သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၈)ကြိမ်မြောက် မျက်စိအလှူပထမနေ့ဖြစ်သည့် ယနေ့ ဇွန် ၉ ရက်တွင် မျက်စိဝေဒနာရှင်(၇၃၉)ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စမ်းသပ်စစ်ဆေးပေးခဲ့သည့် မျက်စိဝေဒနာရှင် (၇၃၉)ဦးတွင် ခွဲစိတ်ကုသရန်လိုအပ်သော မျက်စိဝေဒ နာရှင်(၃၄၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။
မနက်ဖြန် ဇွန် ၁၀ ရက်တွင်လည်း ပြင်ပလူနာ စမ်းသပ်ပေးခြင်းအပြင် ဖုန်းဖြင့်ဆက်သွယ်အကြောင်းပြီးဖြစ်သည့် ခွဲစိတ်လူနာ(၅၀)ဦးကိုလည်း ခွဲကုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
