Monday, May 11, 2026

ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်ငွေ သန်း ၅၀ ဖိုးခန့်ရှိ မှောင်ခို လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားရာ တရားမဝင် ဂိုဒေါင်တစ်ခုကို စစ်ဆေးရန်အတွက်...

ပုသိမ်မြို့တွင် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းအစိုးရအ ဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတ နာရှင်များ၏ပံ့ပိုးမှုတို့ဖြင့် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား မေ ၁၀ ရက်က အခမဲ့ဆေးကုသပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများက...

Fort Knox မှ ရွှေများ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအနေဖြင့် Fort Knox စစ်အခြေစိုက်စခန်းရှိ လုံခြုံရေးအဆင့်မြင့် အကာအရံများအတွင်းသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်၏ ရွှေအရန်သင့်စုဆောင်းမှုများ အမှန်တကယ် ရှိ၊...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းပေါ်တွင်ယာဥ်တိုက်မှုဖြစ် (၁)ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်တွင် ယနေ့ မေ ၁၁ ရက်မွန်းတည့် ၁၂ နာရီခွဲကျော်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ...
HomeMoviesဟားခါးမြို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု...

ဟားခါးမြို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၀၀ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဟားခါးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၈) ရက်က ဟားခါးမြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါထောက်ပံ့မှုတွင် အိမ်ထောင်စု (၃၄၈) စုမှ လူဦးရေ စုစုပေါင်း (၁,၂၉၄)ဦးအတွက် ကျန်းမာရေးသုံးပစ္စည်း(၆၇၃) ထုပ်နှင့် အမျိုး သမီးဂုဏ်သိက္ခါထိန်းပစ္စည်း (၃၃၄) ထုပ်၊ စောင်(၂၈၄)ထည်နှင့်ဆေးစိမ်ခြင်ထောင် (၃၀၀)ထုပ်၊ ကိုယ်သုတ်ပဝါ (၁၈၅) ထည် နှင့်သောက်ရေခွက် (၁၂၀) ခွက်တို့ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ယာယီနေရပ်စွန့်ခွာသူများထံသို့ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်ရှိ နေရပ်စွန့်ခွာလာရသူများအတွက် အရေးတကြီးလိုအပ်နေသည့် ကျန်းမာရေးနှင့်အခြေခံအသုံး အ ဆောင်ပစ္စည်းများကို ကြက်ခြေနီအသင်းက အချိန်နှင့်တစ်ပြေးညီ ကူညီပေးနေခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်ငွေ သန်း ၅၀ ဖိုးခန့်ရှိ မှောင်ခို လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားရာ တရားမဝင် ဂိုဒေါင်တစ်ခုကို စစ်ဆေးရန်အတွက် တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ဖူးခက်ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့သည်။ မစ္စတာ အနူတင်သည် ညနေ ၃ နာရီခွဲတွင် မြောင်ခရိုင် ဘန်ရင်းမြို့နယ်ရှိ အမှတ် ၄၀၈၀ အဝေးပြေးလမ်းပေါ်ရှိ ၁၆၈ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ မှတ်ပုံမတင်ထားသော ဂိုဒေါင်သို့ သွားရောက်ခဲ့ကြောင်း အစိုးရအိမ်တော်က တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ၎င်း၏ ဖေ့စ်ဘုတ်ပေ့ချ်၌ သတင်းထုတ်ပြန်ခဲ့သည်။ ထိုဂို‌ဒေါင်တွေ့ရှိမှုကို “လုံခြုံရေးအန္တရာယ် ပုံစံအသစ်” ဟု အစိုးရအိမ်တော်က...

ပုသိမ်မြို့တွင် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းအစိုးရအ ဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတ နာရှင်များ၏ပံ့ပိုးမှုတို့ဖြင့် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား မေ ၁၀ ရက်က အခမဲ့ဆေးကုသပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ သွေးစစ်ပေးခြင်း၊ အရေပြားအထူးကုဆရာဝန်ကြီး၊ အ ထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာ ဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာ ဝန်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့ကုသပေးခဲ့ကြသည်။ ထိုသို့ ကုသပေးမှုအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများကကြည့်ရှုပြီး ကုသမှုခံ ယူနေသူများကို အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်းများ၊...

Fort Knox မှ ရွှေများ ရှိ၊ မရှိ စစ်ဆေးလိုကြောင်း ထရန့် ပြောကြား၊ “သူတို့တွေ အများကြီး ခိုးယူနေကြတယ်” ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအနေဖြင့် Fort Knox စစ်အခြေစိုက်စခန်းရှိ လုံခြုံရေးအဆင့်မြင့် အကာအရံများအတွင်းသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်၏ ရွှေအရန်သင့်စုဆောင်းမှုများ အမှန်တကယ် ရှိ၊ မရှိ အတည်ပြုလိုကြောင်း ပြောကြားခဲ့သည်။ ထိုသို့စစ်ဆေးလိုရခြင်းမှာ "သူတို့တွေ အများကြီး ခိုးယူနေကြလို့" ဖြစ်ကြောင်း သူက ဆိုသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က သတင်းထောက် Sharyl Attkisson နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အသက် ၇၉ နှစ်အရွယ် ဘီလျံနာသမ္မတကြီးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ပေးခဲ့သော ကတိနှင့်ပတ်သက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071