Saturday, July 5, 2025

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ...

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ...

MNL League Cup 2025...

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ...

ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် တိုင်းဒေသကြီးများမှ ပျ-က်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျ-က်စီးထိခို-က်မှုစာရင်းများကို ကောက်ယူနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ကောက်ယူနေသော တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ဖြစ်သည်။ ကောက်ယူမှုတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်...

နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ယာမြေညီထပ်နေထိုင်သူများအား အိမ်သုံးလျှပ်စစ်ပစ္စည်းများထောက်ပံ့

မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၂၅)ခုမှဝန်ထမ်းအိမ်ယာများ၏ မြေညီထပ်အခန်း(၄၉၉)ခန်းတွင်နေထိုင်သော ဝန်ထမ်းများအတွက် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း (၆)မျိုးတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများအား...
HomeInternationalအင်ဒို-တရုတ်လစ်သီယမ်ဘက္ထရီစက်ရုံ၂၀၂၆နှစ်ကုန်တွင်စ၍ထုတ်လုပ်မည်

အင်ဒို-တရုတ်လစ်သီယမ်ဘက္ထရီစက်ရုံ၂၀၂၆နှစ်ကုန်တွင်စ၍ထုတ်လုပ်မည်

အင်ဒိုနီးရှားကုမ္ပဏီတစ်ခုနှင့် တရုတ်နိုင်ငံ၏ CATL ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော လစ်သီယမ်-အိုင်ယွန်ဘက္ထရီစက်ရုံသည် ကနဦးစွမ်းဆောင်ရည် ၆ ဒဿမ ၉ ဂစ်ဂါဝပ်နာရီဖြင့် ၂၀၂၆ နှစ်ကုန်ပိုင်းတွင် လုပ်ငန်းလည်ပတ်ရန် မျှော်လင့်ထားသည်ဟု အင်ဒိုနီးရှား အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

စက်ရုံသည် စွမ်းရည်သိုလှောင်မှုပမာဏ ၁၅ ဂစ်ဂါဝပ်အထိရှိသော လျှပ်စစ်ကားဘက္ထရီများကို တိုးချဲ့ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်းနှင့် ထုတ်ကုန်များကို ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ ရောင်းချသွားမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Dwi Anggia က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားဘက္ထရီကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီကြီး Contemporary Amperex Technology(CATL) တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံပိုင်သတ္ထုတူးဖော်ရေးလုပ်ငန်း PT Aneka Tambang Tbk အပါအဝင် အင်ဒိုနီးရှား ကုမ္ပဏီများနှင့် CATL လုပ်ငန်းစုတစ်ခုတို့ ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ဒေါ်လာ ၆ ဘီလျံ ပါဝါဘက္ထရီစီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ မိတ်ဖက်အဖွဲ့သည် နစ်ကယ်သတ္ထု့တူးဖော်ခြင်း၊ ကုန်ချောပြုလုပ်ခြင်း၊ အီဗီ ဘက္ထရီထုတ်လုပ်ခြင်းနှင့် ဘက္ထရီပြန်လည်အသုံးပြုခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မည်ဖြစ်သည်။

စက်ရုံသည် ဆိုလာပြားများမှ စွမ်းအင်သိုလှောင်သည့် ဘက္ထရီအမျိုးအစားကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီး Bahlil Lahadalia က ပြောဆိုသည်။

“ဆိုလာပြားတွေကနေ ဘက္ထရီထုတ်လုပ်မှုနဲ့အတူ ဒီစက်ရုံရဲ့ စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းဟာ ၄၀ ဂီဂါဝပ်နာရီအထိ ရောက်ရှိသွားနိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့ပြီး စီမံကိန်းပိုင်ရှင်နှင့် ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နေသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

ဘက္ထရီစက်ရုံကို အနောက်ဂျာဗားပြည်နယ်တွင် တည်ဆောက်သွားမည်ဖြစ်ကာ ကျန်စီမံကိန်းလက်ခွဲများသည် အင်ဒိုနီးရှားအရှေ့ပိုင်းရှိ နစ်ကယ်ကြွယ်ဝရာ မြောက်မာလူကူပြည်နယ်တွင် တည်ဆောက်မည်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး နစ်ကယ်သတ္ထု့သိုက်များတည်ရှိရာ အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် အီးဗီကား အစီးရေ ၆ သိန်းအထိ ထုတ်လုပ်သွားရန် ရည်မှန်းချက်ကြီးကြီး ချမှတ်ထားသည်။ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ရောင်းချခဲ့ရသည့် အီဗီကားအရေအတွက်ထက် ၁၆ ဆခန့် ရှိမည်ဖြစ်သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ အရေးယူမည်

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ ဟာလသတင်းများဆိုင်ရာ အသိပေးချက်အနေဖြင့် အသိပေးထုတ်ပြန်ထားသည်။ ကောလာဟလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ တည်ဆဲဆက်သွယ်ရေးဥပဒေအရလည်းကောင်း၊ တည်ဆဲသဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ အခြားသက်ဆိုင်ရာ အကျုံးဝင်သည့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းအသိပေးချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ယင်းကဲ့သို့ ကောလာဟလဖြန့်ချိသော လူမှုကွန်ယက်စာမျက်နှာနှင့် အကောင့်များအား weathermyanmar-meteorology@hotmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။ ယင်းအပြင် ပြည်သူလူထုအနေဖြင့် မိမိတို့ကြားသိထားကြသော သတင်းများအား...

MNL League Cup 2025 ဗိုလ်လုပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးမည်

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ယင်းသည် ရန်ကုန်ယူနိုက်တက်အသင်း၏ ပရိသတ်များအတွက် သွားလာရေး လွယ်ကူစေရန် ကြို/ပို့ယာဉ်များကို အသင်းက စီစဉ်ပေးခြင်းဖြစ်ပြီး၊ လိုက်ပါမည့်သူများအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex၊ လှိုင်မြို့နယ် (သံလမ်းမှတ်တိုင်အနီး)သို့ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် အရောက်လာကြရန် နှိုးဆော်ထားသည်။ ထို့အပြင် အကြို/အပို့ကားများကို လှိုင်မြို့နယ်မှ သုဝဏ္ဏဘောလုံးကွင်းအထိ...

ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများ ကောက်ယူ

မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် တိုင်းဒေသကြီးများမှ ပျ-က်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျ-က်စီးထိခို-က်မှုစာရင်းများကို ကောက်ယူနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ကောက်ယူနေသော တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ဖြစ်သည်။ ကောက်ယူမှုတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျ-က်စီးထိခို-က်မှုစာရင်းများကို ကမ္ဘာ့အဆင့်သတ်မှတ်ထားသော ပုံစံဖြင့် ကွင်းဆင်းမေးမြန်း မှတ်တမ်းတင်ကောက်ယူခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စာရင်းကောက်ယူမှုတွင်မူ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဦးစီးကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာစစ်တမ်းများဖြင့် လုပ်ငန်း (၁၀)ခုကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ထိုနည်းတူ ရှမ်းပြည်နယ်၊ အင်းလေးဒေသအတွင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သုတေသန လုပ်ငန်းထိခိုက်ပျက်စီးမှုစာရင်းများကို မေလ (၁၀)ရက်မှ (၁၂)ရက်အထိ လုပ်ငန်း (၅)ခုကို စာရင်းကောက်ယူပြီဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071