
“ဘာသာတရားရယ်၊ လူကြီး မိဘ၊ ဆရာသမား ရိုသေကိုင်းရှိုင်းမှု တွေကြောင့် လူချစ်လူခင် ပိုများတယ်။ လူချစ်လူခင် ပိုများတဲ့ အတွက် ကြောင့် လုပ်ငန်းတွေ ပိုလုပ်ရတယ်။ အစ်ကိုတို့ဆိုရင် ဒီလောကမှာ ရပ်တည်လာတာ ၁၆ နှစ် ရှိပါပြီ။ ဒီနေ့၊ ဒီအချိန်ထိကို အခက်အခဲ အကျပ်အတည်း တွေ မရှိသလောက် ပဲ။ အားလုံး အဆင်ပြေချောမွေ့ တယ်” လို့ ရှင်းပြပါတယ်။
ဟဲလေးက သူကိုယ်တိုင် ဘာသာရေးတွေ လုပ်သလို သား နှစ်ယောက် ကိုလည်း ဘုရားရှိခိုးတဲ့ အကျင့်လေးတွေ၊ ဘုန်းကြီး ဆွမ်း လောင်း တဲ့ အကျင့်လေးတွေ ရအောင် ဖခင် တစ်ယောက်ပီပီ အမြဲပြုစု ပျိုး ထောင်ပေးလေ့ ရှိတာကို လည်းတွေ့ ရပါတယ်။
“လှူဒါန်းတဲ့ အကျင့်လေးတွေ၊ ဘာသာတရား ကိုင်းရှိုင်းတဲ့ အကျင့် လေးတွေ ရသွားအောင် လုပ်ပေးရ ပါတယ်။ ကိုယ်တွေလည်း ငယ် ငယ် တုန်းက မိဘကရှေ့ကနေ ဦးဆောင် လမ်းပြပေးခဲ့လို့ ဘာသာတရား အပေါ် ရိုသေ ကိုင်းရှိုင်းမှုက လေးနက် လာတာပေါ့နော်” လို့ ဟဲလေးက ပြောပါတယ်။ နေ့စဉ် စွဲစွဲမြဲမြဲ ကျင့်ဖြစ် တဲ့ ဘာသာတရား ကျင့်စဉ်အကြောင်း ဟဲလေးကို ဆက်လက် မေးဖြစ်တဲ့ အခါ..
“အနုပညာရှင်မှရယ် မဟုတ် ဘူး။ စီးပွားရေး လုပ် ငန်းရှင်မှ ရယ် မဟုတ်ဘူး။ လူသားတိုင်း ဘယ် ဘာသာမဆို ကိုယ့်ရဲ့ ကျင့်စဉ် အတိုင်း သွားကြတယ်။ ဒါပေမဲ့ အစ်ကိုက နေ့တိုင်း မလုပ်မဖြစ် နေ့စဉ်လုပ်တဲ့ အရာလေး တစ်ခုတော့ရှိတယ်။ အဲဒါ ကတော့ မျက်နှာသစ်တိုင်း သရဏ ဂုံတင်တယ်။ မျက်နှာနေ့တိုင်း သစ်ရ တယ်လေ။ မျက်နှာ မသစ်ရတဲ့ နေ့မရှိ ဘူး။ အဲဒါက အစ်ကို ကလေး ဘဝ ကတည်းက အကျင့် ရခဲ့တာဆို တော့ ဘယ်တော့ မဆို မျက်နှာသစ်ပြီး တိုင်း သရဏဂုံ တင်ပြီးသား ဖြစ်နေတယ်။ ဘာသာ ရေးကို ရရင် ရသ လို တော့ လုပ်တယ်။ ပြီးတော့ အစ်ကိုတို့ ကိုးကွယ်တဲ့ ဆရာတော်တွေလည်း ရှိတယ်။ အဓိကကတော့ ဆရာတော် တွေရဲ့ နေ့စဉ် ကျင့်ကြံ ရမယ့် အဆုံး အမတွေကို ခံယူပါတယ်။ ခရီးသွား တော့မယ် ဆိုရင်တော့ ဘုရားရှိခိုး တယ်။ မိဘကို ရှိခိုးပြီးမှ အိမ်ကထွက် ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်