သက်ငယ်မုဒိမ်းများပပျောက်အောင် ပြည်သူတွေကို အသိပညာပေး လှုံ့ဆော်သွားမယ့် မြန်မာ့ဇာတ်သဘင်

သက်ငယ်မုဒိမ်းများပပျောက်အောင် ပြည်သူတွေကို အသိပညာပေး လှုံ့ဆော်သွားမယ့် မြန်မာ့ဇာတ်သဘင်
November 28, 2016 Asian Fame

han-zar

အခုနှစ်ပိုင်းတွင်အဖြစ်များလာတဲ့ သက်ငယ်မုဒိမ်း ဖြစ်ရပ်များအပေါ် ပြည်သူတွေ အားလုံးက စိုးရိမ်တကြီးဖြစ်နေကြရပါတယ်။ ပြည်သူတွေထဲက ပြည်သူတွေပဲဖြစ် ကြတဲ့ အနုပညာရှင်များကလည်း သက်ငယ်မုဒိမ်းတွေနဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချမှုများကိုလည်း လူမှုကွန်ရက်ဖြစ် တဲ့သူတို့ရဲ့ဖေ့စ် ဘုတ်တွေမှာ ရေးသားနေကြလျက်ရှိ သလိုEvent တွေမှာလည်း ပါဝင် လုပ်ဆောင်ပေး ကြမယ့်အနုပညာ ရှင်တွေလည်းရှိပါတယ်။ ဒီလိုပဲ မြန်မာ့ဇာတ်သဘင်ကို နိုင်ငံအနှံ့ လှည့်လည်ကပြနေကြတဲ့ ဇာတ်အဖွဲ့ တွေကလည်း ဒီဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားရလေအောင် စင်ပေါ်ကနေ လှုံ့ဆော်ပြောဆိုပေးသွားဖို့လည်း အစီစဉ်တွေဆွဲနေကြပါပြီ။ ပီ။

‘ အစ်မတို့အနေနဲ့ကန့်ကွက်ပါတယ်။ သက်ငယ်မုဒိမ်းဆိုတာ မဖြစ်သင့်ပါဘူး။ အခုဟာက ပိုဆိုးတာက မိဘကသားသမီးကို၊ အဖေကသမီး ကို၊ အစ်ကိုကညီမကို၊ ဦးလေးက တူမကို၊ အပြင်ကသူစိမ်းတွေက ဆို တော့ ဘယ်လိုမှမခံစားနိုင်ဘူး။ ကလေးတွေကလည်း အသက်တွေကကြည့်လိုက်ရင် ပထမတန်းအရွယ် တွေလောက်ပဲရှိသေးတယ်။ လူလူချင်းကိုယ်ချင်းစာတဲ့ လူတိုင်းဒါကို လက်ခံမှာမဟုတ်ဘူး။ ဒီအကြောင်းအရာတွေမဖြစ်ပွားရအောင်လည်း အစ်မတို့အနေနဲ့ စကားနဲ့ပိုပြော ပေးမယ်။ သက်ငယ်မုဒိမ်းမှုကိုကာ ကွယ်ဖို့ပေါ့လေ။ မဖြစ်သင့်ဘူးဆို တာမျိုးတွေကိုလည်းပြောပြမယ်။ အစ်မတို့အနေနဲ့ ပညာပေးတွေလည်း အများကြီးလုပ်ရမယ်။ မိဘ တွေအနေနဲ့ကလည်း သမီးကလေး မွေးထားရင် လွှတ်ထားလို့မရဘူး။ အစ်မဆိုရင် ကိုယ့်ညီမလေးတွေရှိ တယ်။ ကလေးတွေလည်းရှိတဲ့ အတွက်ကြောင့် ပိုလို့တောင်မှ စိတ်မချဘူး။ စိုးရိမ်တယ်’ လို့ စံပြသဘင် မှတင်ဇာမိုးဝင်းက ပြောပါတယ်။

ဇာတ်သဘင်ဟာ ပြည်သူတွေ နဲ့တိုက်ရိုက်ထိတွေ့မှု အများဆုံးဖြစ် တဲ့ အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ ပြည်သူတွေကို အသိပညာပိုင်း နဲ့ပတ်သက်လို့ လှုံ့ဆော်မှုကိုအနီး စပ်ဆုံးပေးစွမ်းနိုင်ပါတယ်။ ခေတ် အဆက်ဆက်မှာလည်း တိုင်းပြုပြည် ပြု အကျိုးပြုအော်ပရာများ၊ ပြဇာတ် များကို ဇာတ်အဖွဲ့များက အသီးသီး ကပြတင်ဆက်ခဲ့ကြပါတယ်။ ဒီ့အတွက်သဘင်ဟာ တိုင်းပြည် အတွက် တစ်တပ်တစ်အားလုပ် ဆောင်ပေးခဲ့ရာမှာ ပါဝင်ခဲ့တဲ့ အနု ပညာတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလိုသက်ငယ် မုဒိမ်းဖြစ်ရပ်တွေပပျောက်ရေး အပေါ်မှာလည်း ဇာတ်အဖွဲ့တွေ့အနေနဲ့ တစ်တပ်တစ်အားပါဝင် လုပ်ဆောင်ပေးသွားဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေကြပါတယ်။

