မြန်မာသံကို သီဆိုတတ်သူ ရော့ခ်ကာကြီးဇော်ဝင်းထွဋ်နှင့် ဂီတမျိုးရိုးအကြောင်း အဆိုတော်ကြီး ထား နှင့်တွေ့ဆုံခြင်း

မြန်မာသံကို သီဆိုတတ်သူ ရော့ခ်ကာကြီးဇော်ဝင်းထွဋ်နှင့် ဂီတမျိုးရိုးအကြောင်း အဆိုတော်ကြီး ထား နှင့်တွေ့ဆုံခြင်း
November 22, 2016 Asian Fame
မြန်မာသံကို သီဆိုတတ်သူ ရော့ခ်ကာကြီးဇော်ဝင်းထွဋ်နှင့် ဂီတမျိုးရိုးအကြောင်း အဆိုတော်ကြီး ထား နှင့်တွေ့ဆုံခြင်း

htar

ရေဒီယိုဓာတ်ပြားခေတ်ကစပြီး ရုပ်ရှင်နောက်ခံတေးနဲ့ တေးစီးရီးပေါင်းများစွာ ထုတ်ဝေခဲ့ပြီး အခုထိတိုင် အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာသံတေးသံရှင်ကတော့ အဆိုတော် (ဒေါ်) ထားပဲဖြစ်ပါတယ်။ “နက်ဖြန် သို့မဟုတ်ဘယ်သောခါ”၊ “သံသရာတစ်ကွေ့ဝယ်”၊ “မွန်တို့ဌာနီ” ၊ “မုန်းဆက်မရွယ်” စတဲ့ တေးသီချင်းတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ထားကို အရင်ခေတ် မြန်မာသံစဉ်အပေါ် ပရိသတ်အားပေးမှုနဲ့ လက်ရှိမြန်မာ သံစဉ်အပေါ် အားပေးမှုကွာခြားချက် အမြင်ကို မေးကြည့်ရာမှာတော့..

” အရင်ခေတ်နဲ့အခုခေတ် မြန်မာသံ အားပေးတဲ့ ပရိသတ်က နည်းနည်းတော့ ကွာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက် ခေတ်တုန်းက မြန်မာသံက တစ်ခုတည်းရှိ ခဲ့တာ။ ခေတ်ပေါ်က နည်းသေးတယ်လေ။ မြန်မာသံက တစ်ခုတည်းဆိုတော့ ဒါပဲ အားပေးကြတာပေါ့။ ပရိသတ်ရဲ့ သဘာဝက ဒီအတိုင်းပဲလေ။ အခု ခေတ်ကျတော့ ဂီတမှာ အမယ်မျိုးစုံ ဖြစ်လာတယ်။ ဒီတော့ သူ့ အကြိုက်ကိုယ့်အကြိုက်ပေါ့။ လူငယ်လေးတွေ မြန်မာသံကြိုက်တဲ့သူက ကြိုက်တယ်။ ခေတ် ပေါ်ကြိုက်တဲ့သူက ကြိုက်တယ်။ အမျိုးမျိုး ပေါ့” လို့ အရင်ခေတ်နဲ့ အခုခေတ် မြန်မာ သံအားပေးသူ ပရိသတ်ရဲ့ ကွာခြားချက်အမြင်ကို အဆိုတော်ထားက ပြောပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ခေတ်ရေစီး ကြောင်း ပြောင်းလဲလာတာနဲ့အမျှ ဂီတအမျိုးအစား စုံလင်လာသလို မြန်မာသံ အားပေးသူ ပရိသတ် တွေကိုလည်း မြင်တွေ့ နေရတာမို့ ဝမ်းသာမိတယ်လို့လည်း အဆို တော်ကြီးထားက ပြောပြပါတယ်။

” အခုခေတ်က ဂီတအမျိုးအစားစုံတဲ့ ခေတ်ဆိုတော့ ကောင်းတော့ကောင်းပါတယ်။ ရသမျိုးစုံ ခံစားနိုင်တဲ့ခေတ်ကို ရောက်လာ တာပေါ့။ အဲဒီလိုအနေအထားမှာ အန်တီတို့ မြန်မာသံလေးတွေကိုလည်း အားပေးတဲ့ ပရိသတ်တွေက ရှိသေးတယ်ဆိုတော့ ဝမ်းသာပါတယ်။ အန်တီတို့အနေနဲ့ မြန်မာ သံကို ထိန်းသိမ်းရမယ့်တာဝန် ရှိတယ်လေ။ အခုအချိန်မှာ ကလေးတွေက မြန်မာ သံစဉ် စီးရီးခွေလေးတွေ မကြာမကြာထွက်လာ တာလေးကလည်း တော်တော်ဝမ်းသာစရာ ကောင်းသလို ပီတိဖြစ်စရာကောင်းပါတယ်” လို့ သူ့ရဲ့ရင်တွင်းပီတိကိုလည်း ပြောပြပါတယ်။

ခေတ်ဟောင်း ဟာသလူရွှင်တော်ကြီး ဦးကြင်ခဲ ခေတ်မှသည် အဆိုတော် အီတိုး ခေတ်တိုင်အောင် အနုပညာအမွေတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ခဲ့တဲ့ အဆို တော်ထားကို ဖခင် ဖြစ်သူ အလင်္ကာကျော်စွာ ဆရာရွှေတိုင်ညွန့်အကြောင်း အမှတ်တရ မေးကြည့်ရာမှာတော့..

