Wednesday, April 8, 2026

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့်...

MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈...

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ပိတ်ထားမည်

ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မြတ်စွယ်တော်တိုက်အသစ်တည်ဆောက်မည်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ မြတ်စွယ်တော်တိုက်ကိုအသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရန် မြေသန့်ပန္နက်တော်တင်မင်္ဂလာအား ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းကကျင်းပရာ စေတီတော်မြတ်ကြီး၏...
HomeMoviesအပစ်ရပ်ရေးသဘောတူညီချက်ကြောင့်ရေနံစိမ်းဈေးကျ၊ စတော့ဈေးများ ပြန်တက်

အပစ်ရပ်ရေးသဘောတူညီချက်ကြောင့်ရေနံစိမ်းဈေးကျ၊ စတော့ဈေးများ ပြန်တက်

အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို တေရန်က ဖွင့်ပေးရမည့်အချက်ပါဝင်သည့် အမေရိကနှင့် အီရန်အကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာဈေးများ ပြန်လည်မြင့်တက်ခဲ့သည်။

အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့် ရေလက်ကြားကို ပြန်ဖွင့်လျှင်ဖွင့် မဖွင့်လျှင်ချေမှုန်းခံရမည်ဆိုသော ဒေါ်နယ်ထရမ့်ပ်၏ နောက်ဆုံးသတ်မှတ်ချိန်နီးကပ်လာချိန်တွင် တိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ကာ လက်တွေ့ကျသော အချက် ၁၀ ချက်ပါ သည့် အဆိုပြုချက်ကို လက်ခံရရှိထားကြောင်း ပြောဆိုခဲ့သည်။

အီရန်ဘက်ကလည်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ငါးပုံတစ်ပုံခန့်ဖြတ်သန်းသယ်ဆောင်ရာ ရေလမ်းကြောင်းကို ဘေးကင်းလုံခြုံစွာဖြတ်သန်းနိုင်ရေး သဘောတူခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထိုသတင်းကြောင့် ရေနံစိမ်းဈေးများ ကျဆင်းခဲ့ပြီး West Texas Intermediate သည် ၂၀ ရာခိုင်နှုန်းနှင့် ဘာရန့်ရေနံစိမ်းဈေးနှုန်းသည် ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သောကြောင့် စစ်ပွဲ သီတင်းငါးပတ်ကျော်အတွင်း ထောက်ပံ့ဖြည့်တင်းရေးလုပ်ငန်းစဉ်များထိခိုက်ခဲ့ရပြီးနောက် ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်သက်သာရာရစေခဲ့သည်။

တစ်လကျော်ကြာ ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သည့် အကျပ်အတည်း အဆုံးသတ်တော့မည်ဟူသော မျှော်လင့်ချက်များကြောင့် ရှယ်ယာဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။

ဆိုးလ်နှင့် တိုကျိုစတော့ရှယ်ယာဈေးများ ၅ ရာခိုင်နှုန်းကျော်၊ တိုင်ပေက ၄ ရာခိုင်နှုန်းနီးပါး၊ ဆစ်ဒ်နီနှင့် ဟောင်ကောင်က ၂ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်။ ရှန်ဟိုင်း၊ စင်ကာပူနှင့် ဝယ်လင်တန်တို့တွင်လည်း သိသိသာသာမြင့်တက်ခဲ့ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များဆောက်လုပ်လျက်ရှိရာ ရေကစားမ ဏ္ဍပ်များတည်ဆောက်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောက်လုပ်နေရာ၌ အမိုးပိုက်စိမ်းစများအုပ်မိုးခြင်း၊ ပုဂံထီး/ပုသိမ်ထီးအလှဆင်ခြင်းတို့ကို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအ ကယ်ဒမီ၌ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံရှိလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းကို အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးငယ်များအား မတ် ၉ ရက်မှ ဧပြီ ၈ ရက်အထိ တစ်လကြာဖွင့်လှစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန် ကုန်တိုင်းတွင်(၇၀၀)ဦး၊ မန္တလေးတိုင်းတွင်(၄၀၀) ဦး၊...

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ပိတ်ထားမည်

ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ ယာယီပိတ်ပြီး လုပ်ငန်းများအားလုံးကိုရပ်နားထားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ဧပြီ ၁၈ ရက်မှစတင်၍ CI ထုတ်ပေးရေးစခန်းများကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းစဥ်များအားလုံးကိုပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071