Saturday, July 5, 2025

ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ...

ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို နေ့စဉ်ကူးသန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန်အတွက် ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ ပြေးဆွဲပေးလျက်ရှိကြောင်းဒလမြို့နယ် စက်တပ်ရေယာဉ်ကြီးကြပ်‌ရေးအဖွဲ့မှ သိရသည်။ ရန်ကုန်မြစ်အတွင်းပြေးဆွဲပေးနေသည့် သမ္ဗန်ရေယာဉ်များကို...

MAI ၏ဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥...

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍MAI မှ ပြေးဆွဲပေးနေသောဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 လေဆိပ်အသစ်သို့ ပြောင်းရွှေ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ MAI...

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...
HomeNewsLocal Newsလှည်းတန်းတွင် နေအိမ်ဖောက်ထွင်းခံရမှုကြောင့် iPhone...

လှည်းတန်းတွင် နေအိမ်ဖောက်ထွင်းခံရမှုကြောင့် iPhone များအပါအဝင် ငွေကျပ် သိန်း (၁၀၀) ခန့်ပါသွား

ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း ၊ ခိုင်ရွှေဝါလမ်းရှိ (၅)လွှာ လူနေတိုက်ခန်းကို နောက်ဖေး အရေးပေါ်လှေကားမှဝင်၍ ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူမူဖြစ်သွားကြောင်း သိရသည်။

ဖောက်ထွင်းခံရမှုကြောင့် iPhone များအပါအဝင် ငွေကျပ်သိန်း (၁၀၀) ခန့်ပါသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ အကုန်ပါသွားပါတယ်။ အိမ်မှာ လူခုနှစ်ယောက် အိပ်ပါတယ်။ တိုက်ခန်း(၅)လွှာကို တက်ခိုးတာပါ၊ ညကအိမ်မှာလူခုနှစ်ယောက်အိပ်ပါတယ်။ တစ်ယောက်မကျန် ဖုန်းတွေအကုန်ခိုးသွားပါတယ်။ ညီမမောင်လေး မြင်လိုက်ပေမဲ့ လုံးဝပြန်အိပ်ပျော်သွားပါတယ်။ အိပ်မွေ့ချခံရတယ်လို့ထင်ပါတယ်။နားက နားကပ်ကိုတောင် ဖြုတ်ယူသွားတဲ့ အထိပါ” ဟု ဖောက်ထွင်းခံရသည့် နေအိမ်မှ မိသားစုဝင်တစ်ဦးက အသိပေးထားသည်။

ထိုသို့ ဖောက်ထွင်းခံရမှုကြောင့် iPhone 14 pro -128၊ iPhone 11pro max -256၊ iPhone 11 -128၊ iPhone 12 -128၊ Oppo ၊ Samsung A15၊ Vivo Y21 စုစုပေါင်း ဖုန်း (၇) လုံးပါသွားပြီး လက်ဝတ်လက်စားများနှင့် စုစုပေါင်း ကျပ်သိန်း ၁၀၀ ဖိုးခန့် ပါသွားကြောင်း သိရသည်။

နေအိမ် ဖောက်ထွင်းသူများသည် ယင်းတို့မလိုချင်သည့် အရာများအား အနောက်ဘက်လှေကားတွင် ပြန်ချသွားခဲ့ပြီး မင်္သကာစရာ လာရောက်ရောင်းမှုများရှိပါက 09750811603 သို့ ဆက်သွယ်ပေးပါရန်လည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ ပြေးဆွဲပေးလျက်ရှိ

ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို နေ့စဉ်ကူးသန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန်အတွက် ရန်ကုန်-ဒလကူး သမ္ဗန်များကို နေ့စဉ် ရပ်နားခြင်းမရှိ ပြေးဆွဲပေးလျက်ရှိကြောင်းဒလမြို့နယ် စက်တပ်ရေယာဉ်ကြီးကြပ်‌ရေးအဖွဲ့မှ သိရသည်။ ရန်ကုန်မြစ်အတွင်းပြေးဆွဲပေးနေသည့် သမ္ဗန်ရေယာဉ်များကို နေ့စဉ် မနက်(၄)နာရီမှ ည(၁၀)နာရီအထိ ရပ်နားခြင်းမရှိဘဲ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းနှင့် ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁) ဆိပ်တို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ ပုံမှန်ကူးသန်း သွားလာလျက်ရှိသည်။ ယခုအခါ ရန်ကုန်-ဒလမြစ်ကူးတံတားကြီးကိုလည်းတည်ဆောက်နေပြီး ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင် ပြီးစီးရန်မျှော်မှန်းထားကြောင်းလည်း သိရသည်။

MAI ၏ဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 လေဆိပ်အသစ်သို့ ပြောင်းရွှေ့ပြေးဆွဲမည်

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍MAI မှ ပြေးဆွဲပေးနေသောဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 လေဆိပ်အသစ်သို့ ပြောင်းရွှေ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ MAI ၏ ဖနွမ်းပင်မြို့သို့ဆိုက်ရောက်မည့်ခရီးစဉ်များနှင့် ဖနွမ်းပင်မြို့မှထွက်ခွာမည့်အားလုံးကို Phnom Penh International Airport (PNH) အစား အဆင့်မြင့်လေဆိပ်ဖြစ်သည့် Techco International Airport (KTI) တွင် ပြောင်းလဲဆင်းသက်/ထွက်ခွာပျံသန်းသွားမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားထားသည်။ MAI နှင့်အတူ အခက်အခဲမရှိ အဆင်ပြေချောမွေ့သည့်ခရီးစဥ်ဖြစ်စေရန်အတွက်လေဆိပ်သို့ အနည်းဆုံး ၃ နာရီ ကြိုတင်ရောက်ရှိခြင်းနှင့် လေဆိပ်ဆိုင်းဘုတ်ညွှန်ကြားချက်များကို...

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား ပြန်လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇူလိုင် ၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပြီးနောက် ရာပြည့်အဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပထမအဆင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။ အဆိုပါ လယ်ယာစက်မှုဌာနအဆောက်အအုံ(ရာပြည့်အဆောက်အအုံ)အား ၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးရေးကျောင်းသစ်အဖြစ်ဆောက်လုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းစသည့် လယ်ယာလုပ်ငန်းသုံးစက်မှုပညာရပ်များကို သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့်သင်ကြားပေးခဲ့သည့်နေရာဖြစ်သည်။ ယင်း အဆောက်အအုံကြီးအား သာသနာရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071