Heineken Beer
Heineken Beer

အကယ်ဒမီ မရ ရအောင်ကြိုးစားသွားမယ့် အားသစ်

အကယ်ဒမီ မရ ရအောင်ကြိုးစားသွားမယ့် အားသစ်
December 28, 2013 Asian Fame

001ငယ်ရွယ်ပေမယ့်လည်း ကျရာဇာတ်ရုပ်မှာ အကောင်း ဆုံး ပီပြင်အောင်သရုပ်ဆောင် နိုင်တဲ့ ကလေးသရုပ်ဆောင် အားသစ်က ရုပ်ရှင်ဇာတ် ကားကြီး အနေနဲ့ သူ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ” အမွေခံထိုက်သူဖြစ်ပါစေ” မိဘမေတ္တာ ဖွဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံးအနုပညာသရုပ်ဆောင်မှု အရည်အသွေးတွေကို ပြသနိုင်ခဲ့ပြီး ဆယ်တန်း ကျောင်းသား အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ကလေးသရုပ် ဆောင် အားသစ်ရဲ့အနုပညာအရည် အသွေးပြောင် မြောက်မှု တွေကြောင့် အခုအချိန် မှာတော့ အကယ်ဒမီ အထူးဆုကို ဆုပ်ကိုင်နိုင် ဖို့အတွက် အကယ်ဒမီ တစ်ကြိုပြေးနေခဲ့ပါတယ်။

ကလေးသရုပ်ဆောင် အားသစ်ကတော့ အကယ် ဒမီဆုကို ရရှိဖို့အတွက်ကို မမျှော်လင့်ရဲသလို ယုံကြည် မှုလည်း အပြည့်ရှိမနေတာ ကြောင့် စိတ်အေးအေးပဲ ထားပါတယ်လို့ ပြောပါတယ်။

“တကယ်လို့များ ရသွားခဲ့ မယ်ဆိုရင်တော့ ဘယ်လိုပြောရမယ်မှန်း မသိတဲ့ခံစားမှုမျိုးတွေ ဖြစ်ပြီးတော့ ဝမ်းသာလုံးဆို့နေမိမယ်လို့ ထင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ ကျွန်တော်ဒီနှစ် အကယ်ဒမီပွဲကိုတော့ တက်ချင်နေပါတယ်။” လို့ အားသစ်က ပြောပါတယ်။

အကယ်ဒမီဆုရသွား ခဲ့ပြီဆိုရင် အဲဒီအချိန်မှာ ရုတ် တရက်ပြော ထွက်လာမယ့် ကျေးဇူးတင်စကားကို စဉ်းစားထားပြီးပြီလားလို့မေးတော့ “အဖေနဲ့အမေကို ဦးထိပ်ပန်ပြီး တော့ ကျွန်တော် ကျေးဇူးတင် စကားဆိုမှာပါ။သူတို့ကြောင့်ပဲ ဒီအနုပညာလမ်းကြောင်းပေါ် ကို လျှောက်ခဲ့တာပါ။ ဒီအကယ်ဒမီဆုကိုရခဲ့မယ်ဆိုရင် တော့ ကျွန်တော့်ဘဝအတွက် ဘာနဲ့မှမလဲနိုင်တဲ့ မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ အကယ်ဒမီ ရတဲ့လူတွေကလည်း အကယ်ဒမီ စင်မြင့်ပေါ်မှာ အကြာကြီးရပ် နေကြတာကို ကြည့်ရတာ ကတော့ တစ်မျိုးပဲ။ စာလုပ်နေ ရင်းနဲ့ပဲ အကယ်ဒမီပေးပွဲကို ကြည့်ပြီးတော့ ရင်ခုန်ခဲ့ တာပါ။ အဲဒီကတည်းက အကယ်ဒမီ စင်မြင့်ထက်မှာ ဆုကိုဆုပ်ကိုင်မြှောက်ဖို့ အိပ်မက်တွေတော့ မက်ဖူးပါတယ်။ ဒီနှစ်ကတော့ မမှန်းရဲပါဘူး။ ပထမဦးဆုံး ဇာတ်ကားလည်း ဖြစ်နေ တာကြောင့်ပါ။ ဒါပေမဲ့ အခု မဖြစ်ရင်တောင်မှ နောက်ပိုင်း မှာ အကယ်ဒမီဆုကို မရရ အောင် ကြိုးစားသွားမှာပါ” လို့ အား သစ်က ပြောခဲ့ပါတယ်။


ထက်လူလူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*