Saturday, July 5, 2025

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်...

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ...
HomeNewsLocal Newsသံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၂)သံမဏိစက်ရုံ(မြောင်းတကာ)၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်၍ စက်ရုံအနေဖြင့် တာဝါတိုင်များ၊ တံတားသံဘောင်များကို စနစ်တကျဆက်လက်ထုတ်လုပ်သွားရန်ပြီး အဓိကအားဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် Deformed Bar များလိုအပ်သဖြင့် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု မှာကြားသည်။

” ဆောက်လုပ်ရေးသုံး သံမဏိတွေကို ပြည်ပကနေနှစ်စဉ်ဝယ်ယူနေရရင် နိုင်ငံတော်အတွက် ငွေကြေးကုန်ကျမှုများပြားနေအုံးမှာဖြစ်လို့ ပြည်တွင်းမှာ လုံလောက်စွာထုတ်လုပ်နိုင်ဖို့အတွက် ရှိပြီးဖြစ်တဲ့ သံအရင်းအမြစ်တွေကို စနစ်တကျထုတ်ယူအသုံးချသွားဖို့လိုပါတယ်။ ပထမဦးစားပေးအနေနဲ့ Steel Billet တွေထုတ်လုပ်နိုင်ဖို့ အဲဒီကနေတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Deformed Bar တွေထုတ်လုပ်သွားနိုင်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

ထို့အတူ ပြည်တွင်း၌ရှိပြီးဖြစ်သည့် သံမဏိစက်ရုံများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်တွင်လည်း အချို့ဆောက်လုပ်ရေးလုပ်ငန်းသုံးသံမဏိများမှာ အရည်အသွေး ပြည့်မီမှုမရှိသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရခြင်းသည် မိမိတို့အတွက်သင်ခန်းစာဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ခိုင်ခံ့စွာတည်ဆောက်နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးသုံးသံမဏိများကိုထုတ်လုပ်သွားနိုင်ရန်လိုသည်ဟုလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် စက်ရုံအတွင်း တံ တားနှင့် သံထည်ထုတ်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများ၊ စက်ရုံ Jetty နေရာတို့ကိုကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)သို့သွားရောက်၍ ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သံမဏိများလိုအပ်လျက်ရှိ၍ ပြည်တွင်းသံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကိုအားပေးရန်လိုကာ အရေအတွက်ပြည့်မီရန်လိုအပ်သကဲ့သို့ အရည်အသွေးအရလည်းပြည့်မီရန်လိုသည်ဟုမှာကြားပြီး စက်ရုံမှထွက်ရှိသည့် သံမဏိများနှင့် ပြည်ပနိုင်ငံများမှထုတ်လုပ်ထားသော သံမဏိများအားအရည်အသွေးနှိုင်းယှဉ်ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် စက်ရုံအတွင်း HRB-500 Steel Billet များထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး အမှတ်(၃) သံမဏိစက်ရုံ(ရွာမ)မှ ဝန်ထမ်းများအတွက်ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား ပြန်လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇူလိုင် ၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပြီးနောက် ရာပြည့်အဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပထမအဆင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။ အဆိုပါ လယ်ယာစက်မှုဌာနအဆောက်အအုံ(ရာပြည့်အဆောက်အအုံ)အား ၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးရေးကျောင်းသစ်အဖြစ်ဆောက်လုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းစသည့် လယ်ယာလုပ်ငန်းသုံးစက်မှုပညာရပ်များကို သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့်သင်ကြားပေးခဲ့သည့်နေရာဖြစ်သည်။ ယင်း အဆောက်အအုံကြီးအား သာသနာရေးနှင့်...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက် ညနေပိုင်းက လှေလုံးကွဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသန့်ဇော်ဦးသည်လယ်ယာလုပ်ငန်းခွင်ကအပြန် နေအိမ်အရှေ့ချောင်းစပ်တွင် အလျား ၁၅ပေခန့် ဗျပ်သုံးပေခန့်မိကျောင်းတစ်ကောင်က ရေထဲသို့ဆွဲချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။ ထိုနောက် ဇူလိုင် ၃ရက်နေ့တွင်လည်း ညနေ ၃နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင်ကို ရွာကင်းတဲတံတားအနီး ရေချိုးဆင်းချိန် မိကျောင်းက ထပ်မံ ဆွဲချသွားကြောင်း...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးများကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေရန် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071