ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။
အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင် အိန္ဒိယတွင် မှတ်ပုံတင်ထားသော သို့မဟုတ် အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက စီမံခန့်ခွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်များအားလုံး သည် ကန့်သတ်မှုတွင် အကျုံးဝင်သည်။
ကရာချိနှင့် လာဟိုးလေကြောင်းသတင်းအချက်အလက်ဒေသကြီးများပါ အကျုံးဝင် သက်ဆိုင်သော အဆိုပါ အကြံပြုချက်တွင် အိန္ဒိယလေယာဉ်များက ပါကစ္စတန်လေပိုင်နက်အတွင်း ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။
အသစ်ပြင်ဆင်လိုက်သည့် NOTAM သည် ဇူလိုင်လ ၂၃ ရက်အထိအကျိုးသက်ရောက်မည်ဖြစ်သည်။
ဝေဟင်ပိုင်နက် ကန့်သတ်ခြင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အကြိမ်ကြိမ် သက်တမ်းတိုးခဲ့သည်။
Ref: ရှင်းဟွာ