Saturday, May 17, 2025

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ...

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University...

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ...

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan...
HomeNewsLocal Newsအသက်(၆၅)နှစ်နှင့်အထက် ခိုးကိုးရာမဲ့ဘိုးဘွားများအား Save...

အသက်(၆၅)နှစ်နှင့်အထက် ခိုးကိုးရာမဲ့ဘိုးဘွားများအား Save The Aged(STA)ဘိုးဘွားရိပ်သာတွင် စောင့်ရှောက်ပေးလျက်ရှိ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄၆ ရပ်ကွက်၊သံလွင်(၃)လမ်းရှိ Save The Aged(STA)သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတအသင်းမှ အသက်(၆၅) နှစ်နှင့်အထက် ခိုကိုးရာမဲ့ဘိုးဘွားများအား STA ဘိုးဘွားရိပ်သာ၌ စောင့်ရှောက်ပေးလျက်ရှိသည်။

STA ဘိုးဘွားရိပ်သာမှ အသက်(၆၅)နှစ်နှင့်အ ထက် သားသမီးအရင်းအချာမရှိသည့် ခိုကိုးရာမဲ့ဘိုးဘွားများအား ကိုယ်စားမိဘအဖြစ်သတ်မှတ် ၍ ၎င်းတို့၏ဘဝနေဝင်ချိန်အထိ စောင့်ရှောက်ပေးခြင်းဖြစ်ကာ သားသမီးအရင်းရှိသော်လည်း ခိုကိုးရာမဲ့နေသော ဘိုးဘွားအချို့ကိုလည်း သီး သန့်လိုအပ်ချက်အနေဖြင့် အသင်းဝင်များတိုင်ပင်ကာလက်ခံပေးကြောင်း သိရသည်။

“Save The Aged(STA) ဘိုးဘွားရိပ်သာကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် အခုဆိုရင် ၈ နှစ်ပြည်ပြီဖြစ်ပါတယ် Save The Aged(STA)သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတအသင်းကတော့ ၁၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်”ဟု STA မှတာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ STA ဘိုးဘွားရိပ်သာတွင် အဘိုး ၁၇ ဦး၊အဘွား ၁၇ ဦး၊ပြင်ပနေ အဘိုး ၂ ဦး၊အ ဘွား ၇ ဦး(စုစုပေါင်း ၄၃ ဦး)အား STA အသင်းမှစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စောင့်ရှောက်ပေးရာတွင် ဘိုးဘွားများအား နေ့စဉ် ဘုရားရှိခိုး၊တရားထိုင်၊တရားနာ၊ကိုယ်လက်လှုပ်ရှားမှု့လေ့ကျင့်ခန်း၊အိပ်ချိန်၊အနားယူချိန်များအား အသက်အရွယ်နှင့်သင့်လျော်သည့် အချိန်ဇယားများထားရှိကာ ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် (၃)လတစ်ကြိမ် ပြင်ပဘုရားဖူးနှင့်အပန်း ဖြေခရီးစဥ်များကိုလည်း လိုက်လံပို့ဆောင်ပေးကာ ဘိုးဘွားများ၏ ကျမ်းမာရေးအတွက် ဆရာ ဝန်ကြီးတစ်ဦးမှကြီးကြပ်၍ ပင်တိုင်သူနာပြု ၃ ဦးထားရှိ၍ ဘိုးဘွားများကိုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

STA ဘိုးဘွားရိပ်သာ၏ နှစ်ပတ်လည်နေ့အခမ်း အနားအား ယနေ့ ဇန်နဝါရီ ၄ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းလည်း ကျဆင်းလာ

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည်လည်း တစ်လီတာလျှင် (၇၅) ကျပ်မှ (၁၂၅) ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။ ထို့ပြင် ဒေသအလိုက် စက်သုံးဆီလိုအပ်ချက် ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင်...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌ ကိုကင်း ၁ ဒသမ ၂ တန်နှင့် ခရစ်စတယ်မက်သာဖက်တမင်း ၇၀၀ ကီလိုဂရမ်ကိုသယ်ဆောင်လာခဲ့ကြောင်းသိရသည်။ အဆိုပါသင်္ဘောသည် ငါးဖမ်းသင်္ဘောအသွင်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းအလံတင်သင်္ဘောဖြစ်သည်ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောပေါ်၌တင်ဆောင်လာသည့်မူးယစ်ဆေးများကို လက်ဖက်ခြောက်အထုပ်များထဲတွင်ဝှက်ကာ သယ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။ သင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့်မြန်မာနိုင်ငံသားလေးဦးပါဝင်ပြီး ၎င်းတို့သည် တရားဝင်ခရီးသွားလာခွင့်အထာက်အထားစာရွက်စာတမ်းများလည်း မပြည့်စုံကြဟု သိရသည်။ "ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အခုသင်္ဘောဟာ ငါးဖမ်းတာအတွက်မဟုတ်ပဲ မှောင်ခိုလုပ်ငန်းအတွက်သာအသုံးပြုတယ်ဆိုတာသိသာပါတယ်၊ ဒါကြောင့် အင်ဒိုပြည်သူတွေမထိခို-က်ရဖို့ အခုလိုအချိန်မီဖမ်းဆီးအရေးယူနိုင်ဖို့ကလိုအပ်ပါတယ်" ဟုလည်း...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းအား မေ ၂၂ ရက်မှစတင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071