Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeCelebrities' Newsဝါတွင်း မင်္ဂလာဆောင်ရင် ခိုက်တတ်တယ်'အယူအဆကို...

ဝါတွင်း မင်္ဂလာဆောင်ရင် ခိုက်တတ်တယ်’အယူအဆကို ချေဖျက်ပစ်လိုက်တဲ့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ မင်္ဂလာမောင်နှံ

ZAW_7881

ပရိသတ်က ရုပ်ရှင်မင်းသားကြီး ကျော်သူ၊ ပရဟိတတွေလုပ်တဲ့ ပရဟိတသမားကြီး ကျော်သူအဖြစ် သိကြ၊ချစ်ကြတဲ့ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူနဲ့ သူ့ရဲ့ ချစ်ဇနီး ဒေါ်ရွှေဇီးကွက်တို့ဟာ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ရက်နေ့ က မင်္ဂလာသက်တမ်း၃၆နှစ်ပြည့် ခဲ့တာ ဖြစ်ပါတယ်။ နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ အသင်းသူ၊ အသင်းသားတွေ၊ သူငယ်ချင်း မိတ် ဆွေတချို့နဲ့ ပြုလုပ်ခဲ့တဲ့ ဦးကျော်သူ တို့ရဲ့ မင်္ဂလာသက်တမ်း ၃၆နှစ်ပြည့် အထိမ်းအမှတ်ပွဲကို သွားရောက်ရင်း ဦးကျော်သူကို အင်တာဗျူးဖြစ်ခဲ့ပါ တယ်။ လွန်ခဲ့တဲ့ ၃၆နှစ်က ရန်ကုန် တက္ကသိုလ်မှာ စာမေးပွဲ တဘုန်းဘုန်း ကျ၊ ဆေးစွဲနေတဲ့သူ့ကို ဒေါ်ရွှေဇီး ကွက်တို့ မိဘတွေက သဘောမတူလို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ကား တင်ခိုးပြေးခဲ့ရတဲ့ တစ်ချိန်က အမှတ် တရဖြစ်ဖွယ်အကြောင်းတွေကို ဦး ကျော်သူက ပြန်ပြောင်းပြောပြပါ တယ်။ သူတို့တွေ ၃၆နှစ်ကျော်ကြာ လက်တွဲလာခဲ့နိုင်တာ မေတ္တာတရား ကအဓိက ကျတယ်ဆိုပေမယ့် တခြား ဘယ်အရာတွေကြောင့် အချိန်တွေ အကြာကြီး လက်တွဲနိုင်ခဲ့တာလဲဆိုတဲ့ အပေါ်ကို ဦးကျော်သူက အခုလို ပြောပြပါတယ်။

“အိမ်ထောင်ကျတယ်ဆိုက တည်းက ဘဝပေးရေစက်လို့ဆိုမလား၊ ပဋ္ဌာန်းဆက်လို့ပဲပြောမလားပေါ့။ သို့သော် အိမ်ထောင်ကျတယ်ဆိုပြီး စိတ်ဓာတ်တွေ တူတယ်လို့တော့ မထင်နဲ့။ ကျွန်တော်က ဒီအစား အစာကြိုက်ရင် သူကဟိုဟာကြိုက် တယ်။ သူကြိုက်တဲ့ဟာ ကျွန်တော် မကြိုက်ဘူး။ တစ်ခုမှ အကြိုက်ချင်း တူတာ မရှိခဲ့ဘူး။ သို့သော် ဘယ်နေ ရာမှာ သွားတူလဲဆိုတော့ ကျွန်တော် လည်း ဘာသာရေးလုပ်ရတာ ဝါသနာ ပါတယ်။ သူလည်း တရားဓမ္မနဲ့ မွေ့ လျော်တယ်။ ဘာသာရေးတောင်မှ သူနဲ့ကျွန်တော်နဲ့က ချွတ်စွတ်တူတာ မဟုတ်ဘူး။ သူက ဝိပဿနာ၊ ကျွန်တော် က သမထ။ သို့သော် သမထပဲဖြစ် ဖြစ်၊ ဝိပဿနာပဲဖြစ်ဖြစ် နောက်ဆုံး ပန်းတိုင်က နိဗ္ဗာန်ပဲလေ။ နောက်ပြီး ပရဟိတလုပ်တဲ့နေရာမှာ ဝါသနာတူ တယ်။ သူ့ရဲ့တိုက်တွန်းမှုကြောင့်ပဲ ကျွန်တော် ပရဟိတကို စလုပ်ဖြစ် တာ။ ဒီဟာတွေ တူတဲ့အတွက် ကျွန်တော်တို့က ရေရှည်တွဲလို့ရတာ ပါ” လို့ သိရပါတယ်။

