Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...
HomeSportမြန်မာ့စပါးအုံြးွေမဆိုတာနဲ့ကမ္ဘာ့ MMA ဖိုက်တာတွေ...

မြန်မာ့စပါးအုံြးွေမဆိုတာနဲ့ကမ္ဘာ့ MMA ဖိုက်တာတွေ အကုန်လုံး တုန်လှုပ်သွားတဲ့အထိ အောင်မြင်လာသူအောင်လအန်ဆန်းရဲ့ကတိ

အောင်လအန်ဆန်းဆိုတဲ့ နာမည်ကို ရေရွတ်လိုက်တာနဲ့ ကမ္ဘာ့နိုင်ငံအသီး သီးမှာရှိနေတဲ့ One Championship ဖိုက်တာတွေအားလုံး မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်သွားပါလိမ့်မယ်။ သူဟာ ကမ္ဘာ့မစ်ဒယ်ဝိတ် တန်းOne Championship ချန်ပီယံဖြစ်သလို ကမ္ဘာ့လိုက်ဟဲဗီးဝိတ်One Championship ချန်ပီယံတစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေကတော့ သူ့ကို ကြိုးဝိုင်းအတွင်းမှာရော အပြင်ဘက် မှာရော အောင်လအန်ဆန်းဆိုတာထက် ” အောင်လ” … “အောင်လ”ဆိုပြီးတော့ပဲ ချစ်စနိုးခေါ်ဝေါ်ကြပါတော့တယ်။

ထူးခြားတာကတော့ အောင်လဟာ One Championship ပြိုင်ပွဲတွေကို အမေရိကန်နိုင်ငံကနေ လွန်ခဲ့တဲ့နှစ်တွေ ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်နေခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်ကျော်ချုပ်ကွက်တွေကြောင့် One Championship ဖိုက်တာလောကမှာ မြန်မာ့စပါးအုံြးွေမလို့ ပြိုင်ဘက်တွေက တင်စားခေါ်ဝေါ်လာခဲ့ကြပါတယ်။

မြန်မာပြည်သူတွေနဲ့ ရင်းနှီးခဲ့တာက ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲကနေ စတင် လာပါတယ်။ အဲဒီတုန်းကOne Championship  ပြိုင်ဘက် အီဂျစ်နိုင်ငံသား မိုဟာမက်အလီ ကို မိမိရဲ့မြန်မာပြည်သူ ပြည်သားတွေရှေ့မှောက်မှာ ပြတ်သားစွာအနိုင်ယူနိုင်ခဲ့ပြီး မြန်မာ့ အလံကိုလွှင့်ထူနိုင်ရုံမက မြန်မာပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ပိုတိုးလို့ရယူသွား နိုင်ခဲ့ပါတယ်။

နောက်တော့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းOne Championship ချန်ပီယံနဲ့ ကမ္ဘာ့လိုက် ဟဲဗီးဝိတ်One Championship ချန်ပီယံတို့ကို အမိမြေမှာ အပြတ်အသတ်အနိုင်ယူပြီး အောင်လအန်ဆန်းက ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းOne Championship ချန်ပီယံဖြစ်လာခဲ့သလို ကမ္ဘာ့လိုက်ဟဲဗီးဝိတ် One Championship ချန်ပီယံလည်းဖြစ်လာခဲ့ပါတယ်။ အခုတော့အဲဒီချန်ပီယံခါးပတ်တွေကို ကာကွယ်ရတော့မယ့် ကမ္ဘာ့ချန်ပီယံကြီးအဖြစ် ကမ္ဘာမှာ မျက်နှာ ပန်းလှလှနဲ့ ရပ်တည်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီလိုရပ်တည်နိုင်ဖို့ သူ့ရဲ့ဘဝခရီးအစတွေက ထင်သလိုလွယ်ကူခဲ့တာမျိုးတော့ မဟုတ် ခဲ့ပါဘူး။ အောင်လအန်ဆန်းကို ၁၉၈၅ ခုနှစ်က မြစ်ကြီးနားမြို့ရဲ့ ဒူကထောင်ဆိုတဲ့ ရပ်ကွက် လေးတစ်ခုမှာ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ သို့ပေမဲ့လည်း ၅ နှစ်သားအရွယ်အရောက်မှာ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး ၁၈ နှစ်သားအရွယ်အထိ ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မြို့နယ်မှာ ပဲနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခိုက် ပညာရပ်တွေကို စိတ်ဝင်စားတဲ့ အောင်လတစ်ယောက် ၁၈ နှစ်အရွယ် မှာပဲ အမေရိကန်ပြည်ထောင်စုကို သွားရောက်နေထိုင်ဖို့ အကြောင်းဖန်လာချိန်မှာတော့ MMA ဆိုတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်ကို လေ့လာဖို့ ပိုအဆင်ပြေသွားခဲ့ပါတယ်။ စတင်သင် ယူတာကတော့ ဂျူဂျစ်ဆုပညာရပ်ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကစ်ဘောက်ဆင်နဲ့ ကရာတေး တွေကို ထပ်မံသင်ယူပြီး MMA ဆိုတဲ့ တိုက်ခိုက်ရေး ဖိုက်တာနယ်ပယ်ထဲကို တိုးဝင်ရောက် ရှိလာခဲ့တာပဲဖြစ်ပါတယ်။ရှုံးလိုက်နိုင်လိုက်နဲ့ ဖြတ်ကျော်ရင်း မြန်မာ့စပါးအုံြးွေမဆိုပြီးတော့ MMA ဖိုက်တာ လောကမှာ နာမည်ကျော်ကြားလာပါတော့တယ်။

