့ ပြောပါတယ်။ နေတိုးက လတ်တလောမှာ ဒါရိုက် တာအောင်ဇော်လင်းနဲ့ ဗီဒီယိုဇာတ်ကားရိုက်ကူးမှာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ ပြင် ဦးလွင်မှာ ဇာတ်ကားတွေ သွားရောက်ရိုက်ကူးမှာဖြစ်ကြောင်း သိရပါ တယ်။ မြန်မာဇာတ်ကားတွေကို ပရိသတ်တွေဝေဖန်ခဲ့ကြပြီး မြန်မာ ဇာတ် ကားတွေကို အားမလိုအားမရဖြစ် ကြပါတယ်။ ဒါကြောင့် အခုနောက် ပိုင်းမှာ ပရိသတ်ရဲ့အကြိုက်နဲ့ထပ်တူကျနိုင်မယ့် ဇာတ်ကားေ တွရိုက်ကူးထားကြောင်း ကို နေတိုးက..

“အခုနောက်ပိုင်းထွက်လာမယ့် ရုပ်ရှင်ဇာတ်ကားတွေက ပရိသတ်တွေ လိုချင်နေတဲ့ ရသတွေလည်းပါသလို ပရိသတ်တွေ မမျှော်လင့် ထားတဲ့ တချို့ တအားကောင်းတဲ့ ဇာတ်ကားတွေလည်း အများကြီးတွေ့ရတယ်။ ဒါကြောင့် ပရိသတ်တွေကိုပြောချင်တာက   နောင်ရုံေ ပ်ါရောက်လာမယ့် ဇာတ်ကားတွေ က ပရိသတ်ရဲ့အကြိုက်နဲ့ တစ်ထပ်တည်းဖြစ်နိုင်တဲ့ ဇာတ်ကားတွေဖြစ်ဖို့ များတယ်ဆိုတာကို တစ်ခါ တည်း အသိပေးချင်ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*