ကျွန်မက ကိုကျော်သူထက် ၁၁လကြီးပါတယ် လို့ဆိုတဲ့ ဒေါ်ရွှေ ဇီးကွက် ပြောသွားတဲ့အထဲမှာ မှတ် သားစရာတွေကလည်း အပြည့်ပါ။ ဝါတွင်းကြီး မင်္ဂလာဆောင်တဲ့အခါ မှာ ခိုက်တတ်တယ်၊ အိမ်ထောင်ရေး အဆင်မပြေနိုင်ဘူးဆိုတဲ့ အယူအဆ တွေကို သူတို့ ဇနီးမောင်နှံကနေ ချေ ဖျက်ပစ်လိုက်တာပါ။

“ကျွန်မတို့ လက်တွေ့မှာပဲ အခု Anniversary လုပ်တော့အချိန်ကို ကြည့်လိုက် ဝါတွင်းကြီးမှာပေါ့ နော်။ ကိုကျော်သူကလည်း ကားတင်ပြေး တာဆိုတော့ ဝါတွင်းတွေဘာတွေ မသိခဲ့ဘူးပေါ့။ ရက်တွေဘာတွေ တွက်ခဲ့တာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ယူလိုက်ကြတာပေါ့။ ငယ်ငယ်တုန်းက ရှက်တာပေါ့။ မြန်မာ့ရိုးရာဝါတွင်း ကြီးလက်ထပ်ခဲ့တာဆိုတော့လေ။ ဒါပေမဲ့ ကျွန်မတို့ ဓမ္မတွေလေ့လာတဲ့ အခါမှာ ပါမောက္ခ ချုပ်ဆရာတော်ကြီး ဆိုရင်လည်း ဟောပါတယ်။ ကျွန်မတို့ က ဓမ္မနဲ့ရိုးရာအရိုး ရောနေတာပေါ့ လေ။ ဝါတွင်း လက်မထပ်ကောင်း ဘူးဆိုတာ ရှေးတုန်းက ရိုးရာပေါ့။ အဲဒီလိုမျိုးကနေ စွဲလာတော့ ဝါတွင်း လက်ထပ်ရင်    ဒုက္ခရောက်မယ်ထင်ခဲ့ ကြတာပေါ့နော်။

ဒါပေမဲ့ အခုကျွန်မ တို့ အိမ်ထောင်သက် ၃၆နှစ်ရှိလာ ခဲ့ပါပြီ။ ကျွန်မတို့ အိမ်ထောင်ကွဲ တာမရှိခဲ့ဘူး။ သားသမီးတွေ ပညာ ရေး၊ ကျန်းမာရေး အကုန်ကောင်း တယ်။ ကုသိုလ်ရေးတွေ၊ ဘာသာ ရေးတွေအများကြီးလုပ်နိုင်တယ်ဆို တဲ့ အခြေအနေ ဖြစ်လာတယ်ဆို တာကောင်းတယ်လို့ပြောလို့ရတာ ပေါ့နော်။ အဲဒီမှာ ကျွန်မသွားတွေ့ တာက အဓိကက ကိုယ်ပါပဲ။ ကောင်း တာလုပ်ကြမယ်၊ အကုသိုလ်တွေ ကိုရှောင်ကြမယ်ဆိုရင် ကောင်းတာ တွေဖြစ်လာမှာပါပဲ” လို့ဒေါ် ရွှေဇီး ကွက်ကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071