Saturday, May 9, 2026

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို...

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည်...

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...
HomeInternationalအစ္စရေး ဓ-ါးစာခံ ၃...

အစ္စရေး ဓ-ါးစာခံ ၃ ဦးနှင့် ပါလက်စတိုင်း အကျဉ်းသား ၃၆၉ ဦး လဲလှယ်

အတိမ်းအစောင်းမခံသည့် အပစ်အခတ်ရပ်စဲမှု ပျက်ပြားမည့်အရေးမှ ရှောင်လွှဲနိုင်ရန် ကြားဝင်ညှိနှိုင်းသူများက ကူညီပေးခဲ့ပြီးနောက်တွင် ထိန်းသိမ်းထားသူများကို အပြန်အလှန်လဲလှယ်မှုအဖြစ် ဖေဖော်ဝါရီ လ ၁၅ ရက် နေ့ တွင် ဟားမတ်စ်အဖွဲ့က ဂါဇာရှိ အစ္စရေး ဓ-ါးစာခံ သုံးဦးကို လွှတ်ပေးခဲ့သကဲ့သို့ အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၃၆၉ ဦးကို လွှတ်ပေးလိုက်သည်။

ခန်ယူနစ်မြို့တစ်နေရာရှိ စင်မြင့်တစ်ခုပေါ်သို့ အစ္စရေးအကျဉ်းသား သုံးဦးကို ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့ဘေးတစ်ဖက်စီတွင် မောင်းပြန်ရိုင်ဖယ်များကိုင်ထားသည့် ဟားမတ်စ် စစ်သွေးကြွများခြံရံထားသည်ကို တိုက်ရိုက်လွှင့်ခဲ့သည့် ဗီဒီယိုတွင် တွေ့ရသည်။ ယင်းနောက်တွင် သူတို့သုံးဦးကို အစ္စရေးတပ်ဖွဲ့များက အစ္စရေးနယ်မြေအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ အစီအစဉ်အပြီး သိပ်မကြာခင်မှာပင် လွတ်မြောက်လာသော ပါလက်စတိုင်း အကျဉ်းသားများနှင့် ထိန်းသိမ်းထားသူများကို တင်ဆောင်ထားသည့် ဘတ်စ်ကားများသည် အစ္စရေးသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသ အိုဖာ အကျဉ်းထောင်မှ ထွက်ခွာသွားခဲ့သည်။ ပါလက်စတိုင်းအလံများဝှေ့ယမ်းက ကြိုဆိုအားပေးနေသည့် လူအုပ်ရှိရာ ရာမာလာမြို့သို့ ပထမဆုံး ဘတ်စ်ကား ဆိုက်ရောက်လာခဲ့သည်။

ကားပြတင်းများတွင် အောင်ပွဲခံဆိုင်းဘုတ်များ တပ်ဆင်ထားသည့် လွတ်မြောက် ပါလက်စတိုင်းအကျဉ်းသားများ တင်ဆောင်လာသော ဘတ်စ်ကားများသည် နောက်ပိုင်းတွင် ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်ယူနစ်မြို့ရှိ ဥရောပဆေးရုံကို ရောက်ရှိလာခဲ့သည်။

အချို့ပါလက်စတိုင်းများသည် ၂၀၀၀ ပြည့်နှစ်က ဒုတိယ ပါလက်စတိုင်းအုံကြွမှုအရေးအခင်းအတွင်း အသေခံဗုံးခွဲမှုများနှင့် အစ္စရေးနိုင်ငံသား ဒါဇင်နှင့်ချီကို သတ်ဖြတ်ခဲ့မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက် နေ့ မှစတင်ကာ ပြန်လည်လွတ်မြောက်လာသော အစ္စရေးဓါးစာခံအချို့သည် အစာဖြတ်တောက်ခံထားရခြင်း၊ ဥမင်လှိုဏ်ခေါင်းများအတွင်း လနှင့်ချီ၍ ထိန်းသိမ်းခံထားရခြင်း၊ နေ့အလင်းရောက် မရရှိခြင်းနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခံရမှုများ ရှိခဲ့သည်ဟု ဆိုသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍပိုမိုခိုင်မာလာစေရေးအ တွက် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပိုမိုအားကောင်းလာစေရန်၊ ခေတ်သစ်ငွေရေးကြေးရေးစနစ်ဖြစ်သည့် Digital Banking ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီအိုင်စီတီနည်းပညာများအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။​ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့၏တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုနည်းပညာဖြင့်အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုစေမည့်အပြင် အိမ်နီးချင်းအာရှနိုင်ငံများကြား ဘဏ္ဍာရေးဆိုင်ရာ...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့် ယနေ့ကမ္ဘာ့စျေးကွက်

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည် ပုဂံခေတ်ကတည်းကပင် ထင်ရှားခဲ့ပြီး မင်းအဆက်ဆက် တန်ဖိုးထား ဝတ်ဆင်ခဲ့ကြသော ရတနာဖြစ်သည်။ မင်းတုန်းမင်းလက်ထက်တွင် ရရှိခဲ့သော "ပတ္တမြား ငမောက်" မှာ ကမ္ဘာကျော်ခဲ့ပြီး ယနေ့တိုင် သမိုင်းတွင်နေသည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်။ မြန်မာ့ပတ္တမြားကို ကမ္ဘာက အသိ အမှတ်ပြုရသည့် အဓိကအချက်မှာ ခို​သွေး (Pigeon's Blood) ဟုခေါ်သော အနီရောင်ရင့်ရင့် အရည်အသွေးကြောင့်ဖြစ်သည်။ ဤအရောင်မျိုးသည် ကမ္ဘာပေါ်တွင်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည် ကုမ္ပဏီပိုင်ရှင်နိုင်ငံခြားသားများ၏ လူမဆန်စွာနှိပ်စက်မှုကိုခံခဲ့ရသဖြင့် မေ ၈ ရက်နံနက်ပိုင်းတွင် မြန်မာသံအမတ်ကြီးက ကိုသားသားကိိုတွေ့ဆုံပြီး နှိပ်စက်ခံရသည့် အသေးစိတ်အခြေအနေများနှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုများကိုမေးမြန်းကာ အားပေးစကားပြောကြားပြီး သံရုံးဝန်ထမ်းမိသားစုများ ၏ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ဖြစ်စဉ်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ မှန်ကန်သည့်တရားစီရင်မှုဖြစ်ပေါ်စေရေး၊ ဥပဒေမဲ့ကျူးလွန်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များရရှိစေရေး၊ ထိခိုက်ခံစားခဲ့ရသည့် မြန်မာစကားပြန်အတွက် ထိုက်သင့်သည့် နစ်နာ ကြေးများအပြည့်အဝရရှိစေရေးတို့ကို ဗန်ကောက်မြို့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071