Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...
HomeArticlesမြန်မာပြည်တွင်းဖြစ်များကိုတရုတ်နဂါးကြီးဆီ ပို့နေပြီ

မြန်မာပြည်တွင်းဖြစ်များကိုတရုတ်နဂါးကြီးဆီ ပို့နေပြီ

အိမ်နီးချင်းနိုင်ငံတွေနဲ့ ကျွန် တော်တို့ အကျိုးအမြတ်ရှိရှိ ဘယ် လောက်ပူးပေါင်းနိုင်ကြပြီလဲ။ နယ်နိ မိတ်ထိစပ်မှုတွေ ယှဉ်ရင် ထိုင်းနဲ့က ထိစပ်မှုအရှည်ဆုံး၊ တရုတ်နဲ့က ၂၁၂၉ ကီလိုမီတာနဲ့ ဒုတိယအထိ စပ်ဆုံး တည်ရှိနေပါတယ်။ ထိစပ်မှု ရှိသလောက် အပြန်အလှန် အကျိုးပြု အမှီသဟဲနေထိုင်နိုင်မှုတွေကို တွက် ချက်ပြထားတဲ့ စာတွေတော့ မဖတ် မိသေးပါဘူး။ ဒီတစ်ခေါက် မြန်မာ- တရုတ်နယ်စပ်ခရီးကနေ မြင်လာတာ တွေတော့ ဖောက်သည်ချချင်မိတယ်။ စားပြီးရင်း စားချင်၊ ထပ်စားချင်နေတဲ့ တရုတ်နဂါးကြီး စားနေတဲ့ မြန်မာ ပြည်တွင်းဖြစ်တွေက ဘာတွေဖြစ် မလဲ။ တရုတ်နဂါးကြီး စားတဲ့ မြန်မာပြည်တွင်းဖြစ်များက စိန် တစ်လုံး သရက်သီး၊ မြဟင်္သာ၊ ခိုင်မာ လာ၊ မြကျောက်၊ မယ်သီ စတာတွေ အပြင် သခွားမွှေး၊ ဖရဲ စတဲ့ ဈေး ကွက်ဝင် အခြားပို့ကုန်သီးနှံတွေဖြစ် ပါတယ်။ အဲဒီ သီးနှံတွေဟာ စံချိန်စံ ညွှန်း မပြည့်မီလို့ ဈေးနှိမ်ခံရ၊ ဈေး ကောင်းမရတဲ့အဖြစ်တွေ ကြုံတွေ့နေ ရတယ်လို့ ကြားသိရပါတယ်။

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံက အသီးအနှံ၊ ဟင်းသီးဟင်း ရွက်တွေဟာ ဘာကြောင့်စံချိန် စံ ညွှန်း မပြည့်မီရတာလဲ။ မြန်မာ တောင်သူတွေက စံချိန်စံညွှန်း မီ အောင် မစိုက်ပျိုးတတ်လို့လား။ စံ ချိန်စံညွှန်းမီအောင် စိုက်ပျိုးနည်း မသိလို့လား။ မြန်မာတောင်သူတွေ အတွက် အစိုးရတာဝန်ရှိသူတွေက ရော ဘာတွေလုပ်ပေးနေသလဲ။ မေး ခွန်းတွေ အများကြီးထဲမှာ အဖြေကို အမြန်ဆုံးရှာဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နဲ့ ၁ဝ ရက်တုန်းက တရုတ်နိုင်ငံ ယူနန် ပြည်နယ် ဝမ်တိန်မြို့မှာကျင်းပခဲ့တဲ့ တရုတ်-မြန်မာ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်အရည်အသွေးစံချိန်စံညွှန်းမြှင့်တင်ရေး Forum မှာ အရှေ့ မြောက်တံခါးအများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌကြီး ဦးစိုင်းထွန်းဝင်း ပြောခဲ့တဲ့ ခေါင်းလောင်းသံပေးခံနေရတဲ့ အဆင့် ကနေ ဥသြဆွဲသံကြားရတဲ့အဖြစ်မျိုး ရောက်မလာစေချင်ပါဘူး ဆိုစကား ဟာမြန်မာ အစိုးရတာဝန်ရှိသူတွေကို အသိပေးသလို မြန်မာတောင်သူတွေ ကိုလည်း သတိပေးရာရောက်ပါတယ်။

