Monday, June 1, 2026

Anhui ပြည်နယ် — သဘာဝအလှ၊...

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E....

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt....

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊...
HomeCelebrities' Newsကျော်သူ၊ စိုးသူ ရိုက်ကူးထားတဲ့...

ကျော်သူ၊ စိုးသူ ရိုက်ကူးထားတဲ့ ဒိုး ဇာတ်ကားမျိုး မြင့်မြတ်နဲ့ရိုက်ထားကြောင်း ခင်လှိုင် ပြော

သရုပ်ဆောင် ခင်လှိုင်ကတော့ လက်ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ “ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး …

“ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ကာရိုက်တာက တော့ ကျွန်းတစ်ကျွန်းမှာနေထိုင်ကြ တဲ့ လူမျိုးစုတစ်စုပေါ့။ ဟာသဇာတ် ရုပ်ပါပဲ။ ကျွန်တော်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတစ်ခုကို ဒီဇာတ်ကားမှာ လုပ်ခွင့်ရခဲ့တာပေါ့။ ဇာတ်ကားရိုက် ကူးတုန်းကတော့ ပျော်စရာကောင်းသ လို ပင်လည်းပင်ပန်းခဲ့ပါတယ်။ စတင် ရိုက်ကူးတုန်းကတော့ ကျွန်တော်က တစ်ကိုယ်လုံး Tattoo တွေနဲ့ဆိုတော့ အကုန်ဆေးတွေနဲ့ဖုံးရတယ်။ ချွေး ပေါက်တွေ ပိတ်သွားတော့ ခေါက် တွေကိုက်ပြီး ကောင်းကောင်းတောင် အိပ်လို့မရပါဘူး။ ဇာတ်ကားရိုက်ကူး တုန်းက တစ်ချိန်လုံးတင်ပါးကြီးပေါ်ပြီး မြို့ထဲတွေလည်း သွားပြီးရိုက်ရတယ်။ Shopping Mall တွေ သွားပြီးရိုက်ကူး တယ်ဆိုတော့ ပရိသတ်တွေ ကြားထဲမှာ နေဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး။ ချွေးနံ့နံမှာလည်း စိုးတယ်။ တစ်ခန်းရိုက်ကူးပြီးပြီဆိုရင်လည်း အော်ပြောရတာက တော်တော်ပင် ပန်းတယ်”လို့ ခင်လှိုင်ကပြောပါတယ်။

သူငယ်ချင်းနှစ်ယောက်ရဲ့ မေတ္တာဖွဲ့ဇာတ်လမ်းကို သရုပ် ဆောင်မြင့်မြတ်နဲ့အတူ ရိုက်ကူးခွင့် ရခဲ့လို့ပျော်ရွှင်ပါတယ်လို့ပြောလာ တဲ့ သရုပ်ဆောင်ခင်လှိုင်က …

“ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ဖြစ်နေပါတယ်။ ဟိုတ လောကတော့ အက်ရှင်နဲ့ ဒရာမာ ရိုက်ကူးတာ နည်းနည်းများသွား တယ်။ မလေးရှားက ဒါရိုက်တာနဲ့ ရိုက်တဲ့ “ံနမသ” ဆိုတဲ့ဇာတ်ကားမှာ မြင့်မြတ်နဲ့ ကျွန်တော်နဲ့နှစ်ယောက် အက်ရှင်ဒရာမာဇာတ်ကားလေးပေါ့။ နောက်ထပ် ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “မျိုးရိုးဇိုး” ဆိုတဲ့ဇာတ် ကားမှာလည်း မြင့်မြတ်နဲ့ သူငယ် ချင်းနှစ်ယောက်။ “မျိုးရိုးဇိုး” ရှေ့မှာ ရိုက်ကူးခဲ့တဲ့ “ခိုးဆိုးလုနှိုက်”တို့ “တော ကျီးကန်း”တို့နဲ့တော့ မတူပါဘူး။ အဲဒီ မှာကျတော့ သူငယ်ချင်းကို သတ်ခဲ့ရ တယ်။ ဒီဇာတ်ကားထဲမှာကျတော့ ကိုယ်က သူငယ်ချင်းအတွက် ကာ ကွယ်ရတဲ့ ကာရိုက်တာပါ။ တအား ချစ်စရာကောင်းတဲ့ ဇာတ်ကားလေး ပါ။ အရင်တုန်းက ကျွန်တော်တို့ အားကျရတဲ့ ကိုကျော်သူတို့ ကိုစိုး သူတို့ ရိုက်ကူးခဲ့ကြတဲ့ “ဒိုး” ဇာတ် ကားလို သူငယ်ချင်းနှစ်ယောက်ရဲ့ မေတ္တာဖွဲ့ဇာတ်လေးပါ။ အရင်က တည်းက အဲ ဒီလိုဇာတ်ကားမျိုးမှာ သရုပ်ဆောင်ချင်နေ တော့ ပါဝင်သ ရုပ်ဆောင်ခွင့်ရ ခဲ့တဲ့အတွက် တအားပျော် ပါတယ်”လို့ ပြောပါတယ်။

 

သတင်း-ဇော်ဝင်းအောင်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

Anhui ပြည်နယ် — သဘာဝအလှ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့ ပေါင်းစည်းရာဒေသ

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui ပြည်နယ်၏ Fuyang မြို့သည် စက်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုနေသည့် မြို့တစ်မြို့ဖြစ်သည်။ Fuyang Zhigu Industrial Park တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာနေသည်ကို မြင်တွေ့ရသည်။ Huashiyadi Silk Museum တွင်လည်း တရုတ်နိုင်ငံ၏ ရိုးရာပိုးထည်လုပ်ငန်းသမိုင်းနှင့် ခေတ်မီစက်မှုထုတ်လုပ်ရေးစနစ်တို့ကို ပေါင်းစပ်ထားပုံကို လေ့လာနိုင်ခဲ့သည်။ Shuangqing...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တွေ့ဆုံကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေး မြန်မာ-အိ န္ဒိယ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးအရဆက်ဆံရေး၊ ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန်အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-အိန္ဒိယဆွေးနွေးလျက်ရှိသည့် နားလည် မှုစာချွန်လွှာများ၏...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တွေ့ဆုံ

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် အိန္ဒိယနိုင်ငံသမ္မတအိမ်တော် ဧည့်ခန်းမ၌ ယနေ့ ဇွန် ၁ ရက်ကတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့်အပြည့်အဝထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသတ်မှတ်ကာလအတွင်းပြီးစီးရေးဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုး တက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအ နေများ၊ နှစ်နိုင်ငံကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071