Saturday, July 5, 2025

နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅...

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့်...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်အကျိုး ၊ ဒေသအကျိုးကိုဖော်ဆောင်မည်ဆိုပါက...

လက်နက်ကိုင်အဖွဲ့များအား နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇူလိုင် ၄ ရက်က ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်အဖြစ် ထုတ်ပြန်အသိပေးခဲ့သည်။ PDF အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်...

အခြေခံဥပဒေ တရားရုံးအဆုံးအဖြတ်​စောင့်​နေရသည့် ဆိုင်းငံ့ဝန်ကြီးချုပ် ​ပေတုံတန်...

ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်း​ပြောသည့်အသံဖိုင် ပေါက်ကြားမှုကြောင့် တရားရုံးက ရာထူးမှ ဆိုင်းငံ့ထား သော၀န်ကြီးချုပ် ​ပေတုံတန်၏ ကံကြမ္မာအဆုံးအဖြတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက...
HomeArticlesအယ်ဒီတာတို့ရဲ့ ကြေကွဲဖွယ်ဝေဒနာ မချိတင်ကဲ...

အယ်ဒီတာတို့ရဲ့ ကြေကွဲဖွယ်ဝေဒနာ မချိတင်ကဲ သတင်းသမားကိုတွေ့ခဲ့

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း ၄ နှစ် ပြည့် အထိမ်းအမှတ်အခမ်းအနား ၂၁-၄-၂ဝ၁၈ ရက်နေ့မနက်က တောင်လေးလုံး ကျောင်းတိုက်မှာ ကျင်းပတယ်။

စကားပြောပါဦးဆိုလို့ ကျွန် တော်ပြောတယ်။ ကိုလေး (အင်းဝ ဂုဏ်ရည်)နဲ့ စာရေးဆရာထွန်းအောင် ကျော်တို့လည်း ပြောတယ်။ အဲဒီမှာ ကျွန်တော်က သတင်းသမားတို့ရဲ့ အမျှင်တန်းတဲ့ သံယောဇဉ်နဲ့ သတင်း စာဆရာကြီး ဦးဝင်းတင်ကို တမ်းတ ပြီး ဒီနေ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးသတင်းနှစ်ပုဒ် မျှဝေပေးခဲ့တယ်။

အိမ်ပြန်ရောက်တော့ ဦးဝင်း တင် ပုံကလေး ခြင်္သေ့ပန်းပုလေးနဲ့ ယှဉ်ထားတဲ့ ကျွန်တော့်စာအုပ်စင်ကို ဖွတယ်။ ရှာတယ်။ တွေ့တယ်။ ‘သတင်းစာ’စာစောင်အုပ်တွဲကလေး။ ဟံသာဝတီမှာတုန်းက ဦးဝင်းတင် လက်ဆောင်ပေးတဲ့ပေါင်းချုပ်က လေး။

လှန်တယ်၊တွေ့တယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးပုံရိပ်များ။ အဲဒီအချိန် တုန်းက ဦးဝင်းတင်က သတင်းစာ ဆရာအသင်းအတွင်းရေးမှူး၊ သတင်း စာအယ်ဒီတာ၊ ပြည်တွင်းငြိမ်းချမ်း ရေးကို အာသာငမ်းငမ်းတမ်းတတဲ့ သတင်းသမား၊ ပြည်တွင်းငြိမ်းချမ်း ရေးသတင်းတွေကို ပုံတွေနဲ့တကွ ဖော်ပြပေးနေတဲ့ သတင်းစာအယ်ဒီ တာ။ သူအလုပ်လုပ်နေတဲ့ သတင်း တွေ၊ သတင်းဓာတ်ပုံတွေနဲ့ နပန်းလုံး နေတဲ့ ဦးဝင်းတင်ဟာ အဲဒီအချိန်က သူ့သတင်းစာ ကြေးမုံမှာသာမက သတင်းစာစာစောင်မှာလည်း ပြည် တွင်းငြိမ်းချမ်းရေးသတင်းတွေ ဓာတ် ပုံတွေကို ဖော်ပြဖို့ လုံးပမ်းအားထုတ် ခဲ့ရတယ်။

‘သတင်းစာ’စာစောင်မှာ အမှု ဆောင်အယ်ဒီတာ တာဝန်ယူခဲ့ရတဲ့ ဦးဝင်းတင်ဖော်ပြခဲ့ရတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးသတင်းတွေနဲ့ ဓာတ်ပုံ တွေကတော့ ဒီမှာပါ။

သတင်းစာ လောကဓံ

ပြည်တွင်းငြိမ်းချမ်းရေးဆွေး နွေးပွဲပျက်သွားခြင်းနှင့် ဆက်စပ် လျက် နိုဝင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ တော်လှန်ရေးအစိုးရ က ရန်ကုန်နှင့် နယ်အသီးသီး၌ သ တင်းစာအယ်ဒီတာ သတင်းထောက် ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

