Sunday, May 24, 2026

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်အညစ်အကြေးများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ကာ လျှပ်စစ်မီးအဖြစ်...

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊...

မြစိမ်းရောင်သာသနာ့နယ်မြေ၌ သီဟရာဇာအလိုတော်ပြည့်ဘုရား ရွှေထီးတော်တင်လှူ၊ သာသနာပြုလုပ်ငန်းမှတ်တမ်းကျောက်စာတိုင်...

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်သည့် သီဟရာဇာအလိုတော်ပြည့်ဘုရား၏ ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်...
HomeMoviesအာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့်...

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတမှာကြား

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၄ ရက်တွင် နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှပမာဏများစွာတင်သွင်းနေရ၍ နိုင်ငံခြားငွေများစွာကုန်ကျနေရာ မိမိတို့နိုင်ငံအတွင်းလုံလောက်မှုရှိအောင်ထုတ်လုပ်ပါက တင်သွင်းမှုကိုလျှော့ချနိုင်မည်ဟု ပြောသည်။

” မြန်မာနိုင်ငံမှာက ဒိန်ချဉ်ကိုသာထုတ်လုပ်နေကြတာကိုတွေ့မြင်ရပါတယ်။ အများစုသုံးစွဲကြတဲ့ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တွေက်ု အလုံအလောက်ထုတ်လုပ်နိုင်ဖို့လိုပါတယ်။ အာဟာရပြည့်မီစွာနဲ့ ဈေးနှုန်းသက်သာစွာစားသုံးနိုင်ဖို့အတွက် နို့နဲ့ ကြက်ဥတွေကို အပြည့်အဝရရှိအောင်ဆောင်ရွက်ပေးရပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် နေပြည်တော်နှင့် နိုင်ငံတော်အတွက်အထောက် အကူဖြစ်စေသည့်လုပ်ငန်းရပ်များဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ မြေကို စနစ်တကျပြုပြင စိုက်ပျိုးသကဲ့သို့ စနစ်ကျသည့်မွေးမြူရေးစနစ်ဖြစ်အောင်ဆောင်ရွက်ရန် မှာကြားသည်။

ထို့အတူ ရေအပြည့်အဝရရှိအောင်ဆောင်ရွက်ပေး ခြင်း၊ စိုက်နည်းစနစ်၊ မွေးနည်းစနစ်များကောင်းမွန်စေခြင်းတို့ဖြင့် လုပ်ငန်းများအောင်မြင်စေမည်ဖြစ်၍ မွေး မြူရေးဇုန်များအတွင်း ကုန်ထုတ်လမ်းများကောင်း မွန်မှုရှိစေရေး စီစဉ်ဆောင်ရွက်ရန်၊ မွေးမြူရေးဇုန်များအ လိုက်/လုပ်ငန်းရပ်များအလိုက် ခြံစည်းရိုးစနစ်တကျကာရံခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းတို့ကိုလည်း စနစ်တကျဆောင်ရွက်ရန်လည်း နိုင်ငံ တော်သမ္မတက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်အညစ်အကြေးများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ကာ လျှပ်စစ်မီးအဖြစ် ပြန်လည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရွှေမြို့မွေးမြူရေးဇုန်ရှိ Sunlight Venture Co., Ltd. ၏ ဆိတ်မွေးမြူရေးခြံ၊ ယင်းဇုန်အတွင်းရှိ နယ်မြေခံတပ်ရင်း၏ ဝက်မွေးမြူရေးခြံ၊ တပ်ကုန်းမြို့နယ် အမှတ်(၁)ကံကြီးမွေးမြူရေးဇုန်ရှိ ဦးတွမ်ခင်ဝင်း၏ ဖန်ဟွနို့စားနွားမွေးမြူရေးခြံ၊ ဦးမြတ်စံ၏ ကြက်မွေးမြူရေးခြံနှင့် ဦးတင်မြိုင်၏ အသားတိုးဝက်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီမွေးမြူရေးစနစ်များ ကျင့်သုံးရန်၊...

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ ၅၀၀ ကျော် အခမဲ့ဆေးကုသမှုခံယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား စလင်းကျောင်းကြီးကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်သူ့အကျိုးပြု နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွင်း ဒေသခံပြည်သူများ လာရောက်ဆေးကုသမှုခံယူခဲ့ကြရာ အထွေထွေရောဂါလူနာ ၁၇၁ ဦး၊ ခွဲစိတ်လူနာ ၃၃ ဦး၊ ကလေးလူနာ ၃၃ ဦး၊...