ဥက္ကဋ္ဌကြီးဦးစိုင်းထွန်းဝင်းက ကျွန်တော့်ကို သီးသန့်ထပ်ပြောပြ တာက ဟိုးအရင်တုန်းက မြန်မာ ပန်းသီးကို တရုတ်ပြည်သွားရင် လက်ဆောင်အဖြစ် တကူးတက ဝယ် ယူလက်ဆောင်ပေးရပြီး အခုတော့ တရုတ်ပန်းသီးတွေဟာ မြန်မာပြည် ကို အများကြီး တင်ပို့နေရတဲ့ အဖြစ် တွေ ရှိနေပါပြီတဲ့။ ဒါကြောင့် မြန်မာ့ စိန်တစ်လုံး သရက်သီးတွေကိုလည်း တရုတ်နိုင်ငံက ခေတ်မီနည်းစနစ်များ နဲ့ တက္ကသိုလ်များက စိုက်ပျိုးရေး ပညာရှင်များကလည်း စိန်တစ်လုံး သရက်သီးမျိုးကောင်းများကို တရုတ် နိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါတယ်။ မြန်မာ့စိန်တစ်လုံး သရက်ဟာ တရုတ်ပြည်ဈေးကွက်ကြီး အတွက် အရင်က အများကြီးတင်ပို့ရ ပေမယ့် အခုတော့ သိပ်မတင်ပို့ရ တော့ဘူးလို့ သိရပါတယ်။ စိန်တစ် လုံးခေတ်ထခဲ့ချိန်တုန်းက တရုတ် တွေဟာ အလုအယက်ဝယ်ခဲ့သလို သူတို့ကိုယ်တိုင်လည်း မြန်မာမျိုး တွေယူပြီး စိုက်ခဲ့ကြတယ်။ ဒါကြောင့် ခုလိုအချိန်မှာ သူတို့ဆီမှာလည်း စိန် တစ်လုံးထွက် နေပြီး မြန်မာဘက်က ပို့တဲ့အသီးကို ဈေးနှိမ်နေနိုင်တာပါ။ တရုတ်ဟာ သူကိုယ်တိုင် လုပ်နိုင်ရ မယ်ဆိုတဲ့ စိတ်မွေးတတ်တာကို မြန်မာတွေ သိထားရပါမယ်။ ဒါ ကြောင့် ကျွန်တော်တို့တွေလည်း စံချိန်စံညွှန်း မီတဲ့ အသီးအနှံမျိုးတွေ ကို စိုက်ပျိုးနိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါ တယ်။

သတိပေးအဆင့်ကို မကြားဘဲ ဒီအတိုင်း ဆက်သွားနေရင် နောင် နှစ်အနည်းငယ်အကြာမှာ မြန်မာ့ သရက်သီးကို မဝယ်တော့ဘဲ တရုတ် သရက်သီးတွေက မြန်မာပြည်တွင်း ပြန်သွင်းလာနိုင်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အခြေခံ စားသုံး ကုန်ဖြစ်တဲ့ လူသုံးကုန်ပစ္စည်း၊ သစ် သီးဈေးကွက်ကို မြန်မာပြည်တွင်း ထွက် သစ်သီးဈေးကွက်နေရာမရ အောင် ဈေးကွက်ချဲ့ထွင် နေရာယူ လာတာဟာ မြန်မာပြည်အတွက်ရော မြန်မာ့လူ့အဖွဲ့အစည်းအတွက်ပါ အန္တရာယ် အချက်ပေး ဥသြဆွဲသံဖြစ် နေမှာ ယုံမှားသံသယဖြစ်စရာမလိုပါ။

