
”ဒါကကျွန်တော်တို့ စီစဉ်တင်ပြရမယ့် အဆင့်ပဲ ရှိပါသေးတယ်။ သေသေချာချာတော့ မဖြစ်သေးပါဘူး။ ဒီလို နှစ်နှစ်ပေါင်း ကျင်းပဖြစ်ရင်လည်း နစ်နာမှုတွေ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကားအရေအတွက် နည်းတယ်။ ပြီးတော့ အမြဲတမ်း အကယ်ဒမီက အကြွေးကျန်တယ်လေ။ ဥပမာ၂ဝဝဝ ခုနှစ်မှာ ရုံတင်တဲ့ကားက ဆုရရင် ၂ဝဝ၂ ခုနှစ်မှ သွားရတယ်။ တစ်နှစ်ခြားချည်း အကြွေးတွေတင်နေတော့ နည်းနည်း မြန်သွားအောင် ၂ဝဝဝခုနှစ်မှာ ရိုက်တဲ့ကားက ၂ဝဝ၁ခုနှစ်မှာ ဆုရ၊ ပေးရင်အဲဒီ နှစ်မှာပေးပေါ့။ အဲဒီလိုဖြစ်အောင်ပါ။ ကားအရေအတွက် ကလည်း နည်းလို့ပါ။ ရွေးစရာကားလည်း မရှိသလောက် နည်းနေတော့ နစ်နာမှု မရှိနိုင်ဘူးလို့ ပြောတာပါ။ ဒီနှစ်ပေးမယ့် အကယ်ဒမီက အရင်နှစ်တွေ လိုပဲပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးပြီးကျင်းပမှာပါ။ အခုဒီလိုလုပ်မယ့် အစီအစဉ်ကလည်းဝိုင်းဝန်းပြီး
တစ်နှစ်စာ တစ်နှစ်၊ နှစ်မကျော်ဘဲ နှစ်စဉ်အကယ်ဒမီ ပွဲဆင်နွှဲသွားနိုင် ဖို့အရေး ပထမဦးစွာ ၂ဝ၁၃နှစ်ဆန်းမှာ၂ဝ၁၁ခုနှစ်န
မေမွန်မောင်