Saturday, May 17, 2025

ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ၏ ဒေါ်လာ ၁...

ဂေါက်ကွင်းများ၊ ဟိုတယ်များနှင့် အိမ်ခြံမြေစီမံကိန်းများတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမည့် ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီတစ်ခု၏ အစီအစဉ်ကို ဗီယက်နမ်အစိုးရက အတည်ပြုချက်ပေးလိုက်သည်ဟု...

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ...

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University...
HomeNewsLocal Newsလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူများထဲတွင်...

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပြန်လည် လွတ်မြောက်

ဇန်နဝါရီ (၄) ရက်တွင် အကျဉ်းသား (၇၀၁၂) ဦးကို ပြစ်ဒ ဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် ပုဒ်မ ၅၀၅ အ ပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် အမှုဖွင့် ထောင်ချခံထားရသူအချို့သာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

နစက က (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအ မှတ်အနေဖြင့် အကျဉ်းသား (၇၀၀၀) ကျော်ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အ ကျဉ်းသားဦးရေမှာ အနည်းငယ်သာ ရှိနေကြောင်း နီးစပ်သူများထံမှ သိရသည်။

” များသော အားဖြင့်က အခြားအမှုတွေနဲ့ ပေါ့နော် ။ နိုင်ငံ ရေးအမှုတွေက အနည်းငယ်လောက်ပဲ ပြန်ပါလာတာတွေ့ရတယ်။ ၅၀၅ အမှုထဲက တချို့တဝက် ပြန်လွတ်လာတာတော့ တွေ့ရတယ် ” ဟု အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသည့် မိသားစုဝင် တစ်ဦးကို လာရောက်စောင့်‌ဆိုင်းသူ တစ်ဦးက ပြောသည်။

ပြန်လည် လွတ်မြောက်လာသူ အများစုမှာ လွတ်ရက်စေ့ရန် (၁) နှစ်အောက် ကျန်သူအများစုဖြစ်ပြီး အဆိုပါ လွတ်မြောက်လာသူများထဲတွင် ဝါရင့် နိုင်ငံရေး သမား အချို့လည်း ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရသည်။

သာသနာရေးဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ၃ရက် နေ့ ညပိုင်းကပင် ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်သို့ လိုက်ပါပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ များထဲတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၊ NLD ပါ တီမှ ဦးထင်လင်းဦး၊ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဌာနမှူး ဒေါက်တာအာကာမိုးသူနှင့် ဆန္ဒပြ ကျောင်းသားအချို့ပါဝင်လာပြီး ချုပ်ရက် (၁) နှစ်အထက် ကျန်နေသူ များ အများစု ကျန်ရှိနေသေးကြောင်း သိရသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှလည်း ကျောင်းသားခေါ င်းဆောင် ကိုအောင်မှိုင်းဆန်းနှင့် ကိုညီညီကျော်တို့ ပြန် လည် လွတ်မြောက်လာကြောင်း သိရသည်။

ထို့အပြင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံ ထားရသည့် ကချင်အမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ဒေါက် တာ M ကောန်လလည်း မြစ်ကြီးနား အကျဉ်းထောင်မှ ယ နေ့ နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ထို့အပြင် ထိန်းသိမ်းခံထားရသည့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဧဒင် ဦးချစ်ခိုင် ၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့လည်းလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ၏ ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံမှုကို ဗီယက်နမ် ခွင့်ပြု

ဂေါက်ကွင်းများ၊ ဟိုတယ်များနှင့် အိမ်ခြံမြေစီမံကိန်းများတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမည့် ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီတစ်ခု၏ အစီအစဉ်ကို ဗီယက်နမ်အစိုးရက အတည်ပြုချက်ပေးလိုက်သည်ဟု နိုင်ငံပိုင် Tuoi Tre သတင်းစာက သောကြာနေ့တွင် သတင်းဖော်ပြခဲ့သည်။ မြေ ၂,၄၄၆ ဧကပေါ်တွင် စီစဉ်ထားသော အဆိုပါ ပရောဂျက်တွင် ဂေါက်ကွင်းများ၊ အပန်းဖြေစခန်းများ၊ ဟိုတယ်များနှင့် ခေတ်မီလူနေအိမ်ရာစီမံကိန်းတို့ ပါဝင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုသည် ယခုသုံးလပတ်မှ စတင်ကာ ၂၀၂၉ ခုနှစ် ဒုတိယသုံးလပတ်အထိ လည်ပတ်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ရကြောင်း ဒုတိယဝန်ကြီးချုပ် Tran...

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းလည်း ကျဆင်းလာ

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည်လည်း တစ်လီတာလျှင် (၇၅) ကျပ်မှ (၁၂၅) ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။ ထို့ပြင် ဒေသအလိုက် စက်သုံးဆီလိုအပ်ချက် ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင်...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌ ကိုကင်း ၁ ဒသမ ၂ တန်နှင့် ခရစ်စတယ်မက်သာဖက်တမင်း ၇၀၀ ကီလိုဂရမ်ကိုသယ်ဆောင်လာခဲ့ကြောင်းသိရသည်။ အဆိုပါသင်္ဘောသည် ငါးဖမ်းသင်္ဘောအသွင်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းအလံတင်သင်္ဘောဖြစ်သည်ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောပေါ်၌တင်ဆောင်လာသည့်မူးယစ်ဆေးများကို လက်ဖက်ခြောက်အထုပ်များထဲတွင်ဝှက်ကာ သယ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။ သင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့်မြန်မာနိုင်ငံသားလေးဦးပါဝင်ပြီး ၎င်းတို့သည် တရားဝင်ခရီးသွားလာခွင့်အထာက်အထားစာရွက်စာတမ်းများလည်း မပြည့်စုံကြဟု သိရသည်။ "ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အခုသင်္ဘောဟာ ငါးဖမ်းတာအတွက်မဟုတ်ပဲ မှောင်ခိုလုပ်ငန်းအတွက်သာအသုံးပြုတယ်ဆိုတာသိသာပါတယ်၊ ဒါကြောင့် အင်ဒိုပြည်သူတွေမထိခို-က်ရဖို့ အခုလိုအချိန်မီဖမ်းဆီးအရေးယူနိုင်ဖို့ကလိုအပ်ပါတယ်" ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071