မြန်မာနွားတွေကို တရုတ်နဂါးကြီးဆီပို့

တရုတ်နဂါးကြီးဆီပို့တဲ့ မြန်မာ ပြည်တွင်းဖြစ်က မြန်မာ သယံဇာတ တွေပို့တယ်၊ ဓာတ် ငွေ့တွေ ပို့တယ်။ အခုထပ်ပို့နေတာက မြန်မာနွားတွေ ပါ။ တရုတ်နဂါးကြီးက မြန်မာနွား တွေကို ဈေးကြီးကြီးပေးဝယ်ပါတယ်။ နွားတွေ ရသလောက် အကုန်ဝယ်ပါ တယ်။ မြန်မာနွားတွေကို တရားဝင် တင်ပို့ ခွင့်ရအောင် တရုတ်နဂါးကြီး က လုပ်နိုင်စွမ်းရှိပါတယ်။
မြန်မာနွားတွေဟာ တရုတ် နိုင်ငံထဲကို တရားဝင် တင်ပို့တာတွေ ရှိသလို တရားမဝင်လမ်းကြောင်းတွေ ကနေလည်း တင်ပို့နေတာတွေရှိပါ တယ်။ တရုတ်နိုင်ငံထဲ နွားတွေ တရားမဝင် ပို့နေတဲ့လမ်းကြောင်း တွေက ဘယ်နေရာတွေလဲ။ တရား မဝင် လမ်းကြောင်းကနေ တရုတ် နိုင်ငံထဲကို ဘယ်လို တင်ပို့ကြသလဲ။ ဒါလည်း စဉ်းစားအဖြေရှာရမယ့် အရေးကိစ္စပါ။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ မြန်မာပြည် တွင်းဖြစ်တွေကို တရားဝင် ပို့ဆောင် ရလို့ အခွန်ငွေတွေ တိတိကျကျ ရရှိ နေတာ ကောင်းပါတယ်။ တရားဝင် လမ်းကြောင်းကနေ မြန်မာပြည်တွင်း ဖြစ် ကုန်ပစ္စည်းတွေ ပို့ဆောင်တော့ အခွန်ငွေ ပြည့်ပြည့်ဝဝ ရတာကြောင့် တရားမဝင်မှောင်ခို လမ်းကြောင်း ကနေ မြန်မာပြည်တွင်းဖြစ်တွေ ပို့ ဆောင်နေတာကို အမြန်ဆုံးစိစစ် အရေးယူဆောင်ရွက် ဟန့်တားရပ် တန့်သင့်ပါတယ်။
မြန်မာ့နွားတွေကို တရုတ်က ဈေးကြီးပေးဝယ်ပြီး မျိုးကောင်းမျိုး သန့်ရဖို့ ဆက်ပြီးမွေးမြူကြမှာဖြစ်ပါ တယ်။ တရုတ်နိုင်ငံဟာ အစ္စရေး ကနေ ဓာတ်ခွဲခန်းထုတ် နြအွှေငျကန ကို ဝယ်ထားပါပြီ။ မြန်မာ့နွား တွေ ဝယ်ယူခြင်းဟာ အချိန်အတိုင်း အတာတစ်ခုအထိ ဖြစ်သွားပြီး စိန် တစ်လုံး သရက်သီးဖြစ်နေသလို မြန်မာက နွားတွေကို ထပ်ဝယ်ဖို့ မသေချာနိုင်ပါ။

