Saturday, July 5, 2025

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်...

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ...
HomeInternationalလေအေးတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေး၊ ရုရှားမီးတောင်ပေါ်တက်သူ...

လေအေးတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေး၊ ရုရှားမီးတောင်ပေါ်တက်သူ ၆ ဦးသေဆုံး

လေအေးတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေး၊ ရုရှားမီးတောင်ပေါ်တက်သူ ၆ ဦးသေဆုံး

ကန်ချက်စကီ၊စက်တင်ဘာ ၄
ရုရှားနိုင်ငံအရှေ့ဘက်စွန်းရှိ ကလာယုချက်စကီရာဆော့ပ်ကာ မီးတောင်ပေါ်၌ လူခြောက်ဦးသေဆုံးခဲ့ပြီး နောက်ထပ် ခြောက်ဦးအား ကယ်ဆယ်ရန်ကြိုးပမ်း‌နေစဉ် စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့တွင် အေးခဲနေသောလေပြင်းများတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးကြိုးပမ်းမှုများ ရပ်တန့်သွားခဲ့ကြောင်းသိရသည်။
လမ်းပြနှစ်ဦးပါ၀င်သည့် ၁၂ ယောက်အဖွဲ့သည်အင်္ဂါနေ့က ၄,၇၅၄ မီတာရှိသောမီးတောင်ပေါ်သို့တက်ရန်ထွက်ခွာခဲ့သော်လည်းစနေနေ့တွင် အဖွဲ့ထဲမှအချို့သည်မီတာ ၄,၂၀၀ နီးပါးတွင် ပြုတ်ကျသေဆုံးသွားသောအခါတွင် ပြဿနာတက်ခဲ့သည်ဟုအာဏာပိုင်များကပြောကြားခဲ့သည်။သူတို့ထဲက လူတစ်ယောက်ကတော့ ခြေထောက်ကျိုးသွားတယ်လို့ယူဆရပါတယ် ဟုဆိုကြသည်။
ကယ်ဆယ်ရေးသမားများက တနင်္ဂနွေနေ့၌ ၎င်းတို့ထံရောက်ရှိရန် ကြိုးပမ်းခဲ့သော်လည်း လေပြင်းများကရဟတ်ယာဉ် မဆင်းနိုင်အောင် တားဆီးထားသဖြင့် နောက်ပြန်လှည့်ခဲ့ရသည်ဟုဆိုသည်။
“၎င်းတို့သည်အမြင့် ၃၃၀၀ မီတာတွင် ဆင်းသက်ရန်စီစဉ်ထားကာ တစ်စက္ကန့်လျှင် မီတာ ၃၀ နှုန်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နာရီအနည်းငယ်ခြားကာ နှစ်ကြိမ် ကြိုးစားခဲ့‌သော်လည်း မအောင်မြင်ခဲ့ကြောင်း” ကယ်ဆယ်ရေးသမားများကပြောကြားခဲ့သည်။တောင်ပေါ်ရှိ အပူချိန်သည် ညတွင်းချင်း အနှုတ် ၁၄ ဒီဂရီစင်တီဂရိတ်အထိ နိမ့်နိုင်သည်ဟုလည်းဆိုကြသည်။
ဒေသန္တရအရပ်ဘက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့မှကိုယ်စားလှယ် Tatyana Yukhmanova က ကယ်ဆယ်ရေးသမားများသည် ရာသီဥတုအခြေအနေအရ ခွင့်ပြုပါက မနက်ဖြန်တွင် ပိတ်မိ‌နေသည့်အဖွဲ့ထံ ထပ်မံရောက်ရှိရန် ကြိုးစားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ကလာယုချက်စကီရာဆော့ပ်ကာသည် ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်တွင် နှင်းများထူထပ်သည့် တောင်တစ်လုံးဖြစ်ပြီး မီးတောင်ပေါင်း ၁၆၀ ကျော်တွင် အမြင့်ဆုံးဖြစ်သည်။၎င်း၏ထူးခြားသော သဘာဝအလှ‌ေကြာင့်ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ် လာသည်။
နှင်းများနှင့်ရေခဲများ ရောနှောကာ မီးတောင်ကျောက်ဆောင်များဖြင့် ဖွဲ့စည်းထားသည့်တောင်ကို ကယ်ဆယ်ရေးသမားများက ၎င်း၏အမြင့်နှင့်မီးတောင် ၏ပေါက်ကွဲနိုင်သည့် အန္တရာယ်ကြောင့် တောင်တက်သမားများအတွက် အထူး အန္တရာယ်ဟုယူဆကြောင်း ကယ်ဆယ်ရေး သမားများကသတိပေးထားသည်။
Source – Reuters/gr

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား ပြန်လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇူလိုင် ၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပြီးနောက် ရာပြည့်အဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပထမအဆင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။ အဆိုပါ လယ်ယာစက်မှုဌာနအဆောက်အအုံ(ရာပြည့်အဆောက်အအုံ)အား ၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးရေးကျောင်းသစ်အဖြစ်ဆောက်လုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းစသည့် လယ်ယာလုပ်ငန်းသုံးစက်မှုပညာရပ်များကို သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့်သင်ကြားပေးခဲ့သည့်နေရာဖြစ်သည်။ ယင်း အဆောက်အအုံကြီးအား သာသနာရေးနှင့်...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက် ညနေပိုင်းက လှေလုံးကွဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသန့်ဇော်ဦးသည်လယ်ယာလုပ်ငန်းခွင်ကအပြန် နေအိမ်အရှေ့ချောင်းစပ်တွင် အလျား ၁၅ပေခန့် ဗျပ်သုံးပေခန့်မိကျောင်းတစ်ကောင်က ရေထဲသို့ဆွဲချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။ ထိုနောက် ဇူလိုင် ၃ရက်နေ့တွင်လည်း ညနေ ၃နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင်ကို ရွာကင်းတဲတံတားအနီး ရေချိုးဆင်းချိန် မိကျောင်းက ထပ်မံ ဆွဲချသွားကြောင်း...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးများကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေရန် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071