
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးဖွင့်လှစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်သင်တန်းနှင့် ရုပ်ရှင်ဒါရိုက်တာသင်တန်းတို့ကို မြန်မာ့ရုပ်ရှင်လောကမှ ထင်ရှားတဲ့ ဒါရိုက်တာများ၊သရုပ်ဆောင်များက လာရောက်သင်ကြားပို့ချနေတာကို ယခုလိုပဲတွေ့မြင်ရပါတယ်။ ဇူလိုင်လ ၂၆ရက်နေ့မှာတော့ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)နှင့်ဒါရိုက်တာ မောင်သီတို့က သရုပ်ဆောင်သင်တန်းမှာ ပို့ချသင်ကြားမှုပြုခဲ့ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖွင့်လှစ်သင်ကြားတဲ့ ရုပ်ရှင်သင်တန်းများမှ အနုပညာမျိုးဆက်များကို လက်ဆင့်ကမ်းသင်ကြားပေးခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်လောကမှာ လစ်ဟာနေတဲ့ အနုပညာရှင်အတတ်ပညာရှင် ကွက်လပ်ကိုဖြည့်စွမ်းပေးနေနိုင်တာ အစဉ်အလာတစ်ရပ်လည်းဖြစ်ပါတယ်။
ဒီလိုသင်တန်းတွေကနေ အောင်မြင်ထင်ရှားတဲ့ အနုပညာရှင်များစွာ ပေါ်ပေါက်ခဲ့တဲ့အတွက် အခုသင်တန်းမှလည်း ထူးချွန်တဲ့အနုပညာရှင်များစွာ ပေါ်ထွန်းဖို့ မျှော်လင့်မိပါတယ်။