Friday, May 1, 2026

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...
HomeMyanmar Theatrical Traditionအနုပညာလောကကို မလွမ်းဘူးလားမေးတိုင်း မျက်ရည်ဝဲရတယ်လို့...

အနုပညာလောကကို မလွမ်းဘူးလားမေးတိုင်း မျက်ရည်ဝဲရတယ်လို့ ဖွင့်ဟခဲ့ တဲ့လူရွှင်တော် ဦးချစ်စရာ

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် လူ ရွှင်တော် ဦးချစ်စရာလို့ ပြောလိုက် တာနဲ့ အဲဒီအမည်နာမကို ပရိသတ် တွေ မသိသူမရှိသလောက်ပါပဲ။ ဒါ ပေမဲ့ ဦးချစ်စရာကတော့ အနုပညာ လောကနဲ့ ကင်းကွာသွားခဲ့တာ နှစ် အတော်ကြာခဲ့ပါပြီ။ လက်ရှိမှာတော့ သူက ရန်ကုန်မြို့ လှည်းတန်းမှာ တစ်ဦးတည်းနေ ထိုင်လျက်ရှိနေပါ တယ်။

သူ့အိမ်နံရံပေါ်မှာတော့ သူနဲ့သူ့ရဲ့ဇနီးတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံအဟောင်းလေးတချို့ကို မြင် တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီး ကတော့ သူ့ကို ထားရစ်ပြီး ကွယ်လွန် အနိစ္စ ရောက်ခဲ့ပါပြီ။ သူတို့တွေမှာ သားသမီးတွေလည်း မရှိခဲ့ပါဘူး။ ဘာကြောင့် သားသမီး မယူဖြစ်ခဲ့တာ လဲဆိုတော့ သူ့ရဲ့မိန်းမကို ချစ်လွန်း လို့ ဖြစ်တယ်လို့ ဦးချစ်စရာက ရိုးရိုး ရှင်းရှင်းဆိုပါတယ်။ ဘာကြောင့်လဲဆို တော့ သူ့ရဲ့ဇနီးမှာ ဆီးချိုသွေးချို ရောဂါရှိနေတာကြောင့်ပါ။ ကလေး ယူခဲ့ရင် မွေးတဲ့အခါမှာ ကလေး အသက်နဲ့ ဇနီးအသက် နှစ်ခုကို ရွေး ရတဲ့ အခြေအနေတွေ ရှိလာနိုင်တာ ကြောင့် ဦးချစ်စရာတို့ ဇနီးမောင်နှံ ဟာ ကလေးမယူဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဦးချစ်စရာကတော့ နောင်တမရခဲ့ဘူးဆိုပေမယ့်လည်း သူ့ဇနီးထားရစ်ခဲ့ပြီး နောက်ပိုင်းရက် တွေမှာတော့ တစ်ခါတလေ သူတစ် ယောက်တည်း အထီးကျန်တတ်တာ မျိုးတွေ ရှိလာတယ်လို့လည်း ပေါ်ပြူ လာဂျာနယ်နဲ့ တွေ့ဆုံတော့ ပြောပြ ပါတယ်။

နောက်တစ်ခု ဦးချစ်စရာလွမ်းမိ နေတာကတော့ သူကျင်လည်ခဲ့တဲ့ ရုပ်ရှင်လောကပဲ ဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း အသက်အရွယ်ရ လာတဲ့အချိန် ကျန်းမာရေးကလည်း မကောင်းတော့တာကြောင့် အနု ပညာလောကကို စွန့်ခွာခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ဇာတ်ကားတွေကို ရုပ်သံတွေမှာကြည့်ရှုဖြစ်တိုင်း ပြန် လွမ်းနေရတယ်လို့ မျက်ရည်ဝဲရင်း ဆိုပါတယ်။