” အဲဒီခေတ်ကိုတော့ အန်တီတို့ မမီဘူးပေါ့။ အန်တီတို့ဖေဖေခေတ် (ဆရာ ရွှေတိုင်ညွန့်) က အန်တီတို့က ကလေးပဲ ရှိသေးတယ်လေ။ သို့သော် ငြားလည်း သူတို့ ခေတ်က သီချင်းတွေက ဒီကနေ့ခေတ်မှာတော့ “ထန်းလက်ပုတီးလေး” လို သီချင်းမျိုးတွေ ပြန်ဆိုလာကြတယ်။ ပြန်ပြီး ထုတ်လုပ်လာတာ တွေ့ရတယ်။ အဲဒီတော့ မြန်မာတို့ရဲ့ မြန်မာ သံ မတိမ်ကောသေးတာ ပါတာပေါ့။ တအား လည်း ပီတိဖြစ်ရပါတယ်။ အဖေ့ကို အမှတ် ရမိတာကတော့ အဖေက အရင်တုန်းက တပ်မတော်သီချင်းတွေ ရေးတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းကနေပြီးတော့ ရွှေ တိုင်ညွန့်ကို ရေးခိုင်းလိုက်ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက ခေါင်းစဉ်ပေးတယ်။ ‘တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည်” ဆိုတဲ့ ခေါင်းစဉ်ပေးလိုက်တဲ့အခါ အဖေက အဲဒီအချိန် အိပ်ရာထဲမှာလဲနေပြီ။ ရောဂါဖြစ်နေတဲ့အချိန်။ ဆုံးခါနီးအချိန်လို့ ပြောရမှာပေါ့။ အဲဒီအချိန်မှာ အဖေက ဒီသီချင်းကို နောက်ဆုံးရေးခဲ့တာ” လို့ ဖခင် ဖြစ်သူ အလင်္ကာကျော်စွာ ဆရာရွှေတိုင်ညွန့် အကြောင်း အမှတ်တရကို အဆိုတော်ထား က လွမ်းဆွတ်တမ်းတစွာ ပြောပြပေးပါတယ်။ လက်ရှိအချိန်ထိ ဂီတလောကမှာ အောင်မြင် စွာ ရပ်တည်နိုင်ခဲ့တဲ့ ရော့ခ်ကာကြီး တစ်ဦး ဖြစ်တဲ့ သားဖြစ်သူ ဇော်ဝင်းထွဋ်အကြောင်း ကိုလည်း အဆိုတော်ထားကို မေးကြည့်ရာမှာ တော့..

” ညီထွဋ်က ရော့ခ်ကာကြီးသာ ဖြစ်သွားတာ။ မြန်မာသံ သူက ဆိုတတ်တယ်။ မျိုးရိုးကိုတော့ ဖျောက်ပစ်လို့မရဘူး။ သူကိုယ်တိုင် ကလည်း
မြန်မာသံကိုမြတ်နိုးတယ်။ သူက မြန်မာသံကို တကယ်ဆိုကြည့်မယ်ဆိုရင် သူက ဆိုတတ်တယ်လေ။ သူ့အသံနဲ့ မလိုက် လို့သာ သူက မဆိုတာ။ ဒါပေမဲ့ တကယ်ဆို မယ်ဆိုရင် မြန်မာသံကို သူကောင်းကောင်းဆို တတ်တယ်” လို့ သားဖြစ်သူ အဆိုတော် ဇော်ဝင်းထွဋ်အကြောင်းကိုလည်း အဆိုတော် ထားက ပြောပြခဲ့ပါတယ်။ မြန်မာသံစဉ်ကို ခုံမင်နှစ်သက်မြတ်နိုးစွာ ထိန်းသိမ်းခဲ့သူ အဆိုတော် ထားက နှောင်းခေတ် လူငယ်တွေ အနေနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ရိုးရာကို သိထား၊ တတ်ထားသင့်ပြီး ရင်ထဲမှာအမြဲရှိနေသင့် ကြောင်း သူ့ရဲ့အကြံပြုစကားကိုလည်း ပြော ပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*