ပေကျင်း၊ ဇွန် ၂၅
အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းပြီး တည်ငြိမ်ရန်အတွက် ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့် လက်တွဲရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
BRICS အဖွဲ့ ဥက္ကဋ္ဌဘရာဇီးလ်နိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ နယ်မြေအပေါ် စစ်ရေးအရ တို-က်ခို-က်မှုများအပြီး အရှေ့အလယ်ပိုင်းတွင် လုံခြုံရေးအခြေအနေ တိုးမြင့်လာမှုဆိုင်ရာ BRICS ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ဆက်စပ်မေးမြန်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် BRICS သည် ကမ္ဘာ့လုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ရှေ့ဆောင်အင်အားတစ်ခုဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ကာကွယ်ထိန်းသိမ်းနေသော တိုးတက်မှုအင်အားတစ်ခု၊ တွန်းအားတစ်ခုဖြစ်ကြောင်း နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဂွို ဂျီယာကွန်းက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် အခြေအနေများ တင်းမာလာပြီးနောက် BRICS သည် အပ-စ်အခ-တ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ညှိနှိုင်းရေးတို့အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် BRICS ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ကြောင်း ဂွို က ပြောကြားခဲ့သည်။
ယမန်နှစ်က ကာဇန် ၌ ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က BRICS အဖွဲ့ ကြီးသည် ငြိမ်းချမ်းရေးအတွက် ကတိကဝတ်ပြုပြီး ဘုံလုံခြုံရေးကို ကာကွယ်သူများအဖြစ် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းပြီး တည်ငြိမ်သော အရှေ့အလယ်ပိုင်းဒေသအတွက် တရုတ်နိုင်ငံသည် တခြား BRICS နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန်အဆင်သင့်ရှိကြောင်းလည်း ဂွိုက ပြောကြားခဲ့ပါသည်။
Ref: ရှင်းဟွာ