အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို ကယ်ဆယ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။
အဆိုပါဒုံးကျည်သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် တဲလ်အဗစ်မြို့၏တောင်ဘက်စွန်း ရီဟိုဗို့(Rehovot)ရှိ အဆိုပါသိပ္ပံဌာနဝင်းကို ထိမှန်ခဲ့ရာ အဆောက်အအုံများစွာ ပျ-က်စီးခဲ့ပြီး မီးလေ-ာင်နေချိန်တွင်ပင် သုတေသီများ ဓာတ်ခွဲနမူနာများကို ကယ်ဆယ်ရန် အပျ-က်အစီးများထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ညအချိန်တွင် ဝင်းထဲ၌ လူမရှိသဖြင့် မည်သူမျှ ထိခို-က်ဒဏ်ရာမရရှိခဲ့သော်လည်း အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီး ကျန်ရှိသောအပိုင်းတွင် နံရံများပွင့်ထွက်ကာ လိမ်နေသောသတ္တုများ၊ ပေါက်ကွဲပျ-က်စီးနေသောအပျ-က်အစီးများနှင့် မီးလေ-ာင်ထားသည်များ ဖရိုဖရဲဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။
Weizmann ၏ ဖွံ့ဖြိုးရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ရူပဗေဒပညာရှင် Roee Ozeri က “ကျွန်တော်တို့ မီးငြှိမ်းသတ်နေရင်း ဓာတ်ခွဲခန်းတွေကနေ၊ အဆောက်အအုံတွေကနေ ဓာတ်ခွဲနမူနာတွေကို တတ်နိုင်သမျှ အများဆုံးကယ်ဆယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်” ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် သောကြာနေ့က ပျ-က်စီးသွားသောနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး သုတေသီများနှင့် နိုင်ငံ၏အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုများမှ ကယ်ဆယ်ရေးသမားများကို ချီးကျူးဂုဏ်ပြုခဲ့ကာ ထိုအဖွဲ့နှစ်ဖွဲ့လုံးကို “အစ္စရေးရဲ့ အကောင်းဆုံးပုဂ္ဂိုလ်များ” ဟု ဆိုခဲ့သည်။
“ဒီအဆောက်အအုံက ကျွန်တော့်ရဲ့နောက်မှာ၊ ကျွန်တော့်ရဲ့ဘေးမှာ၊ အရာအားလုံးကို ပြောပြနေပါတယ်” ဟု နေတန်ယာဟုက ကြီးမားသော အပျ-က်အစီးပုံကို လက်ညှိုးထိုးပြရင်း ပြောကြားခဲ့သည်။
“အီရန်ဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အကြီးဆုံးနိုင်ငံပါ။ သူတို့ နျူကလီးယားလက်နက် ပိုင်ဆိုင်လို့မရပါဘူး။ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေရဲ့ ရည်ရွယ်ချက်က အီရန်ရဲ့ ဖျ-က်ဆီးပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးကယ်တင်ဖို့ပါပဲ။ အခုလိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ တခြားသူများစွာကို ကယ်တင်နေတာပါ” ဟုလည်း နေတန်ယာဟုကပြောကြားခဲ့သည်။