တရားမဝင်မှောင်ခို လမ်းကြောင်း ဘယ်လို ပေါ်လာသလဲ။

မြန်မာပြည်တွင်းဖြစ်တွေကို တရားဝင်လမ်းကြောင်းက မပို့ ဆောင်ကြဘဲ တရားမဝင်မှောင်ခို လမ်းကြောင်းက ပို့ဆောင်နေကြတာ ဘာကြောင့်လဲ။ တရားဝင်လမ်း ကြောင်းဖြစ်ဖို့ လုပ်ဆောင်ရတာ ခက်ခဲလို့လား။ အချိန်ကြာလို့လား။ စာရွက်စာတမ်းတွေ အများကြီးလုပ် နေရလို့လား။ တရားဝင်လမ်းကြောင်း ဖြစ်ဖို့လုပ်တာ အချိန်တွေကြာပြီး အရစ်ခံရတာများလို့ မခံနိုင်တော့လို့ လား။
တရားမဝင်လမ်းကြောင်းကနေ ပို့ရင်ငွေသာ ပေးရပေမယ့် အချိန်မြန် တယ်တဲ့။ ဘာစာရွက်စာတမ်းမှ မလို ဘူးတဲ့။ ဒါကြောင့် ငွေကုန်ပေမယ့် အမြန်ဆုံး လမ်းကြောင်းဖြစ်တဲ့ တရားမဝင် မှောင်ခိုလမ်းကို ရွေး ချယ်ကြပါသတဲ့။
ကုန်ကားကြီးတွေနဲ့ မြန်မာပြည် တွင်းဖြစ်တွေကို မူဆယ်မြို့ရဲ့ ဘယ် ထွက်ပေါက်တွေက ပို့ဆောင်နေ သလဲ။ မြန်မာနိုင်ငံကရမယ့် အခွန် ငွေတွေ ဆုံးရှုံးနေတာကြောင့် ဒါ လည်း သေချာအဖြေရှာရမယ့် အရေး ကြီး ကိစ္စပါ။
အခုချိန်မှာ တရားမဝင် မှောင် ခိုလမ်းကြောင်းတွေကို တာဝန်ရှိသူ တွေက သေချာကြပ်မတ်ကိုင်တွယ် ပြီး ဖမ်းဆီးနေသလို အဂတိလိုက်စား မှုတွေကိုလည်း အရေးယူဆောင်ရွက် နေပြီဖြစ်ပါတယ်။
နိုင်ငံသားတွေ ဥပဒေကို လိုက် နာချင်လာအောင် ဘယ်လိုခွန်အား ပေးရမလဲဆိုတာကိုပါ အစိုးရက ဝိုင်း စဉ်းစားပေးရတော့မှာပါ။ နိုင်ငံသား တွေအတွက် သက်သောင့်သက်သာ ဖြစ်စေမယ့် မူဝါဒတွေလည်း ဖြစ်ဖို့ လိုမယ်ထင်ပါတယ်။

တရုတ်နဂါးကြီးဆီ လူတွေလည်း ရောက်နေပြီ

တရုတ်နဂါးကြီးဆီ လူတွေ ဘယ်လိုရောက်သွားသလဲ။ ဘာ ကြောင့်ရောက်သွားသလဲ။ တရုတ် နဂါးကြီးရဲ့ နိုင်ငံသားတွေက အောက် ခြေသိမ်းအလုပ်တွေ သိပ်မလုပ်ကိုင် ကြတော့ဘူး။ ဝင်ငွေပိုရမယ့် အလုပ် တွေမှာသာ တရုတ်နိုင်ငံသားတွေ အလုပ်လုပ်ကိုင်ကြပါတယ်။ တရုတ် နိုင်ငံသားတွေမလုပ်ကိုင်ချင်တဲ့ အလုပ်တွေကို မြန်မာတွေ သွား ရောက်လုပ်ကိုင်နေပါတယ်။
တရုတ်နိုင်ငံထဲက ကဏန်းနဲ့ ငါးရှဥ့်စက်ရုံမှာ အလုပ်လုပ်ကိုင်နေ ကြတဲ့ မြန်မာလူမျိုးတွေဆီ သွား ရောက်လေ့လာ မေးမြန်းကြည့်တော့ .. ”လစာက အဆင်ပြေတယ်။ စက်ရုံထဲမှာ အခန်းကို စုငှားနေရ တယ်။ တရုတ်သူဌေးက အကုန် တာဝန်ယူပေးတယ်။ နားရက်မရှိပါ ဘူး။ မြန်မာနိုင်ငံမှာ ကျပ် ၃ သိန်း လောက်ရမယ့် အလုပ်ရှိရင် ပြန်လာ ချင်ပါတယ်။ မြန်မာမှာ အလုပ်ရှားပါး တော့ ဒီမှာ (တရုတ်) မှာပဲ လာလုပ် နေရတာပေါ့” တဲ့။ လူငယ် ယောက်ျားလေးတွေ အပြင်မိန်းမ ငယ်လေးတွေကိုလည်း မြင်တွေ့ခဲ့ရ ပါတယ်။ ဒါကြောင့် မြန်မာလူငယ် တွေရဲ့ ခွန်အားစွမ်းအား လုပ်အား တွေကို တရုတ်နဂါးကြီးဆီ ရောက်နေ ပြီလို့ ပြောတာပါ။
မြန်မာနိုင်ငံမှာရော အလုပ် အကိုင်အခွင့်အလမ်းတွေကောင်းဖို့ ဘယ်လိုဖန်တီးဆောင်ရွက်ပေးမလဲ။ တရုတ်နိုင်ငံထဲရောက်နေတဲ့ မြန်မာ လူမျိုးတွေအတွက်လည်း ထိုက်သင့် တဲ့ လုပ်ခလစာအပြင် အလုပ်သမား တွေ ခံစားရမယ့် အခွင့်အရေးတွေကို လည်း ပြည့်ပြည့်ဝဝ ရရှိစေချင်ပါ တယ်။
ဒီအရေးကတော့ ကိုယ့်နိုင်ငံ ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာမှ ဖြေရှင်းနိုင်မယ် ထင်ပါတယ်။ မြန်မာ လူငယ်တွေ ကိုယ့်နိုင်ငံမှာပဲ အလုပ် လုပ်ကိုင်နိုင်ကြပါစေလို့ပဲ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။ မြန်မာ ပြည်ရဲ့ ငွေဝင်ပေါက် ငွေထွက်ပေါက် ကြီးကို ဘယ်လိုကိုင်တွယ်မလဲ။ တရုတ်နဂါးကြီးဟာ မြန်မာပြည်ရဲ့ သဘာဝ သယံဇာတတွေ၊ လူသား စွမ်းအား အရင်းအမြစ်များနဲ့ လူသား သယံဇာတများပါ နှိုက်စားနေပြီဆို တာ သိစေချင်လို့ပါ။ တရုတ်နဂါးကြီး စားနေတဲ့ မြန်မာပြည်တွင်းဖြစ် အား လုံးဟာ မြန်မာပြည် အနာဂတ် ရှင် သန်ရေးအတွက် ပင်မမဏ္ဍိုင် အင်အားစုများဖြစ်နေတာမို့ မြန်မာ ပြည်သူပြည်သား အပေါင်းတို့ သတိ ရှိ၊ အသိမူကြစေဖို့ တိုက်တွန်း ရေး သားလိုက်ရတာပါ။

