Friday, May 16, 2025

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...

ဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊ ကာကွယ်ရေးဆက်ဆံမှုများ...

မေ ၁၅ သြစတြေးလျ၏ အသစ်ပြန်လည်ရွေးကောက်ခံရသော ၀န်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးစ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့်ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး၊  ၎င်း၏အနီးနားအိမ်နီးချင်းနိုင်ငံနှင့် စီးပွားရေး၊...
HomeInternationalသမ္မတကြီးရှီနှင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့

သမ္မတကြီးရှီနှင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့

ယခင်နှစ်များဆီကတွေ့ဆုံမှုများတွင်ဆွေးနွေးဖူးသည့်အချက်များ

ရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး‌ေအာင်ပွဲ နှစ်(၈၀)ပတ်လည်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တရုတ်သမ္မတရှီကျင့်ဖျင်လည်း​ရောက်ရှိ​နေပြီဖြစ်သည်။

ရှီနှင့်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်တို့ ​သီးခြား တွေ့ဆုံကြမည်လားဆိုသည်ကိုလည်းစိတ်ဝင်စားမှုမြင့်တက်​နေကြသည်။

ယခင်က ၄င်းတို့နှစ်ဦး ​တွေ့ဆုံမှုများသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတွင်​တွေ့ခဲ့သည့် မှတ်တမ်းများရှိထားသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် ၂၀၂၀ ထိတွေ့ဆုံဆွေးနွေးမှု ၆ ကြိမ်ရှိခဲ့ဖူးသည်။

​တွေ့ဆုံမှုများတွင် ​၄င်းတို့နှစ်ဦးပြောကြားခဲ့ကြသည့်အချက်များကို ပြန်လည်​ကောက်နုတ်​ဖော်ပြ​ပေးသွားပါမည်။

သမ္မတကြီးရှီကျင့်ဖျင်ပြောကြားချက်များ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားကြောင်း

မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တတ်နိုင်သမျှ စောစီးစွာ အောင်မြင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊

တရုတ်-မြန်မာနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိ​ကြောင်း၊

ကာလရှည်ကြာ ​ဆွေမျိုးပေါက်ဖော် ချစ်ကြည်​ရေးကို ဆက်လက်လုပ်ဆောင်ရန်၊

နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ခေတ်သစ်တွင် တရုတ်-မြန်မာ ဆက်ဆံရေး အဓိပ္ပာယ်သစ်များ ဖော်ဆောင်သင့်​ကြောင်း၊

တရုတ်-မြန်မာ စစ်ဘက်ဆက်ဆံရေးကို ချီးကျူးဂုဏ်ပြုရင်း၊နှစ်နိုင်ငံ ဘုံအကျိုးစီးပွားအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပူးတွဲကာကွယ်ရန်မျှော်လင့်ကြောင်း၊

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ပံ့ပိုးကူညီလိုကြောင်း ၊

မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောလျင်စွာ ပြန်လည်ထူထောင်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ နှင့် တရုတ်နိုင်ငံသည် ပန်းတိုင်သို့ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန် ဆန္ဒရှိကြောင်း တို့ကို ​ပြောကြားဖူးသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားချက်များ

တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ကတိပြု၊

မြန်မာနိုင်ငံသည် ၎င်းတို့၏ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း၊

မြန်မာတပ်မတော်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်ရန် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်၊

မြန်မာနိုင်ငံ အမျိုးသားရေးနှင့် တပ်မတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံ၏ ရေရှည် ပံ့ပိုးကူညီမှုနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်းမြန်မာနိုင်ငံသည်တရုတ်နိုင်ငံနှင့် နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း တို့ကိုပြောကြားဖူးသည်။

သမ္မတရှီက မန္တ​လေးငလျင်ကြီး အတွက် ဝမ်းနည်း​ကြောင်းနှင့် ကူညီ​ပေးသွားမည့်အ​ကြောင်း စာလွှာကို နစက ဥက္ကဋ္ဌ ထံ မတ်လလ၂၉ရက် ကပို့ခဲ့​သေးသည်။

၄င်းတို့ဆုံ​တွေ့ခဲ့သည့်မှတ်တမ်း​ရက်စွဲများမှာ

၁။ နိုဝင်ဘာ ၂၈၊၂၀၁၁ ၊ ပေကျင်း (ရှီက ဒုသမ္မတ)

၂။အောက်တိုဘာ ၁၆၊၂၀၁၃၊ ပေကျင်း

၃။နိုဝင်ဘာ ၁၊၂၀၁၆ ပေကျင်း

၄။ နိုဝင်ဘာ ၂၄၊၂၀၁၇ ပေကျင်း

၅။ ဧပြီ ၁၀ ၊၂၀၁၉ ပေကျင်း

၆။ ဇန်နဝါရီ ၁၈၊ ၂၀၂၀ နေပြည်တော်

တို့ဖြစ်ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နှင့် အမေရိကန်ကြား ဟန်ချက်ညီရန် လိုအပ်သည့် နိုင်ငံငယ်လေးဖြစ်သောကြောင့် ယင်းကိစ္စကို သေသေချာချာ စဉ်းစားရမည်ဖြစ်ကြောင်း Phumtham က ဆက်လက်ပြောသည်။ ထိုင်းနိုင်ငံအတွက် တရုတ်ရေငုပ်သင်္ဘောများတွင် ဂျာမန်အင်ဂျင်များဖြင့် တပ်ဆင်မပေးနိုင်ကြောင်းဂျာမနီက မကြာသေးမီက တရားဝင်အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ယခုကဲ့သို့ အသံများထွက်လာခြင်းဖြစ်သည်။ ဂျာမနီသည် EU နှင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071