Friday, July 4, 2025

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား...

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း...

ငလျင်ဒဏ်ခံခဲ့ရသည့် ကျိုက်လတ်ချောင်စေတီနှင့် တိလောကဂုရု လှိုဏ်ဂူတော်တို့ကို...

ငလျင်ဒဏ်ခံခဲ့ရသည့် ပင်းယခေတ်နံရံပန်းချီရှိသည့် ကျိုက်လတ်ချောင် စေတီနှင့် ညောင်ရမ်းခေတ်နံရံပန်းချီများရှိရာ တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။ ထိုစေတီ နှစ်ဆူကို နှလုံးသားထဲကပုဂံအဖွဲ့က...
HomeCelebrities' Newsသရုပ်ဆောင် အလုပ် အပြင်...

သရုပ်ဆောင် အလုပ် အပြင် အဆိုပိုင်းကိုပါ လုပ်ဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ချမ်းမေမြတ်နိုး

သရုပ်ဆောင် ချမ်းမေမြတ်နိုးကတော့ လတ်တလောမှာ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးတဲ့ ‘ဝေးမနေချင်ဘူး’ ရုပ်ရှင်ဇာတ်ကားမှာ  KTV ကမိန်းကလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ သရုပ်ဆောင် အသစ်တစ်ယောက်အနေနဲ့ ကြိုးစားနေတဲ့အချိန်မှာ သူမရဲ့ ကာ ရိုက်တာရွေးမှုနဲ့ ပတ်သက်ပြီးလည်း ခုလို ပြောပြခဲ့ပါတယ်။

“ကာရိုက်တာပိုင်းကတော့ ညီမဆီပေးလာတဲ့ ကာရိုက်တာပေါ် မူတည်ပြီး အကောင်းဆုံး သရုပ်ဆောင်ပါတယ်။ ရောက်လာတဲ့ ကာရိုက်တာကို မရိုက်ကူးနိုင်ဘူး ဆိုပြီး ငြင်းလိုက်တာတော့ သိပ်မရှိပါဘူး။ တော်တ်ာများများကိုတော့ လက်ခံပြီး ရိုက်ကူးပါတယ်။ ညီမအတွက် အနုပညာမကျန်တဲ့ ဇာတ်ရုပ်တွေဆိုရင်တော့ သိပ်မရိုက်ကူး ဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ ဒရာမာ ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်တယ် လို့ထင်ပါတယ်။ ညီမအနု ပညာလောက စရောက်ကတည်းက လိမ္မာတဲ့ သမီးနေရာ၊ မိသားစု အတွက် အနစ်နာခံတဲ့ ဇာတ်ရုပ်တွေ ရိုက်ကူးတာများတယ်။ ညီမကိုမျက်ရည်ရတယ်။ ငိုနိုင်တယ်လို့လည်းပြောကြတယ်။ သရုပ်ဆောင် စလုပ် ကတည်းက ခုချိန်ထိလည်း တစ်ခါမှမျက်ရည်အတုမသုံးဖူးပါဘူး။ မျက်ရည်အစစ်နဲ့ပဲငိုတယ်။ အဲဒါကြောင့် ညီမကိုယ်တိုင်လည်း ဒရာမာဇာတ်ရုပ်တွေနဲ့ လိုက်တယ်လို့ ထင်ပါတယ်။ ညီမကိုယ်တိုင် လုပ်ချင်နေတဲ့ ကာရိုက်တာကတော့ မျက်မမြင်ဇာတ်ရုပ်တွေ၊ သနားစရာလေးတွေ ရိုက်ကူးချင်ပါတယ်။ ညီမရဲ့အနုပညာကတော့ ၁ဝဝ ရာခိုင်နှုန်း မှာဆိုရင် နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိသေးပါတယ်။

အဲ့ဒါကြောင့်လည်း ညီမအများကြီး ကြိုးစားရ ဦးမှာပါ” လို့ ပြောပြခဲ့ပါတယ်။ သူမကတော့ ဇာတ်ကားရိုက်ကူးမှုအားတဲ့ အချိန်တွေမှာ နယ်တွေ မှာလည်း သီချင်းသွား ဆိုဖြစ်ပြီး တေးစီးရီးခွေလုပ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ နယ်ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ရတဲ့ ခံစားမှုနဲ့ သူမရဲ့ တေးစီးရီးအကြောင်းကိုလည်း ခုလိုပြောပြခဲ့ပါတယ်။  “ညီမ ဇာတ်ကားရိုက်ကူးတာတွေအားတဲ့အချိန်ဆိုရင်နယ်တွေမှာလည်း သီချင်းဆိုဖြစ်ပါ တယ်။ သီချင်းဆိုတာကိုလည်း ပရိသတ်က အတိုင်းအတာ တစ်ခုအထိ လက်ခံကြတယ်ဆို တော့ နောက်ပိုင်းမှာ စီးရီးအခွေလုပ် ဖြစ်ဖို့လည်း စဉ်းစားထားပါတယ်။ နယ်ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတော့ ပိုပျော်စရာကောင်းပါတယ်။ တေးစီးရီးကတော့ ကြာဦးမှာပါ။ သီချင်းစုနေတာနှစ်ပုဒ်လောက်ပဲရှိသေးပါတယ်။ တေးရေးဆရာ ကိုဝေကြီးဆီကနေ တစ်ပုဒ်ဝယ်ထားတာရှိတယ်။ နောက်ပြီး ညီမရဲ့ သူ ငယ်ချင်း ကိုပြုံးကြီး ဆီကတစ်ပုဒ်။ သီချင်းတွေကတော့ pop rock ပုံစံတွေ Slow rock ပုံစံလေးတွေ ဖြစ်မှာပါ။ ညီမအသံနဲ့ လိုက်မယ့် သီချင်းလေးတွေဆိုဖြစ်မှာပါဓ လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071