Sunday, May 18, 2025

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးဟု နစက...

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေစဥ် မေ ၈ ရက်က...

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...
HomeNewsLocal Newsအာဆီယံ အထူး ကိုယ်စားလှယ်...

အာဆီယံ အထူး ကိုယ်စားလှယ် နှင့် NCA-S EAO အဖွဲ့ ခုနစ်ဖွဲ့ တွေ့ဆုံ‌ ဆွေးနွေးပြီးနိုင်ငံရေးအကြပ်အတည်းအတွက် အချက် ၄ ချက် ဖော်ဆောင်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်တွန်း

အာဆီယံ အထူး ကိုယ်စားလှယ် နှင့် NCA-S EAO အဖွဲ့ ခုနစ်ဖွဲ့ တွေ့ဆုံ‌ ဆွေးနွေးပြီးနိုင်ငံရေးအကြပ်အတည်းအတွက် အချက် ၄ ချက် ဖော်ဆောင်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်တွန်း

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် အချက် ၄ ချက်ကို အလေးထားဖော်ဆောင်ပေးရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ထံ ယနေ့ ဇူလိုင် ၁ ရက်တွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်သည့် ယခု ခရီးစဉ်အတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇)ဖွဲ့နှင့် ယနေ့ ဇူလိုင် ၁ ရက်နေပြည်တော် ၌ တွေ့ဆုံစဉ် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ အချက် ၄ ချက်သည် ညှိုနှိုင်းအဖြေရှာနိုင်သော နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ကူညီပေးရန်၊ သက်ဆိုင်ရာ ပါ၀င်သင့် ပါ၀င်ထိုက်သူများအားလုံးနှင့် တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းပေးရန်၊ အားလုံး လက်ခံနိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သည့် ယန္တရားဖော်ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံံ့များကို သက်ဆိုင်သူများအားလုံး ခွဲခြားဆက်ဆံမှုမရှိဘဲလွတ်လပ်စွာလက်ခံရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန် နှင့် လက်ရှိ နိုင်ငံရေး ပဋိပက္ခဖြေရှင်းရေးနှင့် ရေရှည်လုပ်ငန်းများဖြစ်သော ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် အာဆီယံအနေဖြင့် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တို့ကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်ကလည်း ၎င်းအနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးနှင့် အမှတ်တကယ် ဒုက္ခရောက်သူများထံ အကူအညီများရောက်ရှိရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးတို့ကို ဖော်ဆောင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

Photo Credit- Tai Freedom

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးဟု နစက ဥက္ကဋ္ဌပြော

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေစဥ် မေ ၈ ရက်က ရုရှားနိုင်ငံ RT သတင်းဌာနနှင့်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာကျယ်ပြန့်ပြီး ကာကွယ်ရေးကဏ္ဍသာမက သိပ္ပံနှင့်နည်းပညာ၊ စီးပွားရေး၊ ဥပဒေဘက်ဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်များစွာရှိကာ ဆွေးနွေးသည့်ကိစ္စများလည်းရှိပြီးဖြစ်သည်ဟု ပြောသည်။ ထို့ပြင် မိမိအနေဖြင့် မတ်လအတွင်းကလာရောက်ခဲ့သည့် ရုရှားနိုင်ငံခရီးစဥ်အတွင်း၌ နျူးကလီးယားနှင့်ပတ်သက်သည့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ကမ်းလွန်ရေနံနှင့်ဓာတ်ငွေ့ထုတ်လုပ်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမည့်ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကာ သဘောတူခဲ့မှုများ၊ လုပ်ဆောင်နေမှုများလည်းရှိ၍ ဆက်လက်လုပ်ဆောင်ရမည့်...

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့်ဂုဏ်ထူးဆောင်ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ၊ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့အတူ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အဖွင့်ဩဝါဒကထာနာယူခဲ့ကြပြီးနောက် သုတစုံ လင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သံဃာတော်များအား အလှူရှင်များက သင်္ကန်းများဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။ ထို့နောက် အလှူရှင်များကအလှူငွေများပေးအပ်ရာလူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FB စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ထားသည်။ပုံပါဇယားတွင်လည်း ပါရှိသည်။ ထိုင်းနိုင်ငံသည် လေကြောင်းခရီးသွားများကို အကာအကွယ်ပေးရန် အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ CAB ၏ညွှန်ကြားချက် အမှတ်စဥ် ၁၀၁ အရ နိုင်ငံတကာလေကြောင်းခရီးစဉ်များအသိပေးခြင်းမရှိဘဲ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိပါက  ခရီးသည်များအား အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးလျော်ကြေး၊ ပြန်အမ်းငွေ၊ ပြန်လည်ဘွတ်ကင်လုပ်ခြင်း သို့မဟုတ် ဟိုတယ်တည်းခိုခွင့်များကိုကြန့်ကြာမှုအချိန်ပေါ်မူတည်၍ ခံစားခွင့်ရှိတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071