Heineken Beer
Heineken Beer

စီးရီးသစ်မထွက်နိုင်သေးတာ ကျွန်မရဲ့ညံ့ဖျင်းမှုလို့ ဝန်ခံပါတယ် ထွန်းအိန္ဒြာဗို

စီးရီးသစ်မထွက်နိုင်သေးတာ ကျွန်မရဲ့ညံ့ဖျင်းမှုလို့ ဝန်ခံပါတယ် ထွန်းအိန္ဒြာဗို
November 17, 2016 Asian Fame
In Music

tun

နိုဝင်ဘာလ ၄ ရက်နေ့ကကျင်းပခဲ့တဲ့ The Queen Orchestra Music Concert မှာ မေခလာ၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်းတို့နဲ့အတူ ထွန်းအိန္ဒြာဗိုက ပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။ စင်မြင့်ဖျော်ဖြေပွဲ တော်တော်များများမှာ တွေ့လေ့တွေ့ထရှိတဲ့ ထွန်းအိန္ဒြာဗိုကို သူမရဲ့စီးရီးသစ်အတွက် မျှော်နေတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။

ဒီအပေါ်မှာ ထွန်းအိန္ဒြာဗိုကို မေးတော့..” အဲ့ဒါကတော့ ကျွန်မရဲ့ ညံ့ဖျင်းမှုလို့ပဲ ဝန်ခံရမှာပါ။ သီချင်းရှာဖို့ ကိစ္စအတွက်အချိန် သိပ်မပေးဖြစ်ခဲ့တာ ပေါ့။ ရှာဖြစ်သလောက် ရွေးယူစုဆောင်းမိသလောက်က ၁၇ ပုဒ် ၁၈ ပုဒ်လောက်ရှိ ပါတယ်။ ဒါပေမဲ့ ခေတ်ကာလအရ ကျွန်မ နောက်ဆုံးထွက်ခဲ့တဲ့ စီးရီးခွေနဲ့ အခုဆို ၁၃ နှစ်လောက် အချိန်ဟသွားတဲ့ အချိန်မှာ အဲ့ဒီတုန်းက စုထားတဲ့ သီချင်းတွေကိုလည်း ခုချိန်မှာ ကြေး(ဂျီး)များလာတယ်။ အဲ့ဒီတော့ အသစ်လည်း မလုပ်ဖြစ်၊ ရှိပြီးသားတွေလည်း မကြိုက်နဲ့ ဖြစ်နေတော့ ကျွန်မရဲ့ ညံ့ဖျင်းမှုလို့ ပဲ ဝန်ခံပါတယ်” လို့ ထွန်းအိန္ဒြာဗို က ပြောပါတယ်။

ထွန်းအိန္ဒြာဗို ပိုင်ဆိုင်ထားတဲ့အသံကလည်း ထူးခြားတဲ့အသံပဲ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အရင်ရွေးထားတဲ့ သီချင်းတွေကို ပြန်မဆိုချင်တော့တာကြောင့် အသစ်ကပြန်ပြီး သီချင်းတွေ ရွေးနေရတယ်လို့လည်း ပြောပါတယ်။ ” စီးရီးတစ်ခွေတော့ ထွက်ရှိအောင်လုပ်မှာပါ။ ၁၃နှစ်ဆိုတဲ့ အချိန်က တော်တော်ဟသွားပြီ ဆိုတော့အရင်က သိပ် ကြိုက်လို့ ရွေးခဲ့တဲ့ သီချင်းတွေတောင် အခု ပြန်ဆိုဖို့ နည်းနည်း အခက်အခဲ ရှိတယ်။ အဲ့ဒါကြောင့် အခုသီချင်းအသစ်တွေ ပြန် ရှာနေပါတယ်။ ကျွန်မ စီးရီးခွေတစ်ခွေထွက်ရှိဖို့လိုအပ်နေတာ သိပါတယ်။ ကျွန်မ ထွက်ရှိနိုင်အောင် ကြိုးစားမှာပါ” လို့ ထွန်း အိန္ဒြာဗိုက ပြောပြခဲ့ပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*