အောင်လအန်ဆန်းဘာကြောင့် အောင်မြင်လာခဲ့သလဲဆိုတာကို ရိုးရှင်းစွာနဲ့ပဲ အောင်လ ကပြောပါတယ်။ အဲဒါကတော့ သူဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ခွင့်ရခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ အားပေးစကားလိုပါပဲတဲ့။ “သူပြောပြခဲ့တာက အကောင်းဆုံးဆိုတာ ဘယ်အရာမှ လွယ်လွယ်နဲ့မရဘူး။ အရမ်းကြိုး စားရတယ်။ တစ်ခုခုကို ရည်မှန်းထားတယ်ဆိုရင် ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားရမယ်။ လွယ် လွယ်နဲ့ရတယ်ဆိုတာ ဘာတစ်ခုမှမရှိဘူးပေါ့”လို့ ဆိုပါတယ်။

အောင်လအန် ဆန်းကတော့ သူ့ကို အားပေးနေကြတဲ့ မြန်မာ ပြည်သူအပေါင်းကို လွန်စွာကျေးဇူးတင်ပြီး သူ့ရဲ့ ချန်ပီယံခါးပတ်တွေကိုလည်း အချိန်အကြာကြီး ထိန်းထားနိုင် အောင် ကြိုးစားသွားမယ်လို့ က တိပြုခဲ့တယ်။

 

“မြန်မာနိုင်ငံဆိုတာနဲ့ MMA မှာ နာမည်ကြီးနိုင်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ ဒီထက် နာ မည်ကြီးနိုင်အောင် ကြိုးစားသွားပေး မယ်။ ကျွန်တော့်ရဲ့ ချန်ပီယံခါးပတ် ကိုလည်း အချိန်တွေအကြာကြီးရ ယူထားနိုင်အောင် ကြိုးစားသွားမယ် လို့ကတိပေး တယ်”လို့ အောင်လ အန်ဆန်းက ပြောပါတယ်။အောင်လအန်ဆန်း ကမ္ဘာ့မစ် ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ရုရှား နိုင်ငံသားဘစ်တာလီဘတ်ဒစ်ကို အနိုင် ယူခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ညက ပြောခဲ့တဲ့စကားလေးတစ်ခွန်းရှိခဲ့တယ်။

“မြန်မာပရိသတ်တွေ အားပေးတဲ့အတွက် အခုလိုမျိုး ကမ္ဘာ့ချန်ပီယံဖြစ်ခွင့်ရခဲ့တာပါ။ ကျွန်တော့်အိပ်မက်က တော့ တစ်နေ့နေ့ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစားမယ် ဆိုပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်မှာ စုပေါင်း ပြီး စုစုစည်းစည်းနဲ့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးအတွက်လည်း အားလုံးကိုကျွန်တော်တိုက် တွန်းချင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူပြည်သား တွေအားလုံး စုစုစည်းစည်းနဲ့ ကိုယ့်မြန်မာလူမျိုးအချင်းချင်း အားပေးကြမယ်။ တစ်ယောက်နဲ့တစ်ယောက် စုစည်းအား ယူပြီး စည်းလုံးမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်”လို့ အောင်လအန်ဆန်းက ပြောပြသွားခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက် စတင်လေ့ကျင့်ပြင်ဆင်

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြချုပ် ဦးသန်းဝေ က ဦးဆောင်ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းနှင့်ပူးပေါင်းနေသည့်ကစားသမား (၄) ဦးနှင့်ဒ-ဏ်ရာကြောင့် ခွဲစိတ်မှုခံယူထားရသောတိုက် စစ်မှူး ယွန်းဝတီလှိုင်တို့ ပါဝင်နိုင်ခြင်း မရှိသေးကြောင်း အသိပေးထားသည်။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းကို ၂၀၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အမျိုးသမီး ဘောလုံးလောက တိုးတက်ရန်နှင့် မျိုးဆက်သစ် ကစားသမားကောင်းများပေါ်ထွက်လာရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။ အသင်းစတင်တည်ထောင်ပြီး မကြာမီကစားသမားကောင်းများကို...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယင်းသည် ၈ နှစ်အတွင်း မြောက်ကိုရီးယားအားကစားသမားများ က တောင်ကိုရီးယားသို့ ပထမဆုံး လာရောက်ယှဉ်ပြိုင်မှုဖြစ်သည်။ အာရှအမျိုးသမီးချန်ပီယံလိဂ် ဆမ္မီးဖိုင်နယ်ပွဲစဉ်အတွက် တောင်ကိုရီးယားသို့ သွားရောက်မည့် ကစားသမား ၂၇ ဦးနှင့် ဝန်ထမ်း ၁၂ ဦး၏ အမည်စာရင်းကို မြောက်ကိုရီးယားက ပေးပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်ူထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ မေလ ၂၀ ရက်နေ့တွင် ဆူဝန်၌...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ခြင်း၊ ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှုများစွာလျော့နည်းသွားမည်ဟု ပြောသည်။ ထို့ပြင် စက်သုံးဆီသယ်ယူဖြန့်ဖြူးမှုပိုမိုစနစ်ကျစေရန် မျှောစာထုတ်ပေးရာ၌ Application ရေးဆွဲကာ QR Code...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071