
Kira Kira Japan တီဗီအစီအစဉ် ကို ရိုက်ကူးဖို့အတွက် ဂျပန်နိုင်ငံကို နိုဝင်ဘာလ ၆ ရက် နေ့မှ ၁၁ ရက် နေ့အထိတစ်ပတ်ကြာ မိုးစက်ဝိုင် က ဒုတိယအကြိမ် သွားရောက် ခဲ့ ပါတယ်။ ဒီတစ်ခေါက်ခရီးစဉ် မှာတော့ ဂျပန်နိုင်ငံရဲ့ ယဉ် ကျေးမှုတွေကို အသေးစိတ် လေ့ လာခွင့်ရရှိခဲ့ကြောင်းကို မိုးစက်ဝိုင်က..
“ဒုတိယအကြိမ်သွားတဲ့ အချိန်မှာ မိုးစက်သဘောကျ တာက ဂျပန်တွေရဲ့ယဉ် ကျေး မှုကို လေ့လာခွင့်ရခဲ့တယ်။ ဂျပန် တွေရဲ့နေပုံ ထိုင်ပုံ အသေးစိတ်ပေါ့။ တူဘယ်လိုကိုင်တယ်၊ တူဘယ်လိုချလဲ ကအစ၊ ကီမို နိုဝတ်တာ၊ ကီမိုနိုနဲ့လမ်း လျှောက်တာ၊ သူတို့ Traditional ဖျာခင်းထားတဲ့ အခန်းမှာ ခြေလှမ်း ဘယ်နှလှမ်း လှမ်းရမလဲ၊ တံခါးဖွင့်ရင် ဘယ်လိုဖွင့်ရမလဲ၊ ဝင်ခွင့် ဘယ်လို တောင်းရမလဲကအစ အသေးစိတ် လေ့လာခွင့်ရခဲ့ပါတယ်။ ဒါကတော့ နေ့စဉ်လုပ်နေတဲ့ ယဉ်ကျေးမှုတော့ မဟုတ်ဘူး။ နန်းတော်ထဲမှာ တော်ဝင် ဆန်ဆန် ဘယ်လို နေထိုင်သလဲဆိုတဲ့ ယဉ်ကျေးမှုကို လေ့လာခွင့်ရခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီတစ်ခေါက် ဂျပန်ခရီးစဉ်မှာ အမှတ်တရ အဖြစ်ဆုံးကတော့ ကီမိုနို ဝတ်စုံဝတ်ပြီး သူတို့နိုင်ငံရဲ့ယဉ်ကျေးမှု တွေကို လေ့လာ ရခြင်းဖြစ်ကြောင်း ပြော ပါတယ်။ ဂျပန်ခရီးစဉ်ကနေ အကြီးမား ဆုံး ရလဒ်တစ်ခုကိုလည်း ရရှိခဲ့တယ် လို့ဆိုတဲ့ မိုးစက်ဝိုင်က..
“ဂျပန်တွေနဲ့ အလုပ်လုပ်တဲ့ အခါမှာ မိုးစက်ရဲ့ခံစားချက်က သူတို့ကို မလေးစားဘဲလည်း မနေ နိုင်ဘူး။ ဒါပေမဲ့ စိတ်လည်းတိုတယ်။ စိတ်တိုရတဲ့ အ ကြောင်းအရင်းကတော့ သူတို့ တအား အလုပ်ကြိုးစားတယ်။ အဲဒါတော့ ဝန်ခံရ မယ်။ မိုးစက် ကိုယ့်ကိုယ်ကိုယ် အလုပ် ကြိုးစားတယ်လို့ ခံယူထားတယ်။ ဒါပေမဲ့ သူတို့နဲ့ယှဉ်လိုက်ရင် လုံးဝမရဘူး။ ကိုယ့် ကိုယ်ကိုယ် အချိန် တိကျတယ်လို့ ခံယူထား တယ်။ သူတို့နဲ့ယှဉ်လိုက်ရင် ကိုယ်ရှုံးတယ်။ ဘယ်နေရာမှာမဆို နည်းနည်းရှုံးနေ တယ်။ သူတို့က ၁၂ နာရီ ကွက်တိ၊ ၇ နာရီဆို ကွက်တိ၊ တစ် မိနစ်တောင် မစွန်းဘူး။ ကိုယ်က တစ်ခါတလေ တော့ ရတာပေါ့။ ရက်ဆက်တိုက် ကျတော့ မရတော့ဘူး။ ပုံမှန်ဆိုရင် လူက Error လေးေ တွရှိတတ်တယ် လေ။ သူတို့က Error မရှိဘူး။ စက် ရုပ်တွေ။ အလုပ်လုပ်နေတဲ့ အချိန်မှာ ထမင်းလည်းမစားဘူး၊ ရေလည်း မသောက် ဘူး၊ အိမ်သာ လည်းမသွား ဘူး။ လူအယောက် ၂ဝ ရှိရင် ၂ဝ လုံး အဲဒီအတိုင်းပဲ။ သူတို့ ကိုယ့်ကို အလုပ်တအား ခိုင်းတဲ့အတွက် စိတ်ထဲ မှာတော့ ဟင်..သူတို့ အလုပ် တအားခိုင်းတယ်ပေါ့။ ဒါပေမဲ့ သူတို့ က ကိုယ့် ထက် ၁ဝ ဆ ပိုလုပ်တယ်။ မညည်းညူဘူး။ မိုးစက် ဂျပန်က ပြန်လာ တဲ့အချိန်မှာ အကြီးမားဆုံး ရလာတဲ့ ရလဒ်ဆိုရင် စိတ်ထဲမှာ ကိုယ်တစ် ခုခုလုပ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် သနားတော့ မယ်ဆိုရင် အမြဲတမ်းပြန်တွေးလာ တယ်။ သူတို့နဲ့ ယှဉ်လိုက်ရင် ကိုယ် တကယ် ဘာမှမလုပ်သေးဘူးလို့ ပြန် တွေး လိုက်တယ်” လို့ ပြော ပါတယ်။
ဒီတီဗီအစီအစဉ် ကို ရိုက်ကူးရန် အတွက် ဒီဇင်ဘာလမှာ မိုးစက်ဝိုင်က ဂျပန်နိုင်ငံကို ထပ်မံသွားရောက် ဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း