Saturday, April 11, 2026

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်...

မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA)လမ်းကြောင်းကို မဖြစ်မနေဆက်လက်အကောင်အထည် ဖော်သွားမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအ စိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ စိုးရများမှ ဝန်ကြီးချုပ်များ၊...

မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်နိုင်ငံ...

နှစိနိုင်ငံ လွှတ်တော် နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆွေးနွေး မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော် ဥက္ကဌ H.E Mr.Igor...
HomeMoviesဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

” ဒီနေ့နိုင်ငံမှာတွေ့ကြုံနေရတာက အများစုဟာတည်ဆဲဥပဒေတွေကို နားလည်မှုနည်းပါးတာ၊ အလေးဂရုမပြုတာတွေကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းနေတာကို တွေ့ရပါတယ်။ ပြည်သူအားလုံး ဥပဒေကိုသိရှိလိုက်နာမှသာ စည်းကမ်းပြည့်ဝပြီးအေးချမ်းသာယာကြမှာပါ”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ကြောင့် ဥပဒေများကို သိရှိလိုက်နာတတ်စေရန် ကျောင်းနေစဉ်ကပင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပြီး ပညာရေးအားနည်းပါက တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာ အားနည်းလာမည်ဖြစ်၍ အခြေ ခံပညာကျောင်းများတွင် ဥပဒေအခြေခံများကို အထက်တန်းအဆင့်၌သင်ကြားပေးနေကာ ပြည်နယ်/တိုင်းတက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာဘွဲ့(ဥပဒေ)ပေးနိုင်ရန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်နေမှုကြောင့် လက်ရှိအချိန်တွင် တရားဥပဒေစိုးမိုးရေးအထိုက်အလျောက်တိုးတက်လာ၍ ရှေ့အစိုးရကာလသစ်တွင်လည်း ပိုမိုထိရောက်အောင် ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ ယစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ ၍မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားဝတ်နေရေးအဆင်ပြေချောမွေ့စေရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ လျှပ်စစ်မီးရရှိရန်၊ ရေကောင်းရေသန့်ရရှိရန်စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်ရန်လိုအပ်ပြီး လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျသည်ဟု ပြောသည်။ နိုင်ငံတွင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကာ ဆောင်ရွက်ဆဲစီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရသော၊...

ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရန် နိုင်ငံတော်သမ္မတမှာကြား

မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ၍မိန့်ခွန်းပြောကြားစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာ ဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုအလေးထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး လုပ်ငန်းတာ ဝန်များကို ရိုးသားဖြောင့်မတ်စွာဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။ ထို့အတူ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အခြေခံကောင်းကောင်းနှင့် ခိုင်မာအားကောင်းအောင် တဖြည်းဖြည်းတည်ဆောက်ရန်၊...

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA)လမ်းကြောင်းကို မဖြစ်မနေဆက်လက်အကောင်အထည် ဖော်သွားမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအ စိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ စိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ၍မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော့်အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA)လမ်းကြောင်းကို မဖြစ်မနေဆက်လက်အ ကောင်အထည်ဖော်သွားမှာပါ။ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ သိရှိလက်ခံကြဖို့နဲ့ နိုင်ငံနဲ့ပြည်သူရဲ့အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကိုအချိန်မီပြုပြင်ကြဖို့လိုအပ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် ဖြစ်ချင်သည်များကို တောင်းဆိုနေမည့်အစား ဖြစ်သင့်သည်ကိုဘဲတောင်းဆိုပြီး ဖြစ်နိုင်သည်များကိုဆောင်ရွက်သွားရန်လိုကာ မိမိတို့ စည်းစည်းလုံးလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071