(သတင်းစာစာစောင်၊ ၁၉၆၃ ဒီဇင်ဘာ)

သြဂုတ်လ ၁၃ ရက်က အလံနီ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် သခင်စိုးသည် ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းထံသို့ လာ ရောက်ဂါရဝပြုခဲ့သည်။ နှစ်ဦးစလုံး မချိတင်ကဲ စိတ်နှလုံးထိခိုက်နေပုံကို ဤသို့တွေ့ခဲ့ရသည်။ ရိုက်ကူးသူကြေး မုံဓာတ်ပုံသတင်းထောက်တင်ကြိုင်။

(သတင်းစာ၊ ၁၉၆၃ စက်တင်ဘာ)

ပြည်တွင်းငြိမ်းချမ်းရေးဆွေး နွေးပွဲ ပျက်သွားပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီ ငြိမ်းချမ်းရေးကိုယ် စားလှယ်များ တောတွင်းသို့ ပြန် လည်ထွက်ခွာသွားစဉ် ရိုက်ကူးထား သော သတင်းဓာတ်ပုံ။ ဤသတင်း ဓာတ်ပုံသည် ၁၉၆၃ ခုနှစ် အကောင်း ဆုံးသတင်းဓာတ်ပုံဆုကို ဆွတ်ခူးခဲ့ သည်။ ရိုက်ကူးသူအထောက်တော် ပေါက်ခေါင်းမြို့နယ် သတင်းထောက် ဦးအုံးရှိန်။

(သတင်းစာ၊ ၁၉၆၄ ဖေဖော်ဝါရီ)

တော်လှန်ရေးကောင်စီအစိုးရ နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေး ရန် ရန်ကုန်သို့ ရောက်နေသော ဗမာ ပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၂၁ ရက် က ရွှေတိဂုံစေတီတော်သို့ သွား ရောက်ဖူးမျှော်ခဲ့သည်။ ပုံမှာ အဖွဲ့ ခေါင်းဆောင်ရဲဘော်ဌေး ဘုရားဝတ် ပြုနေပုံဖြစ်သည်။

(သတင်းစာ၊ ၁၉၆၃ ဒီဇင်ဘာ)

၁၉၆ဝ လွန်ကာလတွေမှာ ကျွန် တော်တို့ သတင်းသမားတွေဟာ မန္တလေးမြို့က အိမ်တော်ရာ ၁၄ ခန်း ဇရပ်ဆီရောက်ရသပေါ့။ လူထုတွေ လည်း စစ်ကြောင်းတွေခွဲပြီး ချီတက် လာကြတယ်လေ။ မကြာခဏပေါ့။ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာ သဘာပတိလုပ်တဲ့ ရုပ်ရှင်မင်းသားကြီး ထွန်းဝေကို အပြေးအလွှား ကပ်ရမေး ရမြန်းရ၊ စစ်ကြောင်းချီလာတဲ့ လယ် သမားကြီးဆီ အမောတကော ပြေး ကပ်ပြီး သူပြောတာ နားထောင်နား စိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြရ။

ရှေ့သို့ ဆက်ကာ ချီတက်ပါလေ
မောင်သစ်လွင် (လူထု)

သမီးယုံကြည်ချက်
ခိုင်မာပါတယ်။ စေတနာမှန်ပါတယ်
စာဖတ်ပရိသတ်က
နှစ်သက်အားပေးကြတာပဲ
သမီးရေးစရာရှိတာ ဆက်ရေး
မမှန်မကန်တဲ့ ဝေဖန်ရေးဆိုတာ
ရှိတတ်တာပဲ
ဒါအဆန်းမဟုတ်
ရမ်းတုတ်တွေလည်း
ရှိတာပဲလေ
ဒီတစ်ခါလည်း ထပ်ပြောဦးမှာပဲ
ကြံ့ကြံ့ခံနိုင်အောင်
ကျန်းမာရေးဂရုစိုက်
ဒေါင်ဒေါင်မြည်
ရပ်တည်နိုင်ပါစေ။

သမီးရဲ့ ရဲရင့်တက်ကြွ
ထာဝစဉ် ရှင်သန်နေတဲ့စာတွေ
ဆက်ကာ ဆက်ကာ
ထွက်လာစေ။
မျှော်လင့်စောင့်စား
အားပေးနေကြလေရဲ့
ရှေ့သို့ဆက်လေ သမီးရေ။

(ရေးနေတဲ့ ပင်လုံဝတ္ထုအောင်မြင်ပါစေ)

(မန္တလေးနေ့စဉ်သတင်းစာ ၃ဝ-၁-၂ဝ၁၈)

ရေးနေရဆဲပဲ ဦးဝင်းတင်ရေ … ဒါသတင်းသမားတာဝန်ပဲလေ။

မောင်သစ်လွင် (လူထု)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071