ချစ်သူနဲ့ လမ်းခွဲရခြင်းအကြောင်း ဝါဆိုမိုးဦး

ချစ်သူနဲ့ လမ်းခွဲရခြင်းအကြောင်း ဝါဆိုမိုးဦး
November 15, 2016 Asian Fame
In Celebrities' News

warso

၁ဝ လကြာချစ်ကြိုက်ခဲ့တဲ့ ချစ်သူ အဆိုတော်တစ်ဦးနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် လမ်းခွဲလိုက် ပြီဖြစ်ကြောင်း ဝါဆိုမိုးဦးက ပြောပြပါတယ်။

” နားလည်မှုလွဲပြီး တစ်ယောက် နဲ့ တစ်ယောက် လမ်းခွဲလိုက်ကြပါပြီ။ သူနဲ့ အမြဲရန်ဖြစ်ပြီး သူကချော့ရင် ပြန်အဆင်ပြေသွားတယ်။ ဒီတစ်ခေါက်တော့ ရန်ဖြစ်တာ အကြီး အကျယ်ပဲ။ ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ ရန်ဖြစ်တာ။ ကိုယ်လည်း သည်းမခံနိုင်တော့ဘူး။ စိတ်နည်းနည်းမွမ်း ကျပ်လာတယ်။ ပြတ် သွားတဲ့ အကြောင်းအရင်းကလည်း စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ပါ။ သူနဲ့ကိုယ်နဲ့က Type ချင်းက မတူဘူး။ ညှိလို့ရမယ်ထင်လို့ ကြိုက်ခဲ့ ကြတာပဲ” လို့ ချစ်သူနဲ့ လမ်းခွဲဖြစ်ခဲ့ပုံအကြောင်းကို ပြောပါတယ်။

လတ်တလောမှာတော့ တစ်ယောက်တည်း ဖြစ်သွားတဲ့ ဝါဆိုမိုးဦးက လူမှုရေးစိတ်ညစ်စရာတွေ၊ အခက်အခဲတွေရှိတဲ့ကြားက သူ့ရဲ့သီချင်းခွေအတွက်ပဲ အကောင်းဆုံးဖြစ်အောင် အာရုံ စိုက်ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီစီးရီးခွေကို ၂ဝ၁၇ ခုနှစ် ၁ လပိုင်း ၂၇ ရက်နေ့မှာထွက်ရှိဖို့ စီစဉ်နေကြောင်း သိရပါတယ်။

” အမှန်အတိုင်းပြောရင် ဒီစီးရီးခွေအတွက် ငွေတွေအများကြီး ကုန်ပါတယ်။ြ<ွကားဝါပြီး ပြောခြင်းလည်း မဟုတ်ပါဘူး။ ဝါဆိုအဖြစ်ကို အမှန်အတိုင်းပြောတာပါ။ ဒါပေမဲ့ ငွေကုန်တာကို ခေါင်းထဲမထည့်ဘူး။ ပြန်လည်းမရ ဘူးဆိုတာ သိတယ်။ အခုအချိန်မှာ ခိုးကူး တွေလည်း အများကြီးရှိတယ်။ နောက်ပြီး အွန်လိုင်းခေတ်ဆိုတော့ စီးရီးခွေ ထွက်တာနဲ့ အွန်လိုင်းပေါ်တန်းရောက်တယ်။ အဓိကတော့ ပရိသတ် အားပေးမှုပဲလိုချင်တာ။ ဝါဆိုသီဆို ထားတာတွေ၊ ရိုက်ကူးထားတာတွေ၊ အဘက်ဘက်က ကြိုးစားထားတာတွေကို အားပေးစေချင်တာပါ။ ဝါဆို ကြိုးစားမှုကိုပဲ အသိအမှတ်ပြုပေးပါ” လို့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှုတွေကိုပဲ လိုချင်ကြောင်း ဝါဆိုမိုးဦးက ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*