Saturday, May 17, 2025

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...
HomeInternationalအီရန်သည်နျူကလီးယားဗုံးကို ဘယ်တော့မှမရစေရဟုယူအက်စ်ပြော

အီရန်သည်နျူကလီးယားဗုံးကို ဘယ်တော့မှမရစေရဟုယူအက်စ်ပြော

ဝါရှင်တန်၊ဧပြီ ၁၄

အမေရိကအနေဖြင့် အီရန်က နျူကလီးယားလက်နက်မရ‌ေစရေးအတွက် သံတမန်နည်းလမ်းဖြင့်သာဆောင်ရွက်သွားရန် မျှော်လင့်ထားသော်လည်း သံတမန်နည်းလမ်းဖြင့် မအောင်မြင်ပါက စစ်ရေး နည်လမ်းကို အသုံးပြုရန်အတွက်အမေရိကန်စစ်တပ်ကအဆင်သင့်ဖြစ်နေပြီဟု ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

အီရန်၏နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏သည် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန် အမေရိကနှင့်အီရန်ကိုယ်စားလှယ်များ အိုမန်၌ စနေနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဆက်ကမူ အိုမန်၌ကနဦးသဘောတွေ့ဆုံမှုသည် အကျိုးဖြစ်ထွန်းခဲ့ပြီး ခြေလှမ်းကောင်းတစ်ရပ်အဖြစ်သတ်မှတ်ခဲ့ကြောင်းပြောကြားခဲ့သည်။

“အမေရိကအနေနဲ့ စစ်ရေးအရဖြေရှင်းလိုတဲ့ဆန္ဒမရှိပါဘူး၊ဒါပေမဲ့ လိုအပ်လာရင်တော့လည်း စစ်အင်အားကိုထုတ်သုံးသွားမှာဖြစ်ပြီး နျူကလီးယားလက်နက်တွေ အီရန်လက်ထဲမရောက်ဖို့ နည်းလမ်းကုန်သုံးပြီး ကြိုးပမ်းသွားမှာပါ” ဟုလည်း၄င်းက ပြောကြားခဲ့သည်။

“အိုမန်မှာလုပ်တဲ့ဆွေးနွေးမှုတွေမအောင်မြင်ခဲ့ရင် အစ္စရေးနဲ့ပေါင်းပြီး အီရန်ကိုစစ်ရေးအရအရေးယူသွားမှာပါ” ဟုလည်း အမေရိကန်သမ္မတထရမ့်ပ်ကပြောကြားခဲ့သည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FB စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ထားသည်။ပုံပါဇယားတွင်လည်း ပါရှိသည်။ ထိုင်းနိုင်ငံသည် လေကြောင်းခရီးသွားများကို အကာအကွယ်ပေးရန် အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ CAB ၏ညွှန်ကြားချက် အမှတ်စဥ် ၁၀၁ အရ နိုင်ငံတကာလေကြောင်းခရီးစဉ်များအသိပေးခြင်းမရှိဘဲ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိပါက  ခရီးသည်များအား အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးလျော်ကြေး၊ ပြန်အမ်းငွေ၊ ပြန်လည်ဘွတ်ကင်လုပ်ခြင်း သို့မဟုတ် ဟိုတယ်တည်းခိုခွင့်များကိုကြန့်ကြာမှုအချိန်ပေါ်မူတည်၍ ခံစားခွင့်ရှိတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆ ရက်က ထုတ်လွှင့်ခဲ့သည့် Fox News သတင်းဌာနနှင့် အင်တာဗျူးအတွင်း မစ္စတာရှီထံ အလည်အပတ်သွားရောက်လိုပါသလားဆိုသော အမေးကို “သေချာတာပေါ့” ဟု မစ္စတာ ထရမ့်ပ်က ပြန်ဖြေခဲ့ပြီး တရုတ်နှင့် အမေရိကဆက်ဆံရေးသည် အရေးကြီးသည်ဟုလည်း ဆိုခဲ့သည်။ တရုတ်ခေါင်းဆောင်နှင့် စကားပြောဆိုရန် စိတ်အားထက်သန်မှုကို မစ္စတာထရမ့်ပ်က ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။ သမ္မတ ထရမ့်ပ်၏ တရုတ်ကုန်စည်များအပေါ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071