နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံ၊ ဘူရားတီးယား ပြည်နယ်၊ အူလန်အူဒေးမြို့သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၏ ဇနီးဒေါ်ကြူကြူလှသည် ယနေ့ ဇွန် ၂၉ ရက်နံနက်ပိုင်းက Leo Bardamov ပြတိုက်ကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။
အဆိုပါ Leo Bardamov ပြတိုက်သည် အူလန်အူဒေးမြို့တွင်တည်ရှိပြီး ရှေးခေတ်ဆိုဗီယက်လူမျိုးတို့၏ ယဉ်ကျေးမှုအနုပညာလက်ရာများ၊ သမိုင်း ကြောင်းများနှင့် စာပေများကိုလေ့လာနိုင်သည့်အ ပြင် ဗုဒ္ဒသာသာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ်အနုပညာရှင်တို့၏ လက်ရာများကိုလေ့လာခံစားနိုင်ပြီး ပြ တိုက်အတွင်း၌ စာပေယဉ်ကျေးမှု၊ ပန်းချီများ၊ အ သုံးအဆောင်များစသည့် အနုပညာလက်ရာအမျိုးအစားပေါင်း(၅,၀၀၀)ကျော်ပြသထားသည်။
ခန်းမကြီး ခြောက်ခန်းပါဝင်သောနှစ်ထပ်ပြခန်းတွင် အရှားပါးဆုံးစာအုပ်များ၊ ရှေးဟောင်းအိမ်သုံးပစ္စည်းများ၊ ခေတ်ဟောင်းပုလင်းများနှင့် မြေပုံဟောင်းများကို စုံလင်စွာ ခင်းကျင်းပြသထားသည်။
ရုရှားနိုင်ငံ၏ တော်လှန်ရေးမတိုင်မီခေတ်က ပစ္စည်းများ၊ လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ရာကျော်ကပစ္စည်းများလည်းရှိသည်။ ဗုဒ္ဓမတိုင်မီနှင့် ဗုဒ္ဓဘာသာ အထောက်အထားများကိုလည်းပြသထားသည်။