မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ မေ ၂၄ ရက်ညနေ ၅ နာရီ ၁၂ မိနစ်ခန့်က မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အောင်မြေသာစံမြို့နယ် ၊ ၈၆ လမ်း၊ (၉x၁၀)ကြားတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြပြီးနောက် ညနေ ၅ နာရီ ၁၉ မိနစ်တွင် Level 2 အဆင့်ဖြင့် မီးသတ်ယာဥ်များထပ်မံအားဖြည့်ကာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo-Ko Than Htay