Friday, July 4, 2025

အသက်မပြည့်သည့် အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ်ရောင်းချသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

တနှစ်အတွင်းလူကုန်ကူးမှု ၆၇ မှုရှိခဲ့ရာတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းဖြစ် ပဲခူးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းရန်...

စစ်တောင်းမြစ်ရေနှင့်ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေ

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည်စိုးရိမ်ရေမှတ်အောက်၏ ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်...

မှတ်ပုံတင်စမတ်ကတ် ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား

မှတ်ပုံတင် စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးသည့် လုပ်ငန်းကို ယနေ့ (ဇူလိုင် ၄ ရက်)ကစပြီး ယာယီရပ်နားထားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဌာနက...

တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းနီးမြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာ...

မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၌ ယနေ့ (ဇူလိုင် ၄)ရက် မနက်ကိုးနာရီ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အထက် နှစ်လက်မခန့်ကို ကျော်လွန်ရောက်ရှိနေသည်။ တာချီလိတ်မြို့(လွယ်တော်ခမ်း)ကျေးရွာ၌ ထိုကဲ့သို့ စိုးရိမ်ရေအမှတ်အထက် နှစ်လက်မခန့်ကို...
HomeNewsLocal Newsသင်္ကြန်အတွက် နေရပ်ပြန်ခရီးသွားပြည်သူများ ကားလက်မှတ်အခက်အခဲမရှိစေရန်...

သင်္ကြန်အတွက် နေရပ်ပြန်ခရီးသွားပြည်သူများ ကားလက်မှတ်အခက်အခဲမရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်

သင်္ကြန်အတွက် နေရပ်ပြန်ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရေး ကားလက်မှတ် ပုံမှန်နှုန်းထားများဖြင့် အခက်အခဲမရှိစေရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း၏ ပြောကြားချက်အရ သိရသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ ပြန်ကြမည့် ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ယာဉ်အသင်းများမှ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း၌ ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အဝေးပြေးကားကွင်းရှိ ကော်မတီရုံးတွင် ဧပြီ ၉ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းအသင်းများနှင့် ပူးပေါင်းကာ ကားလက်မှတ် အခက်အခဲရှိသူများအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီအနေဖြင့် သင်္ကြန်ကာလအတွင်း၌ ခရီးသွားပြည်သူများအတွက် မလိုလားအပ်သည့် ဆိုးကျိုးများနှင့် မှောင်ခိုရောင်းချမှုများ မဖြစ်ပေါ်စေရန် အွန်လိုင်း စနစ်ဖြင့် ကားလက်မှတ် ကြိုတင်မှာယူမှုများအား ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း မန္တလေးမြို့မှ ပြေးဆွဲမည့် ယာဉ်အစီးရေကို ဧပြီ ၉ ရက်မတိုင်မီ သိရှိစေရန် မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်လိုင်းအသင်းများထံမှ စာရင်းများကောက်ယူသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများမှ မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ယာဉ်အသင်းပေါင်း ၅၀၀ ကျော်ဖြင့် ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသက်မပြည့်သည့် အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ်ရောင်းချသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

တနှစ်အတွင်းလူကုန်ကူးမှု ၆၇ မှုရှိခဲ့ရာတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းဖြစ် ပဲခူးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းရန် ရောင်းချခဲ့သည့် အမျိုးသမီးကို ထောင်ဒဏ် (နှစ် ၂၀) ချမှတ်လိုက်သည်။ ပဲခူးခရိုင်တရားရုံးက လူကုန်ကူးပုဒ်မဖြင့် (ဇွန်၃၀)ရက်က ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်တွင် ပဲခူးမြို့ ဥဿာမြို့သစ်၌နေသည့် ထိုပြစ်ဒဏ်ကျခံရသည့် အမျိုးသမီးသည် ပဲခူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ စားပွဲထိုးလုပ်ကိုင်နေသည့် အသက်မပြည့်သေးသော အမျိုးသမီးငယ်ကို ရန်ကုန်၌ တရုတ်အမျိုးသားတစ်ဦးနှင့် ရက်တိုပေါင်းသင်းနေထိုင်ရန် ငွေကျပ်သိန်း ၅၀ ရရှိနိုင်မည်ဟု စည်းရုံးခဲ့ခြင်း...

စစ်တောင်းမြစ်ရေနှင့်ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေ

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည်စိုးရိမ်ရေမှတ်အောက်၏ ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ကြောင့် မဒေါက်မြို့နှင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့်...

မှတ်ပုံတင်စမတ်ကတ် ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား

မှတ်ပုံတင် စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးသည့် လုပ်ငန်းကို ယနေ့ (ဇူလိုင် ၄ ရက်)ကစပြီး ယာယီရပ်နားထားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဌာနက ထုတ်ပြန်ထားသည်။ e-ID စနစ်ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက် Server Maintenance လုပ်ငန်းများ ယနေ့မှစ လူပ်ဆောင်ရမည် ဖြစ်သောကြောင့် ထိုသို့ရပ်နားထားခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။ ထိုသို့ ဆောင်ရွက်နေသည့် ကာလအတွင်း မြို့နယ်ရုံးများ၌ UID နံပါတ်ရယူခြင်း၊ အွန်လိုင်းမှကိုယ်ရေး အချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းစသည့် လုပ်ငန်းများလည်း ယာယီရပ်ဆိုင်းထားမည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071