Friday, April 24, 2026

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

စက်သုံးဆီစျေး အနည်းငယ်ပြန်ကျပြီး 92 တစ်လီတာလျှင်...

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများ ကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အနည်းငယ် ပြန်ကျသွားသည်။ ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ထက် ဓာတ်ဆီ...

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့်...

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများ၏ ဆက်သွယ်ပြောဆိုခြင်း၊ စာတို(SMS)ပေးပို့ခြင်းများပြုလုပ်နိုင်မည့် ဖုန်းနံပါတ်များကိုအသိပေးခဲ့သည်။ လုပ်ငန်းကော်မတီရုံး(နေပြည်တော်)၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများဖြစ်သည့် ရန်ကုန်တိုင်း၊ ကချင်ပြည် နယ်၊...
HomeMoviesအရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌...

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ် ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး

နိုင်ငံတော်သမ္မတရုံးက အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် ၃ / ၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်က အသိပေးခဲ့သည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်(သို့)တ ရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကိုနှောင့်နှေးစေခြင်း(သို့)ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ(သို့)အစိုးရအမှုထမ်းများကို ဟန့်တားခြင်း(သို့)နှောက်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)တို့အားကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်း မှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေအရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေအရပြစ်မှုများ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ် ဆေးမည်ဖြစ်သည်။

အဆိုပါ ပြစ်မှုတစ်ခုခုကိုကျူးလွန်သူတစ်ဦးအား စစ်ခုံ ရုံးကပြစ်မှုထင်ရှားပါက တည်ဆဲဥပဒေများနှင့်အညီ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင် ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်တို့ကိုချမှတ်နိုင်သော်လည်း သေ ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်၊ နှစ်အကန့်အ သတ်မရှိထောင်ဒဏ်စီရင်ပါကလည်း ထိုသို့ စီရင်ခြင်းသည် သက်ဆိုင်ရာ တိုင်းမှူးတို့၏အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်။

ထို့ပြင် စစ်ခုံရုံးများကချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ် ဒဏ်ချမှတ်ချက်များသည် အယူခံပိုင်ခွင့်မရှိဘဲ သေ ဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှ(၁၅)ရက်အတွင်း သက်ဆိုင်ရာ တိုင်းမှူးထံသို့ပြင် ဆင်မှုလျှောက်ထားနိုင်သည်။ 

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့) သက်ဆိုင်ရာ တိုင်းမှူးများသည် မိမိသဘောအလျောက်ပြင်ဆင်မှုဖွင့်နိုင်ကာ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကိုလျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းတို့ပြုလုပ်နိုင်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့)သက် ဆိုင်ရာ တိုင်းမှူးများက မိမိသဘောအလျောက် ပြင် ဆင်မှုဖွင့်ဆောင်ရွက်ရာ၌ အထက်ပါ လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်တိုးမြှင့်နိုင်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အ စောပိုင်းက ဆိုင်ခန်းမီးလေ_ာင်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် ၊ ကျန်စစ်သားလမ်းမပေါ်တွင် ဆိုင်ခန်းမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နံနက် ၃ နာရီ ၄၆ မိနစ်၌မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များကစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ(NSPNC)အဖွဲ့ဝင်များ ဧပြီ ၂၃ ရက်ကတွေ့ဆုံ၍ လုပ်ငန်းစဉ်များဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ညှိနှိုင်းရေးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်(၇)ဖွဲ့၊ NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်(၃)ဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။ " အရင် NCA...

စက်သုံးဆီစျေး အနည်းငယ်ပြန်ကျပြီး 92 တစ်လီတာလျှင် ရန်ကုန်၌ ၄၆၆၈ ဖြစ်၊ယခင်တစ်ပတ်ထက် 92 တစ်လီတာလျှင် တစ်လီတာလျှင် ၆၇ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၇၀၀ ကျဆင်းလာ

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများ ကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အနည်းငယ် ပြန်ကျသွားသည်။ ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ထက် ဓာတ်ဆီ 92 တစ်လီတာ ၆၇ ကျပ် ၊ 95 တစ်လီတာ ၃၆ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၇၃၃ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၄၃ ကျပ် ကျဆင်းသွားသည်။ ထို့ကြောင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၄၆၆၈ ၊ 95 တစ်လီတာလျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071