Saturday, July 5, 2025

အငြိမ်းစားဝန်ထမ်းများ e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်

နိုင်ငံတော်၏ ဝန်ဆောင်မှုလုပ်ငန်းများကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်သည်။ လက်ရှိတွင်...

အပူပိုင်းဒေသ၏ဂေဟစနစ်ပိုမိုကောင်းမွန်လာစေရေး စီမံချက်များဖြင့်ဆောင်ရွက်နေ

နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ၏ဂေဟစနစ်ပိုမိုကောင်းမွန်လာစေရေး၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်စေရေးတို့ကို စီမံချက်များဖြင့်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၄ ရက်နံနက်ပိုင်းက...

ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ...

ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို နေ့စဉ်ကူးသန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန်အတွက် ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ ပြေးဆွဲပေးလျက်ရှိကြောင်းဒလမြို့နယ် စက်တပ်ရေယာဉ်ကြီးကြပ်‌ရေးအဖွဲ့မှ သိရသည်။ ရန်ကုန်မြစ်အတွင်းပြေးဆွဲပေးနေသည့် သမ္ဗန်ရေယာဉ်များကို...

MAI ၏ဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥...

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍MAI မှ ပြေးဆွဲပေးနေသောဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 လေဆိပ်အသစ်သို့ ပြောင်းရွှေ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ MAI...
HomeNewsLocal Newsအင်းလေးဒေသ ရေရရှိမှု ပိုမိုအဆင်ပြေရန်...

အင်းလေးဒေသ ရေရရှိမှု ပိုမိုအဆင်ပြေရန် ရေပေးဝေနိုင်မည့်စီမံကိန်းတစ်ခု စတင်ဆောင်ရွက်နေ

အင်းလေးဒေသခံ ငါးထောင်ကျော်ကို ရေပေးဝေနိုင်မည့် စီမံကိန်းတစ်ခုကို စတင်ဆောင်ရွက်နေကြောင်း MSF Myanmar မှ သိရသည်။

ထိုစီမံကိန်းကို စက်တင်ဘာလ၌ ပြီးဆုံးနိုင်ရန် မျှော်မှန်းထားပြီး ဇွန် ၂၂ ရက်၌ ပိုက်လိုင်းများ စတင်ဆောက်လုပ်နေခြင်း ဖြစ်သည်။

မတ်၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ရှမ်းပြည်နယ် အင်းလေးကန်ထဲရှိ ရေပေးဝေရေးစနစ်လည်း ထိခို-က်ပျ-က်စီးမှုများ ရှိခဲ့သည်။

ထို့ကြောင့် ဝက်သားကင်ဘုန်းကြီးကျောင်း၌ရှိသည့် ယင်းစီမံကိန်းသည် ငလျင်ကာလက ပျ-က်စီးခဲ့ရသည့် ရေပေးဝေမှုစနစ်ကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အငြိမ်းစားဝန်ထမ်းများ e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်

နိုင်ငံတော်၏ ဝန်ဆောင်မှုလုပ်ငန်းများကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်သည်။ လက်ရှိတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် မသမာသူများမှ ပင်စင်လစာများ လိ-မ်လ-ည်ထုတ်ယူခြင်းမှ ကင်းဝေးစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် လူပုဂ္ဂိုလ် မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရေးနှင့် Centralized e-Pension စနစ်နှင့် e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID (Unique Identification) နံပါတ်...

အပူပိုင်းဒေသ၏ဂေဟစနစ်ပိုမိုကောင်းမွန်လာစေရေး စီမံချက်များဖြင့်ဆောင်ရွက်နေ

နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ၏ဂေဟစနစ်ပိုမိုကောင်းမွန်လာစေရေး၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်စေရေးတို့ကို စီမံချက်များဖြင့်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုး ဝိုင်း၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံ၏အပူပိုင်းဒေသဟုသတ်မှတ်ထားသည့် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့နှင့် အောက်ပိုင်းဒေသတို့သည် နိုင်ငံ၏စိုက်ပျိုးရေးအတွက် အရေးပါသည့်ဒေသဖြစ်ကာ ဒေသခံပြည်သူ သန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသော အခြေခံကောင်းများရှိသည့် ဒေသများဖြစ်သော်လည်း မိုးခေါင်ရေရှားမှု၊ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနှင့် ရေရရှိမှုနည်းပါးခြင်းများကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်သစ်ပင်များရှင်သန်ကြီးထွားအောင်မြင်ရန်ခက်ခဲသည်ဟု...

ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ ပြေးဆွဲပေးလျက်ရှိ

ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို နေ့စဉ်ကူးသန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန်အတွက် ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ ပြေးဆွဲပေးလျက်ရှိကြောင်းဒလမြို့နယ် စက်တပ်ရေယာဉ်ကြီးကြပ်‌ရေးအဖွဲ့မှ သိရသည်။ ရန်ကုန်မြစ်အတွင်းပြေးဆွဲပေးနေသည့် သမ္ဗန်ရေယာဉ်များကို နေ့စဉ် မနက်(၄)နာရီမှ ည(၁၀)နာရီအထိ ရပ်နားခြင်းမရှိဘဲ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းနှင့် ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁) ဆိပ်တို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ ပုံမှန်ကူးသန်း သွားလာလျက်ရှိသည်။ ယခုအခါ ရန်ကုန်-ဒလမြစ်ကူးတံတားကြီးကိုလည်းတည်ဆောက်နေပြီး ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင် ပြီးစီးရန်မျှော်မှန်းထားကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071