Saturday, July 5, 2025

နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅...

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့်...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်အကျိုး ၊ ဒေသအကျိုးကိုဖော်ဆောင်မည်ဆိုပါက...

လက်နက်ကိုင်အဖွဲ့များအား နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇူလိုင် ၄ ရက်က ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်အဖြစ် ထုတ်ပြန်အသိပေးခဲ့သည်။ PDF အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်...

အခြေခံဥပဒေ တရားရုံးအဆုံးအဖြတ်​စောင့်​နေရသည့် ဆိုင်းငံ့ဝန်ကြီးချုပ် ​ပေတုံတန်...

ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်း​ပြောသည့်အသံဖိုင် ပေါက်ကြားမှုကြောင့် တရားရုံးက ရာထူးမှ ဆိုင်းငံ့ထား သော၀န်ကြီးချုပ် ​ပေတုံတန်၏ ကံကြမ္မာအဆုံးအဖြတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက...
HomeInternationalအယ်လ်အေတွင်လဝကစီမံချက်ကိုဆန္ဒပြ‌နေ၍ အစောင့်တပ်များ ချထား

အယ်လ်အေတွင်လဝကစီမံချက်ကိုဆန္ဒပြ‌နေ၍ အစောင့်တပ်များ ချထား

အမေရိကန်ပြည်ထောင်စု လော့ဆန်းဂျလိစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးကို ကြပ်မတ်သော စီမံချက်များကို ဆန့်ကျင်သည့် ဆန္ဒပြမှုများတွင် ဆန္ဒပြသူများနှင့် အာဏာပိုင်များအကြား ရုန်ရင်းဆန်ခတ်ဖြစ်မှုများ ပေါ်ပေါက်နေသောကြောင့် ထရမ့်ပ်အစိုးရအဖွဲ့က ကယ်လီဖိုးနီးယားနိုင်ငံတော် အစောင့်တပ်များကို ဖြန့်ကြက်ချထားလိုက်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြပ်မတ်ရေးစီမံချက်များကို ဆန့်ကျင်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ကယ်လီဖိုးနီးယား၌ ဥပဒေမဲ့လုပ်ရပ်များကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ဖြန့်ကြက်ချထားရေး စာချွန်လွှာကို သမ္မတဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကာရိုလင်းလီဗစ်က စနေနေ့ညပိုင်း သတင်းထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

“ဒီအကြမ်းဖက်ဖြစ်စဉ်တွေအရ ကယ်လီဖိုးနီးယားရဲ့ ဒီမိုကရက်ခေါင်းဆောင်တွေဟာ နိုင်ငံသားတွေကို ကာကွယ်ရမယ့် သူတို့တာဝန်ကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပါပြီ” ဟု လီဗစ်က ပြောကြားခဲ့သည်။ ထို့ကြောင့်ပင် ဥပဒေမဲ့လုပ်ရပ်များကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို တပ်ဖြန့်ရန် သမ္မတအမိန့်ကို သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်ဟု လီဗစ်က ဆိုခဲ့သည်။

လော့ဆန်းဂျလိစ်တွင် ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးကို အထောက်အကူပေးရန်အတွက် နိုင်ငံတော်အစောင့်တပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းခေါ်ယူထားသည်ဟု ကာကွယ်ရေးဝန်ကြီး Pete Hegseth က X ပေါ်တွင် ပို့စ်တင်၍ ပြောဆိုခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက Camp Pendleton တွင် တာဝန်ကျနေသည့် မရိန်းတပ်သားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ကို တပ်လှန့်ထားကြောင်းကိုလည်း ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နူးဆမ်းက စနေနေ့အစောပိုင်းတွင် ပြောဆိုခဲ့ရာ၌ ဖက်ဒရယ်အစိုးရသည် ကယ်လီဖိုးနီးယားနိုင်ငံတော်အစောင့်တပ်ကို လွှဲပြောင်းရယူရန် လုပ်ဆောင်နေပြီး ယင်းလုပ်ရပ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ချဲ့ကားမှုဖြစ်ကြောင်းနှင့် တင်းမာမှုများကို ပိုမိုမြင့်တက်စေမည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယား ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် အကူအညီမလိုအပ်ကြောင်း နူးဆမ်းက ပြန်လည်ပြောကြားခဲ့သည်။

Ref: အေဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်ထားမည်

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အဆိုပါအတိုင်းဖွဲ့စည်းရန်ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဧရိယာဒုတိယအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ကာ ပထဝီဝင်နိုင်ငံရေးအခြေအနေအရ၊ ဘူမိရူပထူးခြားတည်ရှိမှုတို့အရ သဘာဝအ ရင်းအမြစ်များပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကာ မြောက်ဘက်ရေခဲတောင်များမှစ၍ တောင်ဘက် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါကျွန်းစု ဂေဟစနစ်အထိ နေရာဒေသအသီးသီးတွင် ဂေဟစနစ်မျိုးစုံကိုပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့် ထင်ရှားသည့် ဘူမိရူပ...

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးတို့ကို သက်ဆိုင်ရာပြည်တွင်းဥပဒေများနှင့်အညီ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန် ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာန၊ လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦး ဆောင်သောအဆင့်မြင့်အရာရှိကြီးများ၊...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်အကျိုး ၊ ဒေသအကျိုးကိုဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကကြိုဆိုလက်ခံ

လက်နက်ကိုင်အဖွဲ့များအား နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇူလိုင် ၄ ရက်က ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်အဖြစ် ထုတ်ပြန်အသိပေးခဲ့သည်။ PDF အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော် မှန်းကာ ဥပဒေဘောင်အတွင်းတရားဝင်ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကိုဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကကြိုဆို လက်ခံမည်ဖြစ်ရာ ဆန္ဒရှိပါကနီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သည်ဟု ဖိတ်ခေါ်ခဲ့သည်။ လက်ရှိတွင်ရွေးကောက်ပွဲလမ်းကြောင်းသို့ဝင်ရောက်မည့် နိုင်ငံရေးပါတီများမှာလည်း(၅၄)ပါတီရှိနေပြီဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဆီလျှောက်လှမ်းရန်တံခါးဝကြီးမှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးပင်ဖြစ်သည်ဟု ဖိတ်ခေါ်ချက်၌ရေး သားထားသည်။ ယင်း အခြေအနေမျိုးတွင် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံ တော်အတွက်အကျိုးရှိမည်မဟုတ်ဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071