Thursday, May 28, 2026

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်...

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့်...

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့်...
HomeInternationalအိမ်ဖြူတော် အစည်းအဝေးနှင့်ပတ်သက်၍ သမ္မတထရမ့်၏...

အိမ်ဖြူတော် အစည်းအဝေးနှင့်ပတ်သက်၍ သမ္မတထရမ့်၏ ရေးသားချက်

ယမန်နေ့က အိမ်ဖြူတော်တွင် ကျင်းပခဲ့သော အစည်းအဝေးနှင့်ပတ်သက်၍ အမေရိကန်သမ္မတက သူ၏ Truth Social အကောင့်တွင် အောက်ပါအတိုင်းရေးသားထားသည်။

“ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဖင်လန်သမ္မတ အလက်ဇန္ဒား စတပ်ဘ်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ယူနိုက်တက်ကင်းဒမ်းဝန်ကြီးချုပ် ကီယာ စတာမာ၊ ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ အဓိပတိ ဖရီးဒရစ်ခ် မာ့ဇ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လေယန်နှင့် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရူတေ တို့အပါအဝင် ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့်အတူ အိမ်ဖြူတော်တွင် အလွန်ကောင်းမွန်သော အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးကို ဘဲဥပုံရုံးခန်း (Oval Office) တွင် နောက်ထပ်အစည်းအဝေးတစ်ခုဖြင့် နိဂုံးချုပ်ခဲ့သည်။

အစည်းအဝေးအတွင်း ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ပေးအပ်ရန် ဆွေးနွေးခဲ့ကြပြီး ၎င်းအာမခံချက်များကို ဥရောပနိုင်ငံအသီးသီးမှ ပေးမည်ဖြစ်ကာ အမေရိကန်ပြည်ထောင်စုနှင့်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ရုရှား/ယူကရိန်းအတွက် ငြိမ်းချမ်းရေးရရှိနိုင်မည့် အလားအလာကို လူတိုင်းက အလွန်ပျော်ရွှင်ကြသည်။

အစည်းအဝေးများအပြီးတွင် ကျွန်ုပ်သည် သမ္မတပူတင်ကို ဖုန်းခေါ်ဆိုခဲ့ပြီး သမ္မတပူတင်နှင့် သမ္မတဇယ်လန်းစကီးတို့ တွေ့ဆုံရန်အတွက် နေရာကို ဆုံးဖြတ်ခြင်းအပါအဝင် တွေ့ဆုံဆွေးနွေးပွဲအတွက် စီစဉ်မှုများ စတင်ခဲ့သည်။ ထိုအစည်းအဝေးပြီးနောက်တွင် သမ္မတနှစ်ဦးနှင့် ကျွန်ုပ်အပါအဝင် သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ကျင်းပသွားပါမည်။

ထို့အပြင် ၎င်းသည် လေးနှစ်နီးပါးကြာမြင့်ခဲ့သော စစ်ပွဲတစ်ခုအတွက် အလွန်ကောင်းမွန်သည့် အစောပိုင်းခြေလှမ်းတစ်ခု ဖြစ်ပါသည်။ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ်တို့သည် ရုရှားနှင့် ယူကရိန်းတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ဤကိစ္စကို အလေးထားဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ပါသည်။”

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ (၁,၂၀၀)အိတ်ကြိတ်ခွဲထုတ်လုပ်နေသည့် တန်(၆၀)ကျ "အောင်သုခ"ဆန်စက်ရုံ၊ ယင်း ရပ်ကွက်၌ တစ်ရက်လျင် ပေါင်မုန့်နှင့် ကိတ်အမျိုးမျိုး အထုတ်ရေ (၅၀,၀၀၀)ကျော်ထုတ်လုပ်နေသည့် "ရွှေကြယ်စင်"မုန့်လုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ထို့ပြင် သလ္လာဝတီရပ်ကွက်ရှိ "အကွာပူရ"သုံးရေနှင့်သောက်ရေသန့်စက်ရုံ၊ မုံရွာမြို့နယ်စည်ပင်နှင့် အကွာပူရကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ရေ ပေးဝေရေးလုပ်ငန်းတို့ကိုလည်း တိုင်းဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ရေပေးဝေရေးလုပ်ငန်းသည် ချင်းတွင်းမြစ်ရေ အားသန့်စင်၍ မုံရွာမြို့ရှိ ရပ်ကွက်(၂၃)ရပ်ကွက်အ တွင်းနေထိုင်များကို...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက် ခံလွှာလက်မှတ်ထိုး 

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့ မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့ကလက်မှတ် ရေးထိုးခဲ့ကြသည်။  ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အ ထည်ဖော်ရာတွင် အရေးပါပြီး ဒေသတွင်းပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုသိသာထင်ရှား စွာအထောက်အကူပြုလျက်ရှိသည်ဟု ပြောသည်။ " မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်ကစတင်ပြီး အမေရိကန်ဒေါ်လာ(၄၀ ဒသမ ၄၆)သန်းကျော်ခန့်တန်ဖိုးရှိတဲ့ စီမံကိန်းပေါင်း(၁၄၀)ခုရရှိခဲ့ပါတယ်။...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏ အကြံပေးပုဂ္ဂိုလ်တို့တွေ့ဆုံ   အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက် နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။  တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ အာဆီယံအပါ အဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်တစ်လျှောက် တရားမဝင်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများတားဆီးနှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071