“အနုပညာလောကကို မလွမ်း ဘူးလားမေးတိုင်း မျက်ရည်ဝဲရတယ်။ လွမ်းတာပေါ့ဗျာ။ ကိုယ်လုပ်ခဲ့တဲ့ အနုပညာ သရုပ်ဆောင်ချက်လေး တွေ တီဗီကလာတိုင်း အောက်မေ့ သတိရတယ်။ ကိုယ့်အပေါင်းအသင်း မိတ်ဆွေတွေအားလုံးကို သတိရ တယ်။ ပြီးတော့ ပရိသတ်ကိုလည်း အားနာရတယ်။ ကိုယ်က အသက် အရွယ်ကြီးသွားတော့ ဘာမှ မလုပ် နိုင်တော့ဘူး။ ပရိသတ်တွေက ကျွန် တော်တို့ရဲ့ ထမင်းရှင်၊ ဟင်းရှင် အစစ်တွေပါ။ တကယ်အားနာပါ တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပါဝင်တဲ့ ဇာတ်ကားလေးတွေ လာ တိုင်း ပြန်လည် အားပေးပါဦးလို့ပဲ တောင်း ဆိုနိုင်တော့တယ်။ ကျေးဇူး တင်ပါတယ်ဗျာ” လို့ ဦးချစ်စရာက ပြောပြပေးပါတယ်။
အသက်အရွယ်ကြီးလာတဲ့အခါ ရောဂါဘယတွေကလည်း အမျိုးမျိုး ဝင်လာနေတော့ ဆေးဖိုးဝါးခတွေရဲ့ ကုန်ကျစရိတ်တွေဟာလည်း မနည်း မနောပါလို့ ဦးချစ်စရာက ဆိုတယ်။ တဖြည်းဖြည်းနဲ့ ဆေးဖိုးဝါးခ အကျပ် အတည်းတွေ ဒုက္ခလည်း ကြုံဆုံလာ ရတယ်လို့ ဆက်ပြီး စကားဆိုတယ်။ အဲဒါကြောင့်လည်း လက်ရှိမှာ သူတို့ လို ဇာတ်ပို့ဇာတ်ရံနေရာကနေ ကျင် လည်ဖြတ်သန်းနေကြရတဲ့ အနုပညာ ရှင်တွေကို မှာချင်တာက မဖြုန်းပါနဲ့၊ အကျိုးရှိအောင် အသုံးချကြပါ။ ဆင် ခြင်တုံတရားနဲ့ သုံးသပ်ပြီး ဖြတ်သန်း ကြပါလို့ ဆုံးမစကား ပြောဆိုပါတယ်။

“ဒီဘက်ခေတ် ဇာတ်ပို့လေးတွေ ကံကောင်းကြတယ်။ ရုပ်သံတွေ ရှိ လာတယ်။ ရုပ်ရှင်တွေ ပြန်လည် ရှင် သန်လာတယ်။ ဒါပေမဲ့ ဗီဒီယိုတော့ သိပ်မရှိတော့ဘူးပေါ့နော်။ အဲဒီတော့ အခုအချိန်မှာ ရှာဖွေလို့ ကောင်းနေ တဲ့ သူတွေကို မှာချင်တာရှိတယ်။ ရတုန်းမှာ၊ ရတဲ့အချိန်မှာ ရရှိလာတဲ့ ငွေတွေကို စုစည်းပါ။ စုဆောင်းပါ။ ဖြုန်းတာနဲ့ သုံးတာနဲ့ မတူဘူးလေ။ အရင်းအနှီးရတဲ့ တစ်ခုခု စုဆောင်း ကြပါ။ အလုပ်ပါးလာတဲ့အချိန် ငွေ ကြေးအခက်အခဲဆိုတာ ကြုံလာနိုင် ပါတယ်။ အဲဒီတော့ ဆင်ခြင်တုံတရား နဲ့ ဝေဖန်ပိုင်းခြားပြီးတော့ ဖြတ်သန်း ကြပါ။ အိုစာမင်းစာအတွက် စု ဆောင်းကြပါလို့ပဲ မှာချင်ပါတယ်”လို့ ဦးချစ်စရာက ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071