“အကယ်ဒမီဆုကို ပရိသတ်တွေ ပေးတာနဲ့တင် ကျေနပ်ပါပြီ လင်းဇာနည်ဇော်” “အကယ်ဒမီဆုကို ပရိသတ်တွေ ပေးတာနဲ့တင် ကျေနပ်ပါပြီ လင်းဇာနည်ဇော်” January 24, 2012 Popular အကယ်ဒမီဆုပေးပွဲ နီးလာတာနဲ့အမျှ အကယ်ဒမီဆုရမယ့်သူတွေကို ကြိုတင်ခန့်မှန်းကြ တာတွေလည်း ရှိလာပါပြီ။ ဒီအထဲမှာ ‘အငိုမျက် လုံးအပြုံးမျက်နှာ’ ဇာတ်ကားနဲ့ အကယ် ဒမီရမယ်လို့ ခန့်မှန်းကြတဲ့ လင်းဇာနည်ဇော်ကို အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီးပြင် ဆင် နေပြီလားလို့ မေးတော့”အကယ်ဒမီနီးတိုင်း မနှစ်ကလည်း ဒီလိုပါပဲ။ ဒီနှစ်လည်း ဒီလိုပါပဲ၊ အကယ်ဒမီဝတ်စုံက အခုထိတော့ မစီစဉ်ရသေးဘူး။ ရိုးရိုးပဲသွားမှာပါ။ လူကြီးလည်းဖြစ်နေပြီဆိုတော့ ကိုးလိုးကန့်လန့်လုပ်လို့ မရတော့ဘူး။ စပွန်ဆာတွေက ဒီနှစ်ပြောထားတာတွေ ရှိတယ်။ သိပ်အစောကြီး မလုပ်ဖြစ်တာက အစ်မက သိပ်အထွေ အထူးလုပ်မှာ မဟုတ်တဲ့အတွက်ပါ။ ပွဲက ကွင်းပြင်ထဲမှာဆိုတော့ ညဘက် နည်းနည်း ချမ်းလာတယ်။ ကိုယ်တွေ မြန်မာဝတ်စုံဆိုတော့ အနွေးထည်တွေ ထပ်ဝတ် သွားလို့မရဘူး။ ဒီနှစ်တော့ အအေးဒဏ်ခံနိုင်အောင် ဘယ်လိုဝတ်ရမလဲ စဉ်းစားနေတာ။ အကယ်ဒမီဆုကို ပရိသတ်တွေပေးတယ်ဆိုတဲ့ အသံကြားရတာနဲ့တင် ကျေနပ်ပါတယ်။ တအားကြီး မမျှော်လင့်ထားဘူး။ လူတစ်ယောက်က မျှော်လင့် ထားပြီးတော့ ကိုယ်ဖြစ်ချင်သလို၊ ကိုယ်လိုချင်သလိုမရခဲ့ရင် တအားခံစားရမှာလေ၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခံစား ရအောင် ဒုက္ခမပေးဘူး။ ပရိ သတ်ပေးတာနဲ့ တင် ကျေနပ်ပါတယ်။ ရခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့” လို့ပြောပြပါတယ်။ လင်းဇာနည်ဇော်က ဒီနှစ်အကယ်ဒမီပွဲကို သမီးဖြစ်သူ မြူလင်းကိုကိုနဲ့ အတူတူ တက်ဖြစ်မလားဆိုတာကိုတော့ စဉ်းစားနေတုန်း ပဲလို့ ပြောပြပါတယ်။ ‘အငိုမျက်လုံး အပြုံးမျက်နှာ’ဆိုတာ အနုပညာသမားတွေရဲ့ဘဝ၊ စိတ်ခံစားချက်နဲ့ ကိုက်ညီတဲ့ ကား တစ်ကားလို့လည်း လင်းဇာနည်ဇော်က ပြောပြခဲ့ပါတယ်။ မေမွန်မောင် Share000 0 0 Newer "အကယ်ဒမီ ဖီလင်" Older "အကယ်ဒမီ ငါးဆုရှင် မို့မို့မြင့်အောင် ရဲ့ အကယ်ဒမီ ရင်ဖွင့်သံ" Comments (0) Leave a reply Click here to cancel the reply Your email address will not be published. Required fields are marked *CommentName * Email * Website Save my name, email, and website in this browser for the next time I comment. Notify me of follow-up comments by email. Notify me of new posts by email.