ညိုသစ်ငယ်

Ads Space Available


Continue reading

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက် စတင်လေ့ကျင့်ပြင်ဆင်

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြချုပ် ဦးသန်းဝေ က ဦးဆောင်ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းနှင့်ပူးပေါင်းနေသည့်ကစားသမား (၄) ဦးနှင့်ဒ-ဏ်ရာကြောင့် ခွဲစိတ်မှုခံယူထားရသောတိုက် စစ်မှူး ယွန်းဝတီလှိုင်တို့ ပါဝင်နိုင်ခြင်း မရှိသေးကြောင်း အသိပေးထားသည်။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းကို ၂၀၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အမျိုးသမီး ဘောလုံးလောက တိုးတက်ရန်နှင့် မျိုးဆက်သစ် ကစားသမားကောင်းများပေါ်ထွက်လာရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။ အသင်းစတင်တည်ထောင်ပြီး မကြာမီကစားသမားကောင်းများကို...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယင်းသည် ၈ နှစ်အတွင်း မြောက်ကိုရီးယားအားကစားသမားများ က တောင်ကိုရီးယားသို့ ပထမဆုံး လာရောက်ယှဉ်ပြိုင်မှုဖြစ်သည်။ အာရှအမျိုးသမီးချန်ပီယံလိဂ် ဆမ္မီးဖိုင်နယ်ပွဲစဉ်အတွက် တောင်ကိုရီးယားသို့ သွားရောက်မည့် ကစားသမား ၂၇ ဦးနှင့် ဝန်ထမ်း ၁၂ ဦး၏ အမည်စာရင်းကို မြောက်ကိုရီးယားက ပေးပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်ူထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ မေလ ၂၀ ရက်နေ့တွင် ဆူဝန်၌...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ခြင်း၊ ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှုများစွာလျော့နည်းသွားမည်ဟု ပြောသည်။ ထို့ပြင် စက်သုံးဆီသယ်ယူဖြန့်ဖြူးမှုပိုမိုစနစ်ကျစေရန် မျှောစာထုတ်ပေးရာ၌ Application ရေးဆွဲကာ QR Code...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071