အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက သတင်းဖော်ပြခဲ့သည်။
“ရုရှားသာမကဘူး အိုင်အေအီးအေ(နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ) ကလည်း အီရန်တို့ နျူကလီးယားလက်နက် ရရှိဖို့ ပြင်ဆင်နေတဲ့ အထောက်အထားမျိုး လုံး၀ မတွေ့ခဲ့တာကြောင့် အစ္စရေးခေါင်းဆောင်တွေကို ငါတို့အကြိမ်ကြိမ် သတိပေးခဲ့ကြပါတယ်” ဟု ပူတင်က ပြောခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက ဖော်ပြသည်။
ငြိမ်းချမ်းသောလုပ်ရပ်အတွက်ရည်ရွယ်သော နျူကလီးယားအစီအစဉ်အတွက် ရုရှားက အီရန်ကို ထောက်ခံပံ့ပိုးရန် အသင့်ရှိကြောင်းနှင့် အီရန်သည် ယင်းသို့ လုပ်ပိုင်ခွင့်ရှိကြောင်းလည်း ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။
အစ္စရေး-အီရန် ပဋိပက္ခတွင် သွေးထွက်သံယိုဖြစ်ရမှုကို ရပ်တန့်နိုင်မည့် အတွေးအခေါ်ကို နှစ်ဖက်စလုံးကို ရုရှားက အကြံပြုထားသည်ဟု သောကြာနေ့က စိန့်ပီတာစဘတ်တွင် ပြုလုပ်သည့် စီးပွားရေးဖိုရမ်တွင် ပူတင်က ပြောကြားခဲ့သည်။
ယင်း အတွေးအခေါ် အယူအဆကိုမူ ပူတင်က အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
Ref: အာရပ်နူးစ်