“ပညာပေးအနေနဲ့ဇာတ်လမ်း လေးသဘောမျိုးနဲ့ကပြီးတော့ ပြောပြ သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ပြီးတော့ မြန်မာသံဆိုရင်လည်း ဒီအကြောင်းအရာတွေကို ထည့်ထည့် ပြီးတော့ ပြောပေးဖို့အစီစဉ်ရှိပါတယ်။ သက်ငယ်မုဒိမ်းနဲ့ပတ်သက်လို့ ဇာတ် လမ်းတိုလေးတစ်ခုလုပ်ဖို့လည်းကျွန်တော်စီစဉ်ထားပါတယ်။ အခုခေတ်က ပွင့်လင်းမြင်သာလာတယ်။

အခုခေတ်မှာငယ်ငယ်လေး တွေကလည်း ဖုန်းတွေကိုင်ပြီးတော့ ဖေ့စ် ဘုတ်တွေကို သုံးတတ်လာကြတယ်။ ဖေ့စ်ဘုတ်ကလည်း တစ်ဖက် ကလည်းကောင်းသလို၊ တစ်ဖက်က လည်း ဆိုးရွားစေနိုင်တယ်။ မိန်း ကလေးတွေ ဖေ့စ်ဘုတ်သုံးတဲ့အခါ သူတို့အတွက်အန္တရာယ်များစေ တယ်။ အင်တာနက်ကနေ ချက်ပြီး တော့ အပြင်ချိန်းတွေ့ကြတယ်။ ချိန်းတွေ့ကြတော့ မဖြစ်သင့်တာ တွေဖြစ်ကုန်ကြတယ်။ ပြီးတော့ ကလေးတစ် ယောက်ကိုမိဘတွေကို အုပ်ထိန်းတဲ့နေရာမှာ စည်းကမ်းတကျလေးဖြစ်စေချင်တယ်။ အုပ်ထိန်းမှုလိုအပ်လို့ ကလေးငယ် တစ်ယောက်ကို Rape လုပ်လို့ရတာလေ။ လွတ်လပ်မှုကတော့ ပေးသင့်သလောက်တော့ပေးရမှာပါ။ ချုပ်ချယ်ထားလို့လည်း မရပါဘူး။ ဒါပေမဲ့ လွတ်လပ်သင့်သလောက် လွတ်လပ်ခွင့်ပေး၊ ထိန်းချုပ်သင့် သလောက်လည်း ထိန်းချုပ်ပေးရ မယ်။အတိုင်းအတာတစ်ခုထက် ပိုပြီး လွတ်လပ်မှုပေးထားရင် အဲဒါမျိုး တွေအများကြီးဖြစ်လာနိုင်ပါတယ်။ မိန်းကလေးမွေးထားတဲ့ မိဘတွေ အနေနဲ့ ကလေးတွေကို တစ်ယောက် တည်းလွှတ်တာတို့ ဘာတို့ကိုဆင်ခြင် ပေးဖို့ပေါ့။ အခု လေးနှစ်ကလေး အရွယ်လေးတွေဖြစ်တယ်။ ဘာကြောင့်ဖြစ်လဲ ကလေးမိဘ တွေက အိမ်မှာထိန်း ထိန်းကွပ်ကွပ် မရှိလို့သာလျှင် အဖြစ်ခံရတာ။ အိမ်မှာ အတူမနေလို့ ဒါမှ မဟုတ်ရင်သွားတဲ့ လာတဲ့နေရာတွေမှာ ကလေးကို တစ်ယောက်တည်း လွှတ်ထားတာတို့ကမိဘတွေရဲ့ပေါ့ လျော့မှုတွေကြောင့်ပါပဲ။ သမီးမိန်းကလေး မွေးထားရင်ထိထိ ရောက်ရောက် ကွပ်ကဲပြီးတော့ သူတို့ရဲ့ဘဝရှေ့ရေးအတွက် စီမံပေးကြပါလို့ ပြောချင်ပါတယ်” လို့ စိန်မဟာသဘင်မှ ဇံဟိန်းက ပြော ပါတယ်။ သက်ငယ်မုဒိမ်းမှုများပပျောက်ရေးအား နိုင်ငံတော်နဲ့အတူ အနု ပညာရှင်များ၊ ပြည်သူများကအတူပူး ပေါင်းကာဝိုင်းဝန်း ကြိုးစားပေးရင်းတစ်စတစ်စနဲ့ ပပျောက်သွားလိမ့်မယ်လို့မျှော်လင့်လျက် ကလေးငယ်တွေကို စိတ်ဒဏ်ရာတွေ မရရှိစေရေး ရည်ရွယ်ကာရေးသားလိုက်ရပါတော့တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*