ရုရှားနိုင်ငံ မော်စကိုမြို့ မှာ တည်ထားကိုးကွယ် မယ့် စေတီတော် အတွက် မွေးနေ့အလှူ အဖြစ် မတည်ငွေ လှူဒါန်းခဲ့တဲ့ အေးနေဝင်း

ရုရှားနိုင်ငံ မော်စကိုမြို့ မှာ တည်ထားကိုးကွယ် မယ့် စေတီတော် အတွက် မွေးနေ့အလှူ အဖြစ် မတည်ငွေ လှူဒါန်းခဲ့တဲ့ အေးနေဝင်း
November 22, 2016 Asian Fame

dsc_0128-copy

    နိုဝင်ဘာလ ၁၅ ရက်နေ့က ကျရောက်ခဲ့တဲ့ ဦးအေးနေဝင်းရဲ့ မွေးနေ့ပွဲကိုတော့ အဲဒီနေ့ည ၇ နာရီခွဲ အချိန်က ပန်းဆိုးတန်းအထက် လမ်းမှာရှိတဲ့ Rose Garden Hotel  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မွေးနေ့ပွဲ အခမ်းအနားမှာတော့ ဦးအေးနေဝင်းက သူ့ရဲ့မွေးနေ့မှာ ထူးခြားတဲ့ အလှူအဖြစ် ရုရှားနိုင်ငံ မော်စကိုမြို့ မှာ တည်ထားကိုးကွယ်မယ့် စေတီတော်အတွက် မတည်ငွေလှူဒါန်းခဲ့ပါတယ်။

dsc_0138-copy

ထူးခြားတဲ့ မွေးနေ့အလှူအဖြစ် ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ မြန်မာထေရဝါဒဗုဒ္ဓစင်တာမှာ တည်ထား ကိုးကွယ်မယ့် စေတီတော် အတွက် မတည်လှူဒါန်းဖြစ်တဲ့အကြောင်းကို ဦးအေးနေဝင်းက

dsc_0119

“ဒီနှစ်မှာ ကျွန်တော်မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ပွဲကျင်းပခွင့်ရတဲ့ အခါမှာ အလှူအတန်းလုပ်ဖို့စိတ်ကူး ရှိတယ်။ ကျွန်တော့်အဘိုးအတွက်လည်း ရည်စူးပြီး လှူဖို့အတွက် ဘယ်ပုံဘယ်နည်း အလှူအတန်းလုပ်သင့်လဲဆိုတာကို သီတဂူ ဆရာတော်ကြီးကို လျှောက်ထားပြီး သြဝါဒခံယူခဲ့ပါတယ်။ ဆရာတော်ကြီးက “ဒါ အင်မတန်ကောင်းပါတယ်။ ဆရာတော်အနေနဲ့ ရုရှား နိုင်ငံ မော်စကိုမြို့မှာ ဗုဒ္ဓဘာသာ စေတီပုထိုးတစ်ဆူ တည်ဖို့အစီအစဉ် ရှိတယ်။ အဲဒီစေတီပုထိုးတည် ဖို့အတွက်ကို မတည်ပြီးေ တာ့လှူဒါန်းလိုက်ပါလား” လို့ မိန့်ပါတယ်။ အဲဒီလို လှူဒါန်းဖို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော် ကြက်သီးတောင်ထမိတယ်။

dsc_0041

ဗုဒ္ဓဘာသာချင်းအတူတူ တခြားနိုင်ငံမဟုတ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကစပြီးတော့ ဒီလို စေတီပုထိုးတည် ရမယ်ဆိုတော့ အင်မတန် ဝမ်းသာပါတယ်။ ဒီလို အလှူမျိုးကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးလည်း ပါဝင်စေချင်တယ်။ တစ်နေ့တာ ဆိုက်ကား နင်းလို့ရတဲ့ ဝင်ငွေလေးပဲဖြစ်ဖြစ်၊ ဈေးရောင်းလို့ရတဲ့ ဝင်ငွေလေးပဲ ဖြစ်ဖြစ် နည်းသည်၊ များသည် မဟုတ်ဘဲနဲ့ မိသားစုအတွက် တစ်သက်တာ အမှတ်တရဖြစ်အောင် အားလုံးပါဝင်ပြီးတော့ လှူဒါန်းတဲ့အလှူမျိုးလေးလည်း ဖြစ်စေချင်ပါတယ်” လို့ ဦးအေးနေဝင်းက သူ့ရဲ့အလှူ အကြောင်းကို ပြောပြပါတယ်။

၂ဝ၁၅ ခုနှစ် ဇွန်လ ၁ ရက် နေ့က ရုရှားနိုင်ငံ မော်စကို မြို့မှာ သီတဂူဆရာတော်ကြီး ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ မြန်မာ ထေရဝါဒ ဗုဒ္ဓစင်တာအတွင်းမှာ စေတီတော်ကို တည်ထားကိုး ကွယ်မှာဖြစ်ပါတယ်။

  သတင်း၊ ဓာတ်ပုံ – မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*