Saturday, July 5, 2025

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်...

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ...

ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်း ယာယီ၀န်ကြီးချုပ်တာဝန် စတင်ထမ်း​ဆောင်

ထိုင်းအစိုးရအဖွဲ့ အ​ပြောင်းအလဲများသည် ယခုရက်ပိုင်းအတွင်း လျှင်မြန်စွာ ​ပြောင်းလဲ​နေရာ တာဝန်မှ ​​ခေတ္တဆိုင်းငံ့ထား​သော ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်၏ ​နေရာကိုအသက် ၇၁ နှစ်အရွယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး...
HomeInternationalအာဆီယံ-ဂျီစီစီ-တရုတ်ထိပ်သီးအစည်းအဝေးသည် ဒေသဆိုင်ရာစီးပွားရေးဆက်ဆံရေးခေတ်သစ်ဖြစ်--အန်ဝါ

အာဆီယံ-ဂျီစီစီ-တရုတ်ထိပ်သီးအစည်းအဝေးသည် ဒေသဆိုင်ရာစီးပွားရေးဆက်ဆံရေးခေတ်သစ်ဖြစ်–အန်ဝါ

အာဆီယံ၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(ဂျီစီစီ) နှင့် တရုတ်နိုင်ငံတို့အကြား စတင်ဖွင့်လှစ်လိုက်သည့် ထိပ်သီးအစည်းအဝေးသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ စာမျက်နှာသစ်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောကြားခဲ့သည်။

ယမန်နေ့(မေလ ၂၆ရက်နေ့) ညပိုင်းက အာဆီယံခေါင်းဆောင်များကို ဂုဏ်ပြု သောညစာစားပွဲ၌ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဂျီစီစီ၏ ထူးခြားသောအသွင်ကူးပြောင်းမှုကို အန်ဝါက မီးမောင်းထိုးပြခဲ့ရာ၌ နည်းပညာသစ်နှင့် ညဏ်ရည်တုနည်းပညာဖြင့် မောင်းနှင်သည့် “ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနှင့် အလျင်မြန်ဆုံး တိုးတက်နေသည့် စီးပွားရေး” အဖြစ် ဖော်ပြခဲ့သည်။

ထို့အပြင် အာဆီယံသည် တရုတ်နိုင်ငံကို တန်ဖိုးထားရသော မိတ်ဆွေအဖြစ်မှတ်ယူကြောင်း သူက ထုတ်ဖော်ပြောဆိုခဲ့ပြီး ရှုပ်ထွေးသော ပထဝီနိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်များနှင့်ရင်ဆိုင်နေရချိန်တွင် ဒေသနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု ဆက်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒါဟာ ကုန်သွယ်မှု မြှင့်တင်လိုတဲ့သူ‌တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်စေလိုတဲ့သူတွေနဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီကို ယုံကြည်သူတွေ၊ သူတို့နိုင်ငံတွေကို တိုးတက်စေလိုသူတွေ၊ စိတ်စေတနာတွေရဲ့ အစည်းအဝေးတစ်ခုဖြစ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

အာဆီယံ-ဂျီစီစီ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ကူဝိတ်အိမ်ရှေ့မင်းသား ရှိတ်ဆာဘားခါလက် အယ်လ်ဟာမက် အယ်လ်ဆာဘားနှင့် တရုတ်ဝန်ကြီးချုပ် လီချန်းတို့ ပူးပေါင်းပါဝင်မှု၏ အရေးပါမှုကိုလည်း အန်ဝါက အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့၏ ပါဝင်မှုသည် မိတ်ဖက်များအကြား မယိုင်လဲသော ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကို ရောင်ပြန်ဟပ်စေသည့် အရေးပါမှုအဖြစ် အလေးပေးပြောကြားခဲ့သည်။

ယင်းသည် နိုင်ငံများ၏ တွေ့ဆုံမှုသာမက အာဆီယံခေါင်းဆောင်များ၏ တုနှိုင်းမမီ ထူးခြားသော ယုံကြည်မှု၊ ချစ်ခင်မှုနှင့် ထောက်ခံမှု ဖြစ်ပါကြောင်း ဆိုခဲ့သည်။

ဝန်ကြီးချုပ်လီကို ပြောလိုသည်မှာ အာဆီယံသည် တရုတ်နိုင်ငံ၏ မိတ်ဆွေအဖြစ် ဤနေရာတွင် ရှိနေသည်ကို စိတ်ချယုံကြည်ပါရန်နှင့် ယင်းမိတ်ဖက်ဆက်ဆံရေးသည် အပြန်အလှန်ယုံကြည်မှုဖြင့် ဆက်လက်တည်ဆောက်ရမည်ဖြစ်ပါကြောင်း သူကပြောကြားခဲ့သည်။

ကူဝိတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် အိမ်ရှေ့မင်းသားသည် ယနေ့(မေလ ၂၇ရက်နေ့) တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် အာဆီယံ-ဂျီစီစီ ထိပ်သီးနှင့် အာဆီယံ-ဂျီစီစီ-တရုတ် ထိပ်သီးအစည်းအဝေးများကို တက်ရောက်မည်ဖြစ်သည်။

Ref: မလေးမေးလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက် ညနေပိုင်းက လှေလုံးကွဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသန့်ဇော်ဦးသည်လယ်ယာလုပ်ငန်းခွင်ကအပြန် နေအိမ်အရှေ့ချောင်းစပ်တွင် အလျား ၁၅ပေခန့် ဗျပ်သုံးပေခန့်မိကျောင်းတစ်ကောင်က ရေထဲသို့ဆွဲချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။ ထိုနောက် ဇူလိုင် ၃ရက်နေ့တွင်လည်း ညနေ ၃နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင်ကို ရွာကင်းတဲတံတားအနီး ရေချိုးဆင်းချိန် မိကျောင်းက ထပ်မံ ဆွဲချသွားကြောင်း...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးများကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေရန် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး အမှုတွဲ(၁၀၀)ဖွင့်လှစ်ထား

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ ခန့်မှန်းတန်ဖိုးကျပ်(၄၆၉၆ ဒဿမ ၉၃၈)သန်း ဖြစ်ပြီး ယင်းတန်ဖိုး၏ (၂၀)ရာခိုင်နှုန်း ကျပ်(၉၃၉ ဒဿမ ၃၈၅)သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ သစ်မျိုးစုံ လုပ်ငန်းသုံးပစ္စည်းများ လူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများများ ပါဝင်ပြီး ကုန်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များပါဝင်သည်။ တာဝန်သိပြည်သူများအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ ဖုန်း ၀၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071