Heineken Beer
Heineken Beer

အကယ်ဒမီ ရွှေကြယ်ကိုပုဂံအလိုတော်ပြည့်ဘုရား ရွှေထီးတော်အတွက် လှူဒါန်းရလို့ ပီတိဖြစ်ရတယ်ဆိုတဲ့ သက်မွန်မြင့်

အကယ်ဒမီ ရွှေကြယ်ကိုပုဂံအလိုတော်ပြည့်ဘုရား ရွှေထီးတော်အတွက် လှူဒါန်းရလို့ ပီတိဖြစ်ရတယ်ဆိုတဲ့ သက်မွန်မြင့်
November 21, 2016 Asian Fame

thant-mon-myint-copy

ပုဂံအလိုတော်ပြည့်ဘုရား ရွှေ ထီးတော်တင်ဖို့အတွက် သူ့ရဲ့ ၂ဝ၁ဝ ခုနှစ်တုန်းက ရရှိခဲ့တဲ့ အကယ်ဒမီ ရွှေကြယ်နဲ့ နိုင်ငံတော်ဇာတ်ကား ရိုက်ကူးတုန်းက ချီးမြှင့်ခံခဲ့ရတဲ့ ရွှေနဲ့၊ မင်္ဂလာလက်ဖွဲ့ရတဲ့ရွှေတွေကို အကယ် ဒမီ သက်မွန်မြင့်က လှူဒါန်းခဲ့ ကြောင်း သိရပါတယ်။ ဒီလှူဒါန်းမှု နဲ့ပတ်သက်ပြီး အကယ်ဒမီ သက်မွန် မြင့်က..

“အဲဒါက လှူချင်နေခဲ့တာ။ ရွှေတိဂုံဘုရားမှာ ရွှေပြားတွေကပ် ချိန်က အဲဒါတွေရှိနေတာကို မေ့နေ တော့ ရှိရက်သားနဲ့ မလှူလိုက်ရဘူး။ မိသားစုနဲ့ လှူလိုက်တာပဲရှိတယ်။ ဒီတစ်ခေါက်တော့ ကိုခန့်စည်သူ တို့က ပုဂံမှာ ထီးတော်တင်ဖို့ ရွှေ ငါးပိဿာလှူဖို့ရှိ တယ်ဆိုတော့ ကိုယ့်မှာ ဒီ ရွှေလေးတွေ ရှိတယ် ဆို ပြီးလှူဖို့ ဖြစ် သွားတာပါ။ အခုလိုလှူခွင့်ရသွားလို့ တော်တော် ပီတိဖြစ်လိုက်တယ်ပေါ့နော်။ အရင် တစ်ခေါက်က ဒီသမီးလေး ကိုယ်ဝန်နဲ့ ပုဂံလည်း ဘုရားဖူးသွားရတယ်။ နောက်ပြီး ငလျင်ကြောင့် ပျက်စီး သွားရတဲ့ ဘုရားတွေအတွက်လည်း လှူလိုက် ရတယ်။ ဘုရားတွေ လည်း ဖူးရတယ်။ အခုထပ်ပြီး ရွှေ ထီး တော်ထပ်လှူရတော့ စိတ်ထဲမှာ တော်တော်ပီတိဖြစ်ရတယ်။ ကြည်နူး ရပါတယ်” လို့ ပြောပြပါတယ်။

အကယ်ဒမီသက်မွန်မြင့်က သမီးလေးကိုယ်ဝန်ကို ဇန်နဝါရီလမှာ ဝိတိုရိယဆေးရုံမှာ ဒေါက်တာ ဒေါ်ခင်မျိုးဦးနဲ့ မွေးဖွား မှာဖြစ်ပါ တယ်။ သားတစ်ယောက်၊ သမီးတစ် ယောက်ရှိသွားပြီဖြစ်လို့ ဘဝမှာ ပြည့်စုံသွားတယ်လို့ ခံစားရ ကြောင်း ကို သက်မွန်မြင့်က

    “သားသားတုန်းက ကျန်းမာ ရေး ကောင်း တယ်။ စား နိုင် သောက် နိုင်တယ်။ အလုပ်တွေလည်းနားထားတော့ အိမ် မှာ အေးအေးေ ဆးဆေး ဘုရား တရားလုပ်တယ်။ စာအုပ်တွေ ဖတ် တယ်။ သမီးမွေးမယ့်အလှည့်မှာ ကျ တော့ ကျန်းမာရေးကလည်း ချူချာ တယ်။ ဆိုင်ဖွင့်ဖို့ကလည်း ကြိုးစား နေရတာဆိုတော့ နည်းနည်းတော့ ပိုပင်ပန်းတာပေါ့။ ဒါပေမဲ့လည်း သားသားလည်း ဘေးမှာရှိတော့ အားရှိပါ တယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ဆိုတော့ သက်မွန် ဘဝတော်တော်ပြည့်စုံတယ်လို့ ခံစား ရပါတယ်” လို့ ပြောပါတယ်။ သက် မွန်မြင့်က Sweet Child ဆိုတဲ့ နာမည်နဲ့ ကလေးပစ္စည်းဆိုင်ကို နို ဝင်ဘာလကုန်လောက်မှာ ဖွင့်လှစ်တော့ မှာဖြစ်ပြီး အနုပညာ အလုပ်တွေကို လည်း အမြန်ဆုံးလုပ